သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဥရောပသမဂ္ဂ ညီညွတ်ဖို့လိုအပ် (ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး)


ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးHeiko Maas
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးHeiko Maas

{{Zawgyi/Unicode}}

ဗြိတိန်နိုင်ငံမှာ မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ပြည်ပနိုင်ငံတွေကို ကူးစက်ပြန့်နှံ့မှုမရှိအောင် ကာကွယ်ရေးအတွက် အီးယူဥရောပသမဂ္ဂက ပူးပေါင်းတုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီပိုးသစ်ကိစ္စဟာ အီးယူအတွက် သိပ်ကိုအရေးပါကြောင်းနဲ့ ဒီပိုးသစ် ပြန့်ပွါးမှုကို Brussels မှာပါ တွေ့နေရပြီဖြစ်တဲ့အတွက် အီးယူနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မယ့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းစဉ်ကို ချက်ချင်းလုပ်ဆောင်နေသလို အစည်းဝေးလည်း ခေါ်ယူနေကြာင်း ပြောပါတယ်"။

အထူးသဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်း ဒီလို ကိစ္စရပ်တွေမှာ ဘယ်လိုဆောင်ရွက်မယ် ဆိုတာလို နောက်တဆင့်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် အီးယူ အဖွဲ့ဝင် နိုင်ငံတွေကြား အနီးကပ် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်းပြောပါတယ်။ ဒီလိုဆောင်ရွက်ဖို့ စည်းမျဉ်းကန့်သတ်ချက်တွေ အီးယူကချရမှာဖြစ်ပြီး အဖွဲ့ဝင်အားလုံးလိုက်နာဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဒီပိုးသစ်နဲ့ပတ်သက်ပြီး ဂျာမဏီက အချက်လက် ပြည့်ပြည့်စုံစုံ မသိရသေးပဲ အီးယူရဲ့ လမ်းညွှန်ချက်ကို စောင့်နေကြောင်းနဲ့ ဒီကိစ္စ Brussels မှာ အစည်းဝေးတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဂျာမဏီအပါအဝင် နိုင်ငံအများအပြားဟာ ဗြိတိန်က လာတဲ့ လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်ထားပါတယ်။

.................................

{{Unicode}}





XS
SM
MD
LG