သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ ေနာက္ပုိင္းကူးစက္ေနတဲ့ ကုိဗစ္ေရာဂါပုိးက လက္ရွိကာကြယ္ေဆး တုိးမတုိး စမ္းသပ္ေန


လန္ဒန္ၿမိဳ႕ ေဆး႐ုံတခုမွာ ကုိဗစ္ကာကြယ္ေဆး ထုိးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံမွာ ဒီလထဲ ကူးစက္မႈႏႈန္း လွ်င္လွ်င္ျမန္ျမန္နဲ႔ ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ုိနာဗိုင္းရပ္စ္ ေရာဂါပိုးဟာ အခု အသစ္ထြက္လာတဲ့ ကာကြယ္ေဆးေတြ မတိုးတဲ့ အသြင္ေျပာင္း ကို႐ုိနာဗုိင္းရပ္စ္ပိုးသစ္ ဟုတ္မဟုတ္ သိရေအာင္ စေနေန႔က ၿဗိတိန္က သိပၸံပညာရွင္ေတြ အျပင္းအထန္ ႀကိဳးစားေနၾကပါတယ္။

ၿဗိတိန္ေတာင္ပိုင္း Kent ေကာင္တီမွာ ဒီဇင္ဘာလ ၁၃ ရက္ေန႔က ဒီပိုးကို စေတြ႔ခဲ့တာျဖစ္ၿပီး ၿဗိတိန္အစိုးရ သိပၸံပညာရွင္ေတြရဲ႕ ကနဦးေလ့လာခ်က္အရ ဒီပိုးဟာ လက္ရွိပိုးထက္ ကူးစက္မႈ ပိုျမန္တယ္လို႔ ေျပာပါတယ္။

ဒီ အသြင္ေျပာင္းပိုးကို VUI-202012/01 လို႔ အမည္ေပးထားပါတယ္။ ဒီပိုးဟာ ၿခိမ္းေျခာက္မႈရွိလာႏိုင္ေၾကာင္း သတိေပးခ်က္ေတြ တိုးလာခ်ိန္မွာပဲ ေသာၾကာေန႔ကေတာ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ဒီကိစၥကို ေဆြးေႏြးဖို႔ ဝန္ႀကီးေတြကို အေရးေပၚအစည္းအေဝး ေခၚယူခဲ့ပါတယ္။

စေနေန႔မွာေတာ့ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး အခုခ်ိန္အထိ ဒီပိုးအမ်ိဳးအစားသစ္ဟာ ကာကြယ္ေဆး မတိုးဘူးဆိုတဲ့ အေထာက္အထား တစံုတရာ မေတြ႔ရေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ဒီအသြင္ေျပာင္းပိုးနဲ႔ ပတ္သက္ၿပီး အခုထိ ေသေသခ်ာခ်ာ မသိရေသးဘူးလို႔လည္း ေျပာပါတယ္။ ဒီအသြင္ေျပာင္းပိုးဟာ လက္ရွိကူးစက္ေနတဲ့ ပိုးထက္ ၇၀ ရာခိုင္ႏႈန္းေလာက္ ပိုကူးစက္ႏိုင္စြမ္းရွိေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ၿဗိတိန္ အေရွ႕ေတာင္ပိုင္းေဒသနဲ႔ လန္ဒန္ၿမိဳ႕အတြက္ အသြားအလာ ကန္႔သတ္လိုက္ေၾကာင္းနဲ႔ ျပည္သူေတြ ေနအိမ္မွာပဲ ေနၾကဖို႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ မျဖစ္မေန ဖြင့္စရာမလိုတဲ့ ဆိုင္အားလံုး ပိတ္ထားဖို႔နဲ႔ လန္ဒန္ၿမိဳ႕ေတာ္ ဒါမွမဟုတ္ အေရွ႕ေတာင္ပိုင္း ေဒသအတြက္ အဝင္အထြက္ မလုပ္ဖုိ႔ပါ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဗြိတိန်မှာ နောက်ပိုင်းကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုးက လက်ရှိကာကွယ်ဆေး တိုးမတိုး စမ်းသပ်နေ

ဗြိတိန်နိုင်ငံမှာ ဒီလထဲ ကူးစက်မှုနှုန်း လျှင်လျှင်မြန်မြန်နဲ့ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ အခု အသစ်ထွက်လာတဲ့ ကာကွယ်ဆေးတွေ မတိုးတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ဟုတ်မဟုတ် သိရအောင် စနေနေ့က ဗြိတိန်က သိပ္ပံပညာရှင်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။

ဗြိတိန်တောင်ပိုင်း Kent ကောင်တီမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဒီပိုးကို စတွေ့ခဲ့တာဖြစ်ပြီး ဗြိတိန်အစိုးရ သိပ္ပံပညာရှင်တွေရဲ့ ကနဦးလေ့လာချက်အရ ဒီပိုးဟာ လက်ရှိပိုးထက် ကူးစက်မှု ပိုမြန်တယ်လို့ ပြောပါတယ်။

ဒီ အသွင်ပြောင်းပိုးကို VUI-202012/01 လို့ အမည်ပေးထားပါတယ်။ ဒီပိုးဟာ ခြိမ်းခြောက်မှုရှိလာနိုင်ကြောင်း သတိပေးချက်တွေ တိုးလာချိန်မှာပဲ သောကြာနေ့ကတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဒီကိစ္စကို ဆွေးနွေးဖို့ ဝန်ကြီးတွေကို အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

စနေနေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အခုချိန်အထိ ဒီပိုးအမျိုးအစားသစ်ဟာ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီအသွင်ပြောင်းပိုးနဲ့ ပတ်သက်ပြီး အခုထိ သေသေချာချာ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒီအသွင်ပြောင်းပိုးဟာ လက်ရှိကူးစက်နေတဲ့ ပိုးထက် ၇၀ ရာခိုင်နှုန်းလောက် ပိုကူးစက်နိုင်စွမ်းရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် ဗြိတိန် အရှေ့တောင်ပိုင်းဒေသနဲ့ လန်ဒန်မြို့အတွက် အသွားအလာ ကန့်သတ်လိုက်ကြောင်းနဲ့ ပြည်သူတွေ နေအိမ်မှာပဲ နေကြဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ မဖြစ်မနေ ဖွင့်စရာမလိုတဲ့ ဆိုင်အားလုံး ပိတ်ထားဖို့နဲ့ လန်ဒန်မြို့တော် ဒါမှမဟုတ် အရှေ့တောင်ပိုင်း ဒေသအတွက် အဝင်အထွက် မလုပ်ဖို့ပါ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG