သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Joe Biden နဲ႔ ရီပတ္ဘလီကန္ ေခါင္းေဆာင္ Mitch McConnell ဖုန္းစကားေျပာ


ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ Mitch McConnell။ (ဒီဇင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden က သူနဲ႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ Mitch McConnell တို႔ၾကား ကိစၥရပ္အမ်ားအျပားမွာ သေဘာထားကြဲျပားေပမဲ့ အတူတကြ လက္တြဲလုပ္ေဆာင္လို႔ရတဲ့ကိစၥေတြ ရွိတယ္ဆိုတာ မစၥတာ McConnell နဲ႔ တယ္လီဖုန္းစကားေျပာခ်ိန္အတြင္း ေျပာခဲ့တယ္လုိ႔ အဂၤါေန႔ကေျပာပါတယ္။

မစၥတာ McConnell ဟာ Joe Biden ကို ေရြးေကာက္ပြဲအႏုိင္ရသူအျဖစ္ အသိအမွတ္ျပဳဖို႔ ေတာက္ေလ ွ်ာက္ ျငင္းဆန္လာၿပီးတဲ့ေနာက္ တနလၤာေန႔က သမၼတေရြးခ်ယ္ေရးအဖြဲ႔ ကိုယ္စားလွယ္ေတြ မဲေပးခဲ့ၾကအၿပီး အဂၤါေန႔မွာမွ Joe Biden ကို အႏုိင္ရသူအျဖစ္ အသိအမွတ္ျပဳ ေျပာဆိုခဲ့တာပါ။

"ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ ဘယ္သူ က်မ္းသစၥာက်ိန္ဆိုမယ္ဆိုတာကို ဆံုးျဖတ္ဖို႔ က်ေနာ္တို႔ရဲ႕ အုပ္ခ်ဳပ္ေရးစနစ္မွာ လုပ္ငန္းစဥ္ေတြရွိပါတယ္။ သမၼတေရြးခ်ယ္ေရးအဖြဲ႔က အဆံုးအျဖတ္ေပးခဲ့ၿပီးျဖစ္ပါတယ္။" လို႔ အထက္လႊတ္ေတာ္ထဲမွာ မစၥတာ McConnell က ေျပာသြားပါတယ္။

သမၼတေရြးခ်ယ္ေရးအဖြဲ႔ မဲခြဲဆံုးျဖတ္တာမွာ Joe Biden က ကိုယ္စားလွယ္မဲအေရအတြက္ ၃၀၆ မဲရၿပီး သမၼတထရမ့္ပ္က ၂၃၂ မဲရပါတယ္။

ေရြးေကာက္ပြဲမွာ မသမာမႈေတြရွိခဲ့တယ္ဆိုၿပီး အေထာက္အထားမရွိဘဲ ဆက္ၿပီး စြပ္စြဲေျပာဆိုေနတဲ့ သမၼတထရမ့္ပ္ကေတာ့ Joe Biden ကို ႏုိင္ငံရဲ႕ ၄၆ ဆက္ေျမာက္သမၼတအျဖစ္ Mitch McConnell က အသိအမွတ္ျပဳ လက္ခံလိုက္တဲ့အေပၚ တုံ႔ျပန္ေျပာဆုိတာ မရွိေသးပါဘူး။

ဒါေပမဲ့လည္း "မဲမသမာမႈဆိုင္ရာ အေထာက္အထားေတြ အမ်ားႀကီး ထြက္လာေနပါတယ္။ က်ေနာ္တုိ႔ႏုိင္ငံမွာ ဒီလိုမ်ဳိး ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးပါဘူး။" ဆိုၿပီး Twitter မွာေရးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Joe Biden နဲ့ ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell ဖုန်းစကားပြော

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden က သူနဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့ကြား ကိစ္စရပ်အများအပြားမှာ သဘောထားကွဲပြားပေမဲ့ အတူတကွ လက်တွဲလုပ်ဆောင်လို့ရတဲ့ကိစ္စတွေ ရှိတယ်ဆိုတာ မစ္စတာ McConnell နဲ့ တယ်လီဖုန်းစကားပြောချိန်အတွင်း ပြောခဲ့တယ်လို့ အင်္ဂါနေ့ကပြောပါတယ်။

မစ္စတာ McConnell ဟာ Joe Biden ကို ရွေးကောက်ပွဲအနိုင်ရသူအဖြစ် အသိအမှတ်ပြုဖို့ တောက်လေ ျှာက် ငြင်းဆန်လာပြီးတဲ့နောက် တနင်္လာနေ့က သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ မဲပေးခဲ့ကြအပြီး အင်္ဂါနေ့မှာမှ Joe Biden ကို အနိုင်ရသူအဖြစ် အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။

"ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဘယ်သူ ကျမ်းသစ္စာကျိန်ဆိုမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးစနစ်မှာ လုပ်ငန်းစဉ်တွေရှိပါတယ်။ သမ္မတရွေးချယ်ရေးအဖွဲ့က အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်ပါတယ်။" လို့ အထက်လွှတ်တော်ထဲမှာ မစ္စတာ McConnell က ပြောသွားပါတယ်။

သမ္မတရွေးချယ်ရေးအဖွဲ့ မဲခွဲဆုံးဖြတ်တာမှာ Joe Biden က ကိုယ်စားလှယ်မဲအရေအတွက် ၃၀၆ မဲရပြီး သမ္မတထရမ့်ပ်က ၂၃၂ မဲရပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုပြီး အထောက်အထားမရှိဘဲ ဆက်ပြီး စွပ်စွဲပြောဆိုနေတဲ့ သမ္မတထရမ့်ပ်ကတော့ Joe Biden ကို နိုင်ငံရဲ့ ၄၆ ဆက်မြောက်သမ္မတအဖြစ် Mitch McConnell က အသိအမှတ်ပြု လက်ခံလိုက်တဲ့အပေါ် တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒါပေမဲ့လည်း "မဲမသမာမှုဆိုင်ရာ အထောက်အထားတွေ အများကြီး ထွက်လာနေပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။" ဆိုပြီး Twitter မှာရေးခဲ့ပါတယ်။

XS
SM
MD
LG