သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံသမၼတ ဘိုင္ဒန္ ကိုယ္တိုင္ COVID 19 ကာကြယ္ေဆးထိုးၿပီ


ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္ ကာကြယ္ေဆးထိုးခံေနသည့္ျမင္ကြင္း (ဒီဇင္ဘာလ၊၂၁၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ေရြးေကာက္ခံ သမၼတဂ်ိဳးဘိုင္ဒန္ဟာ တနလၤာေန႔မွာ covid 19 ကာကြယ္ေဆး ထိုးခဲ့ပါတယ္။ အသက္ ၇၈ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာဘိုင္ဒန္က သူေနထိုင္ရာ Delaware ျပည္နယ္ Newark က Christiana ေဆးရံုမွာ Pfizer ကုမၸဏီထုတ္ ကာကြယ္ေဆးကို ထုိးခဲ့တာ ျဖစ္ၿပီး ကိုရိုနာဗိုင္းရပ္စ္အတြက္ကာကြယ္ေဆးကို လူေတြယံုၾကည္မႈရွိလာေစေရး အတြက္ သူေဆးထုိးတာကို ရုပ္သံကေန ထုတ္လႊင့္ခဲ့တာပါ။

အေမရိကန္ ေခါင္းေဆာင္ေတြထဲက ဒုသမၼတ Mike Pence လႊတ္ေတာ္ဥကၠဌ Nancy Pelosi နဲ႔ အထက္လႊတ္ေတာ္ အမ်ားစုအမတ္ေခါင္းေဆာင္ Mitch McConnell တို႔ကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ကာကြယ္ေဆးထုိးခဲ့ၾကတာပါ။

ေသာၾကာေန႔မွာ အေရးေပၚအေျခေနသံုး ကာကြယ္ေဆးအျဖစ္ အေမရိကန္အစားအစာနဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန FDA က ဒုတိယေျမာက္အတည္ျပဳေပးလိုက္တဲ့ အေမရိကန္ ေဆးကုမၸဏီ Moderna ထုတ္ကာကြယ္ေဆးကို အေမရိကန္ႏုိင္ငံတလႊား မွာ တနလၤာေန႔မွာ ရရွိၾကမွာျဖစ္ပါတယ္။

ဒီလအေစာပိုင္းတုန္းက အတည္ျပဳေပးခဲ့တဲ့ Pfizer-BioNTech ရဲ့ ကာကြယ္ေဆးနဲ႔ အခု Moderna ထုတ္ ကာကြယ္ေဆးေတြကို အေမရိကန္ ႏုိင္ငံတလႊားက က်န္းမာေရးလုပ္သားေတြ နဲ႔ နာတာရွည္ ေစာင့္ေရွာက္ေရးဌာနေတြမွာ ရွိသူေတြကို ပထမ ဦးစားေပး အေနနဲ႔ ထိုးႏွံေပးဖို႔ လုပ္ေဆာင္ေနတာပါ။
သူတုိ႔ၿပီးရင္ေတာ့ အသက္ ၇၅ ႏွစ္နဲ႔အထက္ သက္ႀကီးပိုုင္းေတြနဲ႔ မီးသတ္သမားေတြ၊ ေက်ာင္းးဆရာေတြနဲ႔ ကုန္စံုဆိုင္ဝန္ထမ္းေတြကို ဒုတိယ ဦးစားေပးအျဖစ္ ထိုးႏွံေပးရမယ့္ သူေတြအျဖစ္ သတ္မွတ္သင့္တယ္လို႔ အစိုးရအႀကံေပး အဖြဲ႔က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ၿပီးခဲ့တဲ့ ၂ လအတြင္း ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈ သိသိသာသာ တိုးလာခဲ့တာပါ။ အခုဆိ္ု ေသဆံုးရသူ စုစုေပါင္းကလည္း ၃ သိန္း ၂ ေသာင္း နီးပါးရွိေနပါၿပီ။

..............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ဟာ တနင်္လာနေ့မှာ covid 19 ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဘိုင်ဒန်က သူနေထိုင်ရာ Delaware ပြည်နယ် Newark က Christiana ဆေးရုံမှာ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးကို ထိုးခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးကို လူတွေယုံကြည်မှုရှိလာစေရေး အတွက် သူဆေးထိုးတာကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့တာပါ။

အမေရိကန် ခေါင်းဆောင်တွေထဲက ဒုသမ္မတ Mike Pence လွှတ်တော်ဥက္ကဌ Nancy Pelosi နဲ့ အထက်လွှတ်တော် အများစုအမတ်ခေါင်းဆောင် Mitch McConnell တို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကာကွယ်ဆေးထိုးခဲ့ကြတာပါ။

သောကြာနေ့မှာ အရေးပေါ်အခြေနေသုံး ကာကွယ်ဆေးအဖြစ် အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA က ဒုတိယမြောက်အတည်ပြုပေးလိုက်တဲ့ အမေရိကန် ဆေးကုမ္ပဏီ Moderna ထုတ်ကာကွယ်ဆေးကို အမေရိကန်နိုင်ငံတလွှား မှာ တနင်္လာနေ့မှာ ရရှိကြမှာဖြစ်ပါတယ်။

ဒီလအစောပိုင်းတုန်းက အတည်ပြုပေးခဲ့တဲ့ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးနဲ့ အခု Moderna ထုတ် ကာကွယ်ဆေးတွေကို အမေရိကန် နိုင်ငံတလွှားက ကျန်းမာရေးလုပ်သားတွေ နဲ့ နာတာရှည် စောင့်ရှောက်ရေးဌာနတွေမှာ ရှိသူတွေကို ပထမ ဦးစားပေး အနေနဲ့ ထိုးနှံပေးဖို့ လုပ်ဆောင်နေတာပါ။
သူတို့ပြီးရင်တော့ အသက် ၇၅ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေနဲ့ မီးသတ်သမားတွေ၊ ကျောင်းးဆရာတွေနဲ့ ကုန်စုံဆိုင်ဝန်ထမ်းတွေကို ဒုတိယ ဦးစားပေးအဖြစ် ထိုးနှံပေးရမယ့် သူတွေအဖြစ် သတ်မှတ်သင့်တယ်လို့ အစိုးရအကြံပေး အဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ၂ လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ တိုးလာခဲ့တာပါ။ အခုဆို သေဆုံးရသူ စုစုပေါင်းကလည်း ၃ သိန်း ၂ သောင်း နီးပါးရှိနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG