သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေဆး ၿဗိတိန္မွာ ဒီကေန႔ စထိုးမည္


လန္ဒန္ၿမိဳ႕ Royal Free ေဆးရံုမွာ ဒီဇင္ဘာလ ၄ ရက္ေန႔က က်န္းမာေရး၀န္ထမ္းကို COVID-19 ကာကြယ္ေဆးထိုး ေနစဥ္

ၿဗိတိန္ ႏုိင္ငံမွာ အဂၤါေန႔ကစလို႔ ႏုိင္ငံတ၀န္းကို ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆး စၿပီး ထိုးႏွံေပးေတာ့မွာ ျဖစ္ပါတယ္။ ၿဗိတိန္ က်န္းမာေရး ၀န္ႀကီး Matt Hancock ကေတာ့ အဂၤါေန႔ဟာ ေအာင္ပြဲေန႔လို႔ တနလာၤေန႔မွာ ေျပာဆိုသြားပါတယ္။

"UK တႏိုင္ငံလံုးကို ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြ ျဖန္႔ေ၀မယ့္ မနက္ျဖန္ဟာ ေအာင္ပြဲ ေန႔ ျဖစ္ပါတယ္။ ဒါဟာ ကပ္ေဘးေရာဂါကို အဆံုးသတ္ႏုိင္ေရး အတြက္ အစျဖစ္ပါတယ္" လို႔ က်န္းမာေရး ၀န္ႀကီးက တနလာၤေန႔မွာ ေျပာဆိုပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ႏုိင္ေျခ အေပၚ ကာကြယ္ေဆးရဲ႕ သက္ေရာက္မႈကို မသိရေသးေၾကာင္း၊ ဗိုင္းရပ္စ္ရဲ႕ ေဘးဒဏ္သင့္မႈ မရွိေအာင္ ကာကြယ္ေပးတာကိုေတာ့ သိတဲ႔ အေၾကာင္း ၀န္ႀကီးက ေျပာပါတယ္။

ကာကြယ္ေဆး စတင္ ျဖန္႔ခ်ိတာနဲ႔ အတူဘဲ ဒီအခ်က္ကို အေသအခ်ာ ေစာင့္ၾကည့္ သံုးသပ္သြားမယ္လို႔လည္း ၿဗိတိန္ က်န္းမာေရး ၀န္ႀကီးက ေျပာဆိုပါတယ္။ အေမရိကန္ Pfizer နဲ႔ ဂ်ာမနီ BioNTech တို႔ ပူးတြဲ ထုတ္လုပ္တဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ၿဗိတိန္က က်န္းမာေရး ၀န္ထမ္းေတြ၊ သက္ႀကီး ေစာင့္ေရွာက္ေရး ေဂဟာက လူေတြနဲ႔ သူတို႔ကို ေစာင့္ေရွာက္ေနသူေတြကို အဂၤါေန႔မွာ ပထမဆံုး ကာကြယ္ေဆး ထိုးႏွံေပးမွာ ျဖစ္ပါတယ္။

COVID-19 ကာကြယ္ေဆး ၿဗိတိန္မွာ ဒီကေန႔ စထိုးမည္
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္


...............

(UNICODE)

ဗြိတိန် နိုင်ငံမှာ အင်္ဂါနေ့ကစလို့ နိုင်ငံတဝန်းကို ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စပြီး ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ကျန်းမာရေး ဝန်ကြီး Matt Hancock ကတော့ အင်္ဂါနေ့ဟာ အောင်ပွဲနေ့လို့ တနလာၤနေ့မှာ ပြောဆိုသွားပါတယ်။

"UK တနိုင်ငံလုံးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဖြန့်ဝေမယ့် မနက်ဖြန်ဟာ အောင်ပွဲ နေ့ ဖြစ်ပါတယ်။ ဒါဟာ ကပ်ဘေးရောဂါကို အဆုံးသတ်နိုင်ရေး အတွက် အစဖြစ်ပါတယ်" လို့ ကျန်းမာရေး ဝန်ကြီးက တနလာၤနေ့မှာ ပြောဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အပေါ် ကာကွယ်ဆေးရဲ့ သက်ရောက်မှုကို မသိရသေးကြောင်း၊ ဗိုင်းရပ်စ်ရဲ့ ဘေးဒဏ်သင့်မှု မရှိအောင် ကာကွယ်ပေးတာကိုတော့ သိတဲ့ အကြောင်း ဝန်ကြီးက ပြောပါတယ်။

ကာကွယ်ဆေး စတင် ဖြန့်ချိတာနဲ့ အတူဘဲ ဒီအချက်ကို အသေအချာ စောင့်ကြည့် သုံးသပ်သွားမယ်လို့လည်း ဗြိတိန် ကျန်းမာရေး ဝန်ကြီးက ပြောဆိုပါတယ်။ အမေရိကန် Pfizer နဲ့ ဂျာမနီ BioNTech တို့ ပူးတွဲ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဗြိတိန်က ကျန်းမာရေး ဝန်ထမ်းတွေ၊ သက်ကြီး စောင့်ရှောက်ရေး ဂေဟာက လူတွေနဲ့ သူတို့ကို စောင့်ရှောက်နေသူတွေကို အင်္ဂါနေ့မှာ ပထမဆုံး ကာကွယ်ဆေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG