သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ ေတြ႕တဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုး ဗီဇေျပာင္းလဲမႈသစ္ အႏၱရာယ္


ဗိတိန္မွာ ေတြ႕တဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုး ဗီဇေျပာင္းလဲမႈသစ္ အႏၱရာယ္ (Reuters)

{{Zawgyi/Unicode}}

ကိုဗစ္ 19 ေရာဂါပိုးဗီဇ ၿဗိတိန္မွာ ေျပာင္းလဲလာတာက ပိုကူးစက္လြယ္တာေၾကာင့္၊ ျမန္မာႏိုင္ငံမွာလည္း ပိုကာကြယ္ၾကဖို႔၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက၊ မေန႔က အထူးသတိေပးခ်က္ထုတ္ျပန္လိုက္ပါတယ္။

ဒီမ်ိဳးရိုးဗီဇေျပာင္းလဲပံုနဲ႔ သက္ေရာက္ပံုေတြကို ဒီဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကၽြမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုးကို ကိုဝင္းမင္းကေမးရာမွာ အခုလိုစရွင္းျပပါတယ္။

ေဒါက္တာသန္းႏိုင္စိုး ။. ။ အဓိကကေတာ့ ဗိုင္းရပ္စ္ေတြရဲ႕သေဘာကေတာ့ သူရဲ႕ပိုးကူးခံရသူမ်ားလာတာနဲ႔အမွ် ဒီပိုးက ေကာ္ပီေပါင္းေျမာက္ျမားစြာပြားတာ။ ဥပမာ လူတေယာက္ရဲ႕ခႏၵာကိုယ္ထဲကိုဝင္သြားမယ္ဆိုေပမဲ့ ဗိုင္းရပ္စ္ဝင္းသြားမယ့္ ပမာဏက ဒီမူလထက္ကို အဆေပါင္းေထာင္ေပါင္းေသာင္းေပါင္း ဗိုင္းရပ္စ္အေကာင္ေပါင္းမေရတြက္ႏိုင္ေအာင္ မီလီယံ ထရီလီယံ (သန္းေထာင္ေပါင္းမ်ားစြာ) ပြားတာေပါ့ေနာ္ ။ ပြားတဲ့အခါၾကေတာ့ မူလေကာ္ပီနဲ႔ တူခ်င္မွတူမွာေပါ့ေနာ္။ အဲဒီေတာ့ မူရင္း ဝူဟန္မွာ သားငါးေစ်းမွာေတြ႔ခဲ့တဲ့ ဗိုင္းရပ္စ္နဲ႔ ေနာက္ဆုံးကူးစက္ခံရတဲ့ လူတေယာက္မွာရွိတဲ့ ဗိုင္းရပ္စ္က ေတာ္ေတာ္ႀကီးကို ကြဲျပားျခားနားႏိုင္တဲ့အခြင့္အလမ္းမ်ားသြားတာေပါ့။ ဘာလို႔ဆိုေတာ့ လူမ်ဳိးေပါင္းစုံခႏၵာကိုယ္ထဲမွာ ပတ္ဝန္က်င္အေျခအေနေတြ၊ ကိုယ္ခံအားတုံျပန္မႈမတူတဲ့အေျခအေနေတြၾကားထဲမွာ ၾကားထဲမွာ မ်ဳိးေတြကပြားတာကို။ က်ေနာ္တို႔ ပထမေလ့လာမိသေလာက္ဆိုရင္ မ်ဳိးစိတ္တြင္ပဲ သုံးဆယ္ေလာက္ရွိတယ္ေပါ့။

ကိုဝင္းမင္း ။. ။ က်ေနာ္တို႔ မ်ဳိးရိုးဗီဇက အရင္တေခါက္ရခိုင္မွာ ဒုတိယလိႈင္းသေဘာမ်ဳိးစေတြ႔ခဲ့တုံးက ေျပာင္းခဲ့တယ္ေပါ့ေနာ္။

ေဒါက္တာ သန္းႏိုင္စိုး ။. ။ အဲဒီမွာေတာ့ (၁၀)ဆေလာက္အထိကူးစက္ႏိုင္တယ္ဆိုတာလည္း ေတြ႔ခဲ့ရၿ့ပီေပါ့။ ဒုတိယလိႈင္းအစမွာေတြ႔ခဲ့တဲ့ပိုးဆိုေတာ့ က်ေနာ္တို႔လည္း အဲဒီဒဏ္ကိုခံေနရတာ။ အဲဒီလိုၾကားထဲမွာ ေနာက္ထပ္ ယူေက ၿဗိတိန္မွာလည္း ထပ္ၿပီးေတာ့ခံေနရတာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ထုတ္ျပန္ထားသလိုပါပဲ။ ထပ္ၿပီးေတာ့ ဒီလိုမ်ဳိး mutation ျဖစ္ၿပီးေတာ့ ကူးစက္မႈႏႈန္းျမန္တယ္ေပါ့ေနာ္။ သူတို႔ကေတာ့ အမ်ဳိးမ်ဳိးေတာ့ေျပာေနၾကတာေပါ့ေနာ္။ အရင္ကနဲ႔စာရင္ အဆေပါင္းမ်ားစြာျပန္လာႏိုင္တဲ့ဟာလည္းရွိတယ္ေပါ့ေနာ္။ လက္ရွိေတြ႔ထားတဲ့ဟာလည္း ေတာ္ေတာ္ျမန္ေနၿပီေပါ့။ ယူေက ရဲ႕ ဗိုင္းရပ္စ္ကိုေတာင္မွာ ဥေရာပဖက္က နည္းနည္းစိုးရိမ္တဲ့အခါၾကေတာ့ ေလေၾကာင္းခရီးစဥ္ေတြေလ်ာ့တာတို႔၊ ယူေက နဲ႔ ကူးလူးဆက္ဆံတဲ့လမ္းေၾကာင္းေတြပိတ္တာတို႔ေပါ့ေနာ္။ ဒီလိုမ်ဳိးကေတာ့ ဘိုင္အိုလိုဂ်ီေခၚမွာေပါ့။ ဗိုင္းရပ္စ္နဲ႔ ပတ္သက္တာေတြမွာ ဒီလိုမ်ဳိးmutation ေတြက ျဖစ္ေလ့ျဖစ္ထရွိတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ ဒီလိုမ်ဳိး မ်ဳိးရုိးဗီဇေျပာင္းတာရဲ႕ အက်ဳိးသက္ေရာက္မႈေပါ့ေနာ္။ ေကာင္းက်ဳိးဆိုးက်ုိးကေရာ.

ေဒါက္တာသန္းႏိုင္စိုး ။. ။.mutation ျဖစ္ျခင္းအားျဖစ္ မ်ုိးထြန္းျခင္းအားျဖင့္ ပိုၿပီးေတာ့ ကူးစက္ျမန္တာမ်ဳိးျဖစ္ႏိုင္သလို ပိုၿပီးျပင္းထန္တာလည္းျဖစ္ႏိုင္တယ္။ ပုိၿပီးကူးစက္ျမန္ ျပင္းထန္တာလည္းျဖစ္ႏိုင္တယ္။ ကူးစက္မႈႏႈန္းေႏွးသြားတာ အားေပ်ာ့တာလည္းျဖစ္ႏိုင္တယ္။ လက္ရွိကိုဗစ္ႏိုင္တင္းရဲ႕ အေနအထားကေတာ့ ကူးစက္မႈႏႈန္းျမန္ၿပီးေတာ့ ျပင္းအားေလ်ာ့သြားတဲ့အေထာက္အထားမေတြ႔ရဘူးေပါ့။ ကူးစက္မႈေတြျမန္လာတယ္။ ျပင္းထန္မႈႏႈန္း ေသဆုံးမႈႏႈန္းေတြက ေလ်ာ့မသြားတဲ့အခါ ပိုၿပီးေတာ့က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ၿပီးေတာ့ လူေတြအမ်ားႀကီးဆုံးရႈံးရတဲ့အခါလည္းရွိတယ္ေပါ့။ ပိုၿပီးေတာ့သတိထားၾကဖို႔ေပါ့။ ဗိုင္းရပ္စ္ မ်ဳိးစိတ္တခု တခု ကမၻာႀကီးရဲ႕တေနရာမွာျဖစ္ေနၿပီဆိုရင္ ကိုယ္ဆီကိုလည္း အခ်ိန္မေရြးေရာက္လာႏိုင္တယ္ေပ့ါေနာ္။ ဒီလုိမ်ဳိးေရာက္လာခဲ့ရင္လည္း သိရေအာင္ဆိုၿပီးေတာ့ ေဆးသုေတသနဦးစီးဌာနအေနနဲ႔ ဒီလိုမ်ဳိး မ်ဳိးရိုဗီဇတခုလုံးကို အေသးစိတ္ ကို ျဖစ္စဥ္ကို လိုက္ေလ့လာတာေပါ့ေနာ္။ ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ဒါကိုစမ္းသပ္လွ်က္ရွိတယ္ေပါ့ဆရာ။ အခုလက္ရွိ ယူေကမွာေတြ႔တဲ့ ဗိုင္းရပ္စ္ေပါ့ေနာ္ ။ က်ေနာ္တို႔ဆီမွာလည္း ဒီလိုမ်ဳိးေတြ႔လာႏိုင္တယ္ေပါ့။ က်ေနာ္တို႔ကိုယ္ဆီမွာရွိတဲ့ပိုးကိုလည္း မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတယ္။ က်ေနာ္တို႔မွာလည္း ဘိုင္အိုေလာဂ်စ္ ေတြရွိပါတယ္။

ကိုဝင္းမင္း ။. ။ အရင္တေခါက္မ်ဳိးရိုးဗီဇေျပာင္းတဲ့အခ်ိန္မွာ ဒုတိယလိႈင္းေပါ့ေနာ္။ အခုလိုထပ္ေျပာင္းျပန္ေတာ့ တတိယလိႈင္း ကို စိုးရိမ္ရတဲ့အေနအထားေပါ့ေနာ္။

ေဒါက္တာသန္းႏိုင္စိုး ။. ။ ဒါကေတာ့ က်ေနာ္တို႔က စိုးရိမ္ရပါတယ္။ ဒီမ်ဳိးေျပာင္းတဲ့ႏႈန္းကို တခ်ိန္လုံးသတိေပးေနရတာပါ။ အဲဒါေတာ့ လက္ရွိက ယူေကမွာပဲေတြ႕ရွိေသးတာပါ။ ဥေရာပမွာေတာင္မေရာက္ေသးပါဘူး။ ဥေရာပကလည္း သူတို႔ဆီေရာက္လာမွာ စိုးရိမ္ေနတာေပါ့ေနာ္။ ဒါေပမဲ့လည္း ဝူဟန္မွာျဖစ္တဲ့ ဗိုင္းရပ္စ္ေရာက္လာတယ္ေပါ့ေနာ္။ ဝူဟန္ ကေန အေမရိကန္ေရာက္၊ အေမရိကန္မွာ အမ်ားႀကီးျဖစ္ေနတဲ့အခ်ိန္. က်ေနာ္တို႔မျဖစ္ဖူးထင္ေနမယ္လဲ အခ်ိန္တန္ေတာ့ က်ေနာ္တို႔လည္းျဖစ္တာေပါ့ေနာ္။ အဲဒီေတာ့ သတိမျပတ္ထားၿပီးေတာ့ ကာကြယ္ေရးနည္းလမ္းေတြကို လိုက္နာရမွာေပါ့။ ကာကြယ္ေရးနည္းလမ္းကေတာ့ အတူတူပဲေပါ့ေနာ္။ ပိုၿပီးသတိထားဖို႔လိုပါတယ္။ အထူးသျဖင့္အလုံပိတ္အခန္းေပါ့ေနာ္။ လူစုစုရွိတဲ့ေနရာေတြ၊ ေနာက္တခုက လက္ရွိသုံးေနတဲ့ကာကြယ္ေဆးေတြေပါ့။ ဒီဗိုင္းရပ္စ္အေပၚမွာ သက္ေရာက္မႈရွိတယ္ေပါ့ေနာ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

....................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ကိုဗစ် 19 ရောဂါပိုးဗီဇ ဗြိတိန်မှာ ပြောင်းလဲလာတာက ပိုကူးစက်လွယ်တာကြောင့်၊ မြန်မာနိုင်ငံမှာလည်း ပိုကာကွယ်ကြဖို့၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက၊ မနေ့က အထူးသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီမျိုးရိုးဗီဇပြောင်းလဲပုံနဲ့ သက်ရောက်ပုံတွေကို ဒီဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းကမေးရာမှာ အခုလိုစရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။. ။ အဓိကကတော့ ဗိုင်းရပ်စ်တွေရဲ့သဘောကတော့ သူရဲ့ပိုးကူးခံရသူများလာတာနဲ့အမျှ ဒီပိုးက ကော်ပီပေါင်းမြောက်မြားစွာပွားတာ။ ဥပမာ လူတယောက်ရဲ့ခန္ဒာကိုယ်ထဲကိုဝင်သွားမယ်ဆိုပေမဲ့ ဗိုင်းရပ်စ်ဝင်းသွားမယ့် ပမာဏက ဒီမူလထက်ကို အဆပေါင်းထောင်ပေါင်းသောင်းပေါင်း ဗိုင်းရပ်စ်အကောင်ပေါင်းမရေတွက်နိုင်အောင် မီလီယံ ထရီလီယံ (သန်းထောင်ပေါင်းများစွာ) ပွားတာပေါ့နော် ။ ပွားတဲ့အခါကြတော့ မူလကော်ပီနဲ့ တူချင်မှတူမှာပေါ့နော်။ အဲဒီတော့ မူရင်း ဝူဟန်မှာ သားငါးဈေးမှာတွေ့ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ နောက်ဆုံးကူးစက်ခံရတဲ့ လူတယောက်မှာရှိတဲ့ ဗိုင်းရပ်စ်က တော်တော်ကြီးကို ကွဲပြားခြားနားနိုင်တဲ့အခွင့်အလမ်းများသွားတာပေါ့။ ဘာလို့ဆိုတော့ လူမျိုးပေါင်းစုံခန္ဒာကိုယ်ထဲမှာ ပတ်ဝန်ကျင်အခြေအနေတွေ၊ ကိုယ်ခံအားတုံပြန်မှုမတူတဲ့အခြေအနေတွေကြားထဲမှာ ကြားထဲမှာ မျိုးတွေကပွားတာကို။ ကျနော်တို့ ပထမလေ့လာမိသလောက်ဆိုရင် မျိုးစိတ်တွင်ပဲ သုံးဆယ်လောက်ရှိတယ်ပေါ့။

ကိုဝင်းမင်း ။. ။ ကျနော်တို့ မျိုးရိုးဗီဇက အရင်တခေါက်ရခိုင်မှာ ဒုတိယလှိုင်းသဘောမျိုးစတွေ့ခဲ့တုံးက ပြောင်းခဲ့တယ်ပေါ့နော်။

ဒေါက်တာ သန်းနိုင်စိုး ။. ။ အဲဒီမှာတော့ (၁၀)ဆလောက်အထိကူးစက်နိုင်တယ်ဆိုတာလည်း တွေ့ခဲ့ရြ့ပီပေါ့။ ဒုတိယလှိုင်းအစမှာတွေ့ခဲ့တဲ့ပိုးဆိုတော့ ကျနော်တို့လည်း အဲဒီဒဏ်ကိုခံနေရတာ။ အဲဒီလိုကြားထဲမှာ နောက်ထပ် ယူကေ ဗြိတိန်မှာလည်း ထပ်ပြီးတော့ခံနေရတာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသလိုပါပဲ။ ထပ်ပြီးတော့ ဒီလိုမျိုး mutation ဖြစ်ပြီးတော့ ကူးစက်မှုနှုန်းမြန်တယ်ပေါ့နော်။ သူတို့ကတော့ အမျိုးမျိုးတော့ပြောနေကြတာပေါ့နော်။ အရင်ကနဲ့စာရင် အဆပေါင်းများစွာပြန်လာနိုင်တဲ့ဟာလည်းရှိတယ်ပေါ့နော်။ လက်ရှိတွေ့ထားတဲ့ဟာလည်း တော်တော်မြန်နေပြီပေါ့။ ယူကေ ရဲ့ ဗိုင်းရပ်စ်ကိုတောင်မှာ ဥရောပဖက်က နည်းနည်းစိုးရိမ်တဲ့အခါကြတော့ လေကြောင်းခရီးစဉ်တွေလျော့တာတို့၊ ယူကေ နဲ့ ကူးလူးဆက်ဆံတဲ့လမ်းကြောင်းတွေပိတ်တာတို့ပေါ့နော်။ ဒီလိုမျိုးကတော့ ဘိုင်အိုလိုဂျီခေါ်မှာပေါ့။ ဗိုင်းရပ်စ်နဲ့ ပတ်သက်တာတွေမှာ ဒီလိုမျိုးmutation တွေက ဖြစ်လေ့ဖြစ်ထရှိတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ဒီလိုမျိုး မျိုးရိုးဗီဇပြောင်းတာရဲ့ အကျိုးသက်ရောက်မှုပေါ့နော်။ ကောင်းကျိုးဆိုးကျိုးကရော.

ဒေါက်တာသန်းနိုင်စိုး ။. ။.mutation ဖြစ်ခြင်းအားဖြစ် မျိုးထွန်းခြင်းအားဖြင့် ပိုပြီးတော့ ကူးစက်မြန်တာမျိုးဖြစ်နိုင်သလို ပိုပြီးပြင်းထန်တာလည်းဖြစ်နိုင်တယ်။ ပိုပြီးကူးစက်မြန် ပြင်းထန်တာလည်းဖြစ်နိုင်တယ်။ ကူးစက်မှုနှုန်းနှေးသွားတာ အားပျော့တာလည်းဖြစ်နိုင်တယ်။ လက်ရှိကိုဗစ်နိုင်တင်းရဲ့ အနေအထားကတော့ ကူးစက်မှုနှုန်းမြန်ပြီးတော့ ပြင်းအားလျော့သွားတဲ့အထောက်အထားမတွေ့ရဘူးပေါ့။ ကူးစက်မှုတွေမြန်လာတယ်။ ပြင်းထန်မှုနှုန်း သေဆုံးမှုနှုန်းတွေက လျော့မသွားတဲ့အခါ ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပြီးတော့ လူတွေအများကြီးဆုံးရှုံးရတဲ့အခါလည်းရှိတယ်ပေါ့။ ပိုပြီးတော့သတိထားကြဖို့ပေါ့။ ဗိုင်းရပ်စ် မျိုးစိတ်တခု တခု ကမ္ဘာကြီးရဲ့တနေရာမှာဖြစ်နေပြီဆိုရင် ကိုယ်ဆီကိုလည်း အချိန်မရွေးရောက်လာနိုင်တယ်ပေ့ါနော်။ ဒီလိုမျိုးရောက်လာခဲ့ရင်လည်း သိရအောင်ဆိုပြီးတော့ ဆေးသုတေသနဦးစီးဌာနအနေနဲ့ ဒီလိုမျိုး မျိုးရိုဗီဇတခုလုံးကို အသေးစိတ် ကို ဖြစ်စဉ်ကို လိုက်လေ့လာတာပေါ့နော်။ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဒါကိုစမ်းသပ်လျှက်ရှိတယ်ပေါ့ဆရာ။ အခုလက်ရှိ ယူကေမှာတွေ့တဲ့ ဗိုင်းရပ်စ်ပေါ့နော် ။ ကျနော်တို့ဆီမှာလည်း ဒီလိုမျိုးတွေ့လာနိုင်တယ်ပေါ့။ ကျနော်တို့ကိုယ်ဆီမှာရှိတဲ့ပိုးကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ ကျနော်တို့မှာလည်း ဘိုင်အိုလောဂျစ် တွေရှိပါတယ်။

ကိုဝင်းမင်း ။. ။ အရင်တခေါက်မျိုးရိုးဗီဇပြောင်းတဲ့အချိန်မှာ ဒုတိယလှိုင်းပေါ့နော်။ အခုလိုထပ်ပြောင်းပြန်တော့ တတိယလှိုင်း ကို စိုးရိမ်ရတဲ့အနေအထားပေါ့နော်။

ဒေါက်တာသန်းနိုင်စိုး ။. ။ ဒါကတော့ ကျနော်တို့က စိုးရိမ်ရပါတယ်။ ဒီမျိုးပြောင်းတဲ့နှုန်းကို တချိန်လုံးသတိပေးနေရတာပါ။ အဲဒါတော့ လက်ရှိက ယူကေမှာပဲတွေ့ရှိသေးတာပါ။ ဥရောပမှာတောင်မရောက်သေးပါဘူး။ ဥရောပကလည်း သူတို့ဆီရောက်လာမှာ စိုးရိမ်နေတာပေါ့နော်။ ဒါပေမဲ့လည်း ဝူဟန်မှာဖြစ်တဲ့ ဗိုင်းရပ်စ်ရောက်လာတယ်ပေါ့နော်။ ဝူဟန် ကနေ အမေရိကန်ရောက်၊ အမေရိကန်မှာ အများကြီးဖြစ်နေတဲ့အချိန်. ကျနော်တို့မဖြစ်ဖူးထင်နေမယ်လဲ အချိန်တန်တော့ ကျနော်တို့လည်းဖြစ်တာပေါ့နော်။ အဲဒီတော့ သတိမပြတ်ထားပြီးတော့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာရမှာပေါ့။ ကာကွယ်ရေးနည်းလမ်းကတော့ အတူတူပဲပေါ့နော်။ ပိုပြီးသတိထားဖို့လိုပါတယ်။ အထူးသဖြင့်အလုံပိတ်အခန်းပေါ့နော်။ လူစုစုရှိတဲ့နေရာတွေ၊ နောက်တခုက လက်ရှိသုံးနေတဲ့ကာကွယ်ဆေးတွေပေါ့။ ဒီဗိုင်းရပ်စ်အပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့နော်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG