သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အေရး တ႐ုတ္အရာရွိေလးဦးကို ကန္အေရးယူဒဏ္ခတ္


ဆႏၵျပသူတခ်ိဳ႕ကို ေဟာင္ေကာင္မွာ ေတြ႔ရ။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဌာန တာဝန္ရွိသူ တ႐ုတ္အရာရွိ ၄ ေယာက္ကို အေမရိကန္က အေရးယူဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္ကို ဖိႏွိပ္မႈေတြ လုပ္ေဆာင္ရာမွာ သူတို႔ ၄ ဦးက အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနတဲ့ အတြက္ အခုလို အေရးယူဒဏ္ ခတ္လိုက္တာျဖစ္ပါတယ္လို႔ ႏိုင္ငံျခားေရး၀န္ႀကီး Pompeo အမည္နဲ႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါတယ္။ သူတို႔ ၄ ေယာက္က တ႐ုတ္ျပည္မႀကီးက ခ်မွတ္ထားတဲ့ အမ်ိဳးသားလုံၿခဳံေရး ဥပေဒကို အေကာင္အထည္ေဖာ္ရာမွာ ပါဝင္သူေတြျဖစ္ၿပီး ေဟာင္ေကာင္ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ လြတ္လပ္ခြင့္ကို ၿခိမ္းေျခာက္ေနသူေတြျဖစ္တယ္လို႔ အဲဒီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေၾကညာခ်က္အရ သူတို႔ ၄ ေယာက္ကို အေမရိကန္ႏိုင္ငံကို ခရီးသြားလာခြင့္ပိတ္ပင္လိုက္သလို အေမရိကန္ႏိုင္ငံတြင္းက သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြကိုလည္း ထိန္းခ်ဳပ္ တားျမစ္ထားပါတယ္။ ေဟာင္ေကာင္ျပည္သူေတြရဲ႕ ဒီမိုကေရစီနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ထိပါးေအာင္လုပ္ေဆာင္ရာမွာ အဓိက ပါဝင္ေနသူေတြတာဝန္ယူ တာဝန္ယူမႈ ရွိလာေစဖို႔ အေမရိကန္က အခုလိုလုပ္ေဆာင္တာလည္း ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

ဒီလိုအေမရိကန္က အေရးယူဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္တဲ့အေပၚ ဒါက လုံးဝလက္ခံႏိုင္စရာမရွိဘူးလို႔ ေဟာင္ေကာင္ အတြင္းဝန္ခ်ဳပ္ Matthew Cheung က အဂၤါေန႔မွာတုံ႔ျပန္ပါတယ္။ ဒါဟာ အေမရိကန္အေနနဲ႔ ႏိုင္ငံျပည္တြင္းေရးကို ၾကားဝင္ေႏွာက္ယွက္တာျဖစ္တယ္လို႔လည္း Cheung ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ေဟာင္ေကာင္အေပၚ အမ်ိဳးသားလုံၿခဳံေရး ဥပေဒတရပ္ကို ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ အေရးယူဒဏ္ခတ္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္က သတိေပးထားၿပီး ၾသဂုတ္လတုန္းကလည္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႈး Carrie Lam နဲ႔ တျခား တာဝန္ရွိသူ အရာရွိေတြကို အေမရိကန္က အေရးယူဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်အရေး တရုတ်အရာရှိလေးဦးကို ကန်အရေးယူဒဏ်ခတ်

ဟောင်ကောင်အမျိုးသားလုံခြုံရေးဌာန တာဝန်ရှိသူ တရုတ်အရာရှိ ၄ ယောက်ကို အမေရိကန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကို ဖိနှိပ်မှုတွေ လုပ်ဆောင်ရာမှာ သူတို့ ၄ ဦးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အတွက် အခုလို အရေးယူဒဏ် ခတ်လိုက်တာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo အမည်နဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ သူတို့ ၄ ယောက်က တရုတ်ပြည်မကြီးက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို အကောင်အထည်ဖော်ရာမှာ ပါဝင်သူတွေဖြစ်ပြီး ဟောင်ကောင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသူတွေဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်အရ သူတို့ ၄ ယောက်ကို အမေရိကန်နိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်သလို အမေရိကန်နိုင်ငံတွင်းက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ် တားမြစ်ထားပါတယ်။ ဟောင်ကောင်ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးအောင်လုပ်ဆောင်ရာမှာ အဓိက ပါဝင်နေသူတွေတာဝန်ယူ တာဝန်ယူမှု ရှိလာစေဖို့ အမေရိကန်က အခုလိုလုပ်ဆောင်တာလည်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီလိုအမေရိကန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အပေါ် ဒါက လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ဟောင်ကောင် အတွင်းဝန်ချုပ် Matthew Cheung က အင်္ဂါနေ့မှာတုံ့ပြန်ပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ နိုင်ငံပြည်တွင်းရေးကို ကြားဝင်နှောက်ယှက်တာဖြစ်တယ်လို့လည်း Cheung ကပြောပါတယ်။

တရုတ်နိုင်ငံက ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေး ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အရေးယူဒဏ်ခတ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အမေရိကန်က သတိပေးထားပြီး သြဂုတ်လတုန်းကလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှုး Carrie Lam နဲ့ တခြား တာဝန်ရှိသူ အရာရှိတွေကို အမေရိကန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG