သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်မှုရင်ဆိုင်ရေး ကန်ကိုကူညီဖို့ အာရှခရီးစဉ်တွင်း ဝန်ကြီး Pompeo တောင်းဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc တို့ ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ တွေ့ဆုံခဲ့တဲ့ မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc တို့ ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ တွေ့ဆုံခဲ့တဲ့ မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီကနေ့မှာ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပြီးတော့ သူ့ရဲ့ အာရှခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ ဝန်ကြီး ပွန်ပီယိုရဲ့ ဒီအာရှခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်က လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုကို ကူညီဖို့ ထပ်တလဲလဲတောင်းဆိုသွားခဲ့ပါတယ်။

ဝန်ကြီးပွန်ပီယိုဟာ အစောပိုင်းက သီရိလင်္ကာ၊ အိန္ဒိယ၊ မော်လ်ဒိုက်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုပဲ သွားဖို့စီစဉ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ဗီယက်နမ်နိုင်ငံခရီးစဉ်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးပွန်ပီယိုဟာ ဒီခရီးစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အရှေ့တောင်အာရှ၊ အာရှ နဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဘေးကင်းလုံခြုံပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒေသဖြစ်လာအောင် ဆက်ပြီးတော့ အတူတကွလက်တွဲပြီး ဆက်ဆံရေးတည်ဆောက်သွားဖို့ မျှော်လင့်ထားတယ်လို့ ဝန်ကြီးပွန်ပီယိုက ဗီယက်နမ်နိုင်ငံမှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ တရုတ်အစိုးရရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို လက်မခံဘဲ ဆန့်ကျင်ဖို့နဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ စီးပွားရေးသဘောတူညီမှုတွေကို ပြန်သုံးသပ်ဖို့ ဝန်ကြီးပွန်ပီယိုက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံကို နာမည်တပ် ပြောဆိုသွားတာတော့ မဟုတ်ပါဘူး။

တရုတ်နိုင်ငံကတော့ အမေရိကန်အနေနဲ့ အဲဒီလိုမျိုး အကြောင်းမဲ့ စွပ်စွဲပြောဆို တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်ကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီး ပြောနေတဲ့အပေါ်မှာ ဗီယက်နမ်နိုင်ငံက အဓိကစိုးရိမ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG