သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ကေန ခရီးသြားလာမႈ ကိုဗစ္ေၾကာင့္ ႏိုင္ငံတခ်ဳိ႕ ပိတ္ပင္


လန္ဒန္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာေလဆိပ္ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ၿဗိတိန္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ မ်ိဳးဗီဇပိုးသစ္တခုကို စတင္ေတြ႔႐ွိခဲ့ၿပီးေနာက္ အဲဒီပိုးသစ္ကူးစက္မႈကို တားဆီႏိုင္ဖုိ႔ အိမ္နီးခ်င္း ဥေရာပႏိုင္ငံေတြက ၿဗိတိန္နဲ႔ ခရီးသြားလာမႈေတြကို ပိတ္ပင္ေနၾကပါတယ္။

ၿဗိတိန္ႏုိင္ငံထဲမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗုိင္းရပ္စ္ပိုးမ်ိဳးဗီသစ္တခုဟာ တုိင္းျပည္အတြက္ အႏၱရာယ္ျဖစ္တယ္လို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson စေနေန႔က သတိေပးေျပာၾကားလိုက္ၿပီးေနာက္မွာပဲျပင္သစ္၊ ဂ်ာမဏီ၊ အီတလီ၊ နယ္သာလန္၊ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယံ၊ အစၥေရးလ္နဲ႔ ကေနဒါနုိင္ငံက ခုလို ျပည္၀င္ခြင့္ကန္႔သတ္လိုက္တာပါ။ ၿဗိတိန္ကေနလာမယ့္ ခရီးသည္ေတြကို ဒီေန႔ တနလၤာေန႔ကစၿပီး တနလၤာေန႔မွာ ျပည္၀င္ခြင့္ကန္႔သတ္ပိတ္ပင္လိုက္တဲ့အျပင္ ေလယာဥ္ခရီးစဥ္ေတြလည္း ပယ္ဖ်က္လိုက္အတြက္ လန္ဒန္ၿမိဳ ႔ ဟီးသ႐ိုးေလဆိပ္မွာ ခရီးသည္ေတြလည္း အခက္အခဲနဲ႔ ႀကဳံေနရတာပါ။

ၿဗိတိန္က ၀င္လာမယ့္သူေတြကို ခုလိုပိတ္ပင္လိုက္တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ဥေရာပသမဂၢ EU ကေန လာမယ့္ရက္ပိုင္းအတြင္း အၿပီးသတ္ ႏုတ္ထြက္ေတာ့မယ့္ ၿဗိတိန္ႏုိင္ငံထဲက မိသားစုေတြေရာ ကုမၸဏီလုပ္ငန္းေတြရဲ ႔ အေျခအေနေတြ ကေမာက္ကမျဖစ္ကုန္ပါတယ္။၀န္ႀကီးခ်ဳပ္ Johnson ဦးေဆာင္ၿပီး ကိုဗစ္ အေရးေပၚတုံ႔ျပန္ေဆာင္ရြက္ေရး ကိစၥရပ္ေတြကို ဒီေန႔မွာေဆြးေႏြးမွာျဖစ္ၿပီး အျပည္ျပည္ဆုိင္ရာ ကုန္စည္အ၀င္အထြက္ကိစၥေတြကို အဓိကတုိင္ပင္ၾကမွာျဖစ္ပါတယ္။

ျပင္သစ္ႏုိင္ငံကလည္းၿဗိတိိန္ႏိုင္ငံက လူေတြေရာ ထရပ္ကား အ၀င္အထြက္ေတြကိုပါ ပိတ္လိုက္တဲ့အတြက္ ဥေရာပကိုဆက္သြယ္တဲ့ ၿဗိတိန္ႏုိင္ငံရဲ ႔ အေရးအႀကီးဆုံး ကုန္သြယ္ေရးပင္မလမ္းေၾကာင္းႀကီး ပိတ္သြားတာလည္းျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ Pfizer ကိုဗစ္ကာကြယ္ေဆးကို ခြင့္ျပဳ မျပဳဆိုတာကို အီးယူ ဥေရာပသမဂၢမွာ ဒီေန႔ သံုးသပ္ ေဆြးေႏြးမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗြိတိန်ကနေ ခရီးသွားလာမှု ကိုဗစ်ကြောင့် နိုင်ငံတချို့ ပိတ်ပင်

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပိုးသစ်တခုကို စတင်တွေ့ရှိခဲ့ပြီးနောက် အဲဒီပိုးသစ်ကူးစက်မှုကို တားဆီနိုင်ဖို့ အိမ်နီးချင်း ဥရောပနိုင်ငံတွေက ဗြိတိန်နဲ့ ခရီးသွားလာမှုတွေကို ပိတ်ပင်နေကြပါတယ်။

ဗြိတိန်နိုင်ငံထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးမျိုးဗီသစ်တခုဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson စနေနေ့က သတိပေးပြောကြားလိုက်ပြီးနောက်မှာပဲပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အစ္စရေးလ်နဲ့ ကနေဒါနိုင်ငံက ခုလို ပြည်ဝင်ခွင့်ကန့်သတ်လိုက်တာပါ။ ဗြိတိန်ကနေလာမယ့် ခရီးသည်တွေကို ဒီနေ့ တနင်္လာနေ့ကစပြီး တနင်္လာနေ့မှာ ပြည်ဝင်ခွင့်ကန့်သတ်ပိတ်ပင်လိုက်တဲ့အပြင် လေယာဉ်ခရီးစဉ်တွေလည်း ပယ်ဖျက်လိုက်အတွက် လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှာ ခရီးသည်တွေလည်း အခက်အခဲနဲ့ ကြုံနေရတာပါ။

ဗြိတိန်က ဝင်လာမယ့်သူတွေကို ခုလိုပိတ်ပင်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဥရောပသမဂ္ဂ EU ကနေ လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ် နုတ်ထွက်တော့မယ့် ဗြိတိန်နိုင်ငံထဲက မိသားစုတွေရော ကုမ္ပဏီလုပ်ငန်းတွေရဲ့ အခြေအနေတွေ ကမောက်ကမဖြစ်ကုန်ပါတယ်။ဝန်ကြီးချုပ် Johnson ဦးဆောင်ပြီး ကိုဗစ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဒီနေ့မှာဆွေးနွေးမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်စည်အဝင်အထွက်ကိစ္စတွေကို အဓိကတိုင်ပင်ကြမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကလည်းဗြိတိန်နိုင်ငံက လူတွေရော ထရပ်ကား အဝင်အထွက်တွေကိုပါပိတ်လိုက်တဲ့အတွက် ဥရောပကိုဆက်သွယ်တဲ့ ဗြိတိန်နိုင်ငံရဲ့ အရေးအကြီးဆုံး ကုန်သွယ်ရေးပင်မလမ်းကြောင်းကြီး ပိတ်သွားတာလည်းဖြစ်ပါတယ်။

တချိန်ထဲမှာပဲ Pfizer ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြု မပြုဆိုတာကို အီးယူ ဥရောပသမဂ္ဂမှာ ဒီနေ့ သုံးသပ် ဆွေးနွေးမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG