သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အေရးယူမႈ လံုး၀ လက္ခံႏိုင္ဖြယ္မရွိ ICC ေရွ႕ေနခ်ဳပ္ တုန္႔ျပန္


ICC ေရွ႕ေန Fatou Bensouda

{{Zawgyi/Unicode}}

ရာထူးကေန အနားယူေတာ့မယ့္ နိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး ICC ေရွ႕ေနခ်ဳပ္ Fatou Bensouda က အေမရိကန္တို႔ သူ႔အေပၚ ဒဏ္ခတ္ အေရးယူ ပိတ္ဆို႔မႈေတြ ျပဳလုပ္ ထားတဲ့အေပၚ ျပစ္တင္ေဝဖန္လိုက္ပါတယ္။ ေရွ႕ႏွစ္မွာ ရာထူးက မစြန္႔ခြာခင္ တနလၤာေန႔က ICC အဖြဲ႕ဝင္နိုင္ငံေတြရဲ့ အစည္းအေဝးမွာ ေနာက္ဆုံး မိန္႔ခြန္း စကား ေျပာၾကားတုန္းမွာ Bensouda က အခုလို ျပစ္တင္ ေဝဖန္လိုက္တာျဖစ္ ပါတယ္။

မိန္႔ခြန္းအစမွာပဲ Fatou Bensouda ကၿပီးခဲ့တဲ့ ႏွစ္ထဲ ICC နဲ႔ သူ႔႐ုံးအဖြဲ႕ဟာ လက္မခံနိုင္ဖြယ္ရာ မၾကဳံစဖူး ၿခိမ္းေျခာက္မႈ၊ တိုက္ခိုက္မႈနဲ႔ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာပဲ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က Bensouda နဲ႔ ICC ရဲ့ တရားစီရင္ေရးဌာန အႀကီး အကဲ Phakiso Mochochoko တို႔ရဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ေၾကာင္း ေၾကညာခဲ့တာပါ။ အာဖဂန္နစၥတန္က အေမရိကန္ တပ္ဖြဲ႕ဝင္ ေတြ၊ ေထာက္လွမ္းေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ မဟာမိတ္နိုင္ငံက တပ္ဖြဲ႕ဝင္ေတြ စစ္ရာဇဝတ္ က်ဴးလြန္မႈ ရွိမရွိ စစ္ေဆးေနတဲ့ ICC တာဝန္ရွိသူေတြနဲ႔ Bensouda တို႔ အေမရိကန္နိုင္ငံကို လာေရာက္ခြင့္ကို လည္း ပိတ္ပင္ခဲ့ပါတယ္။

ဒီလို ဒဏ္ခတ္ အေရးယူမႈေတြဟာ နိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးနဲ႔ အဖြဲ႕ဝင္နိုင္ငံေတြ အေပၚ တိုက္ခိုက္တာ ျဖစ္ေၾကာင္းနဲ႔ စည္းမ်ဥ္းခံ နိုင္ငံတကာ ဆက္ဆံေရး စနစ္အတြက္ အႏၲရာယ္မ်ားတဲ့ သာဓက တစ္ခုလို႔ Bensouda က ေျပာပါတယ္။

ေရွ႕ႏွစ္မွာ အေမရိကန္မွာ Joe Biden သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာ အေမရိကန္နိုင္ငံနဲ႔ ICC တို႔ရဲ့ ဆက္ဆံေရးမွာ ဘယ္လို အေျပာင္းအလဲ ျဖစ္ေပၚနိုင္သလဲဆိုတာကိုေတာ့ ေသေသခ်ာခ်ာ မသိနိုင္ေသးပါဘူး။

ႏွစ္အေတာ္ၾကာပဲ အေမရိကန္တို႔က ICC နဲ႔ ICC ရဲ့ အာဏာ အတိုင္းအဆအေပၚ စိုးရိမ္ပူပန္မႈေတြ ရွိတာပါ။

ICC ရဲ့ အေျခခံျဖစ္တဲ့ Rome Statute ေရာမဥပေဒစာခ်ဳပ္ကို အေမရိကန္ သမၼတ Bill Clinton က ၂၀၀၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၃၁ရက္ေန႔ ကလက္မွတ္ေရးထိုးခဲ့ေပမယ့္ သမၼတ George W. Bush လက္ထက္မွာ စာခ်ဳပ္ကေန ႏႈတ္ထြက္ခဲ့တာပါ။ အေမရိကန္ေတြ နိုင္ငံေရး အရ မၽွတမႈမရွိဘဲ တရားစြဲဆိုခံရမွာကို စိုးရိမ္တာေၾကာင့္ ႏႈတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) ကေတာ့ ဒဏ္ခတ္ ပိတ္ဆို႔ထားမႈေတြကို ႐ုပ္သိမ္းေပးဖို႔ Joe Biden ကို ေတာင္းဆိုထားပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရာထူးကနေ အနားယူတော့မယ့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ရှေ့နေချုပ် Fatou Bensouda က အမေရိကန်တို့ သူ့အပေါ် ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ် ထားတဲ့အပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ရှေ့နှစ်မှာ ရာထူးက မစွန့်ခွာခင် တနင်္လာနေ့က ICC အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ နောက်ဆုံး မိန့်ခွန်း စကား ပြောကြားတုန်းမှာ Bensouda က အခုလို ပြစ်တင် ဝေဖန်လိုက်တာဖြစ် ပါတယ်။

မိန့်ခွန်းအစမှာပဲ Fatou Bensouda ကပြီးခဲ့တဲ့ နှစ်ထဲ ICC နဲ့ သူ့ရုံးအဖွဲ့ဟာ လက်မခံနိုင်ဖွယ်ရာ မကြုံစဖူး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Bensouda နဲ့ ICC ရဲ့ တရားစီရင်ရေးဌာန အကြီး အကဲ Phakiso Mochochoko တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကြောင်း ကြေညာခဲ့တာပါ။ အာဖဂန်နစ္စတန်က အမေရိကန် တပ်ဖွဲ့ဝင် တွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်နိုင်ငံက တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ် ကျူးလွန်မှု ရှိမရှိ စစ်ဆေးနေတဲ့ ICC တာဝန်ရှိသူတွေနဲ့ Bensouda တို့ အမေရိကန်နိုင်ငံကို လာရောက်ခွင့်ကို လည်း ပိတ်ပင်ခဲ့ပါတယ်။

ဒီလို ဒဏ်ခတ် အရေးယူမှုတွေဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အပေါ် တိုက်ခိုက်တာ ဖြစ်ကြောင်းနဲ့ စည်းမျဉ်းခံ နိုင်ငံတကာ ဆက်ဆံရေး စနစ်အတွက် အန္တရာယ်များတဲ့ သာဓက တစ်ခုလို့ Bensouda က ပြောပါတယ်။

ရှေ့နှစ်မှာ အမေရိကန်မှာ Joe Biden သမ္မတအဖြစ် တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံနဲ့ ICC တို့ရဲ့ ဆက်ဆံရေးမှာ ဘယ်လို အပြောင်းအလဲ ဖြစ်ပေါ်နိုင်သလဲဆိုတာကိုတော့ သေသေချာချာ မသိနိုင်သေးပါဘူး။

နှစ်အတော်ကြာပဲ အမေရိကန်တို့က ICC နဲ့ ICC ရဲ့ အာဏာ အတိုင်းအဆအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိတာပါ။

ICC ရဲ့ အခြေခံဖြစ်တဲ့ Rome Statute ရောမဥပဒေစာချုပ်ကို အမေရိကန် သမ္မတ Bill Clinton က ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ ကလက်မှတ်ရေးထိုးခဲ့ပေမယ့် သမ္မတ George W. Bush လက်ထက်မှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့တာပါ။ အမေရိကန်တွေ နိုင်ငံရေး အရ မျှတမှုမရှိဘဲ တရားစွဲဆိုခံရမှာကို စိုးရိမ်တာကြောင့် နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးဖို့ Joe Biden ကို တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG