သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 ကို ထိန္းခ်ဳပ္ႏုိင္ခဲ႔တဲ႔ ဗီယက္နမ္ရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးမႈ


(Zawgyi/ Unicode)

ဗီယက္နမ္ ႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကို ထိထိေရာက္ေရာက္ တုံ႔ျပန္ ကိုင္တြယ္ႏိုင္ခဲ႔မႈ၊ ပို႔ကုန္တင္ပို႔မႈ တိုးမ်ားလာမႈနဲ႔ အမ်ားျပည္သူ သံုးစြဲမႈကလည္း ေကာင္းမြန္မႈေတြေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ စီးပြားက်မႈဒဏ္ မခံရေအာင္ ဗီယက္နမ္ကို အေထာက္အကူ ျဖစ္ေစၿပီး စီးပြားေရးလည္း အျမန္ ျပန္ နားလန္ထလာပါတယ္။ ဒါ႔အျပင္ ကမၻာမွာ ဖြံ႔ၿဖိဳးမႈႏႈန္း အမ်ား ဆံုးထဲမွာ ပါ၀င္လာႏုိင္တယ္လို႔လည္း သံုးသပ္သူေတြက ခန္႔မွန္းထားပါတယ္။ AFP သတင္းေဆာင္းပါးကို အေျခခံၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

တျခား ႏုိင္ငံေတြမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းနဲ႔ ေသဆံုးမႈႏႈန္း မ်ားတာေၾကာင့္ အခက္အခဲႀကီးနဲ႔ ရင္ဆိုင္ေနၾကရေပမယ့္လည္း ဗီယက္နမ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁,၅၀၀ ရွိၿပီး ေသဆံုးသူက ၃၅ ေယာက္သာ ရွိခဲ႔တာပါ။ လူအစုလိုက္ အၿပံဳလုိက္ quarantines - သီးျခားခြဲ ေစာင့္ၾကည့္ထားခဲ႔မႈ၊ ေနာက္ ေရာဂါ ျဖစ္ပြားသူနဲ႔ ထိေတြ႔မိသူေတြကို ေငြေၾကး အကုန္အက်ခံ ေျခရာခံ ေဖာ္ထုတ္ၿပီး အသြားအလာ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြေၾကာင့္ စက္ရံုအလုပ္ရံုေတြ အမ်ားစု ဆက္ၿပီး ဖြင့္လွစ္ ေဆာင္ရြက္ႏုိင္ခဲ႔သလိုဘဲ လူေတြလည္း အလုပ္ခြင္ကို ျမန္ျမန္ ဆန္ဆန္ ျပန္၀င္ႏုိင္ခဲ႔ပါတယ္။ Raymond Mallon ဟာ ဟႏြိဳင္း အေျခစိုက္ စီးပြားေရး ပညာရွင္ ျဖစ္ပါတယ္။

“ COVID ကပ္ေဘးကို ထိထိေရာက္ေရာက္ စီမံခန္႔ခြဲမႈက သိပ္ၿပီး အေရးႀကီးတယ္လို႔ ယူဆပါတယ္။ ဒီအေရးကိစၥမွာ ဗီယက္နမ္က အေကာင္းဆံုး စီမံခန္႔ခြဲႏုိင္ခဲ႔တဲ႔ ႏုိင္ငံ တခု ျဖစ္ပါတယ္။ ဒီလို လုပ္ႏုိင္ခဲ႔တာေၾကာင့္ စီးပြားေရး အေပၚမွာ သက္ေရာက္ ထိခိုက္မႈ ေလ်ာ့နည္းေစပါတယ္။ လက္လီ အေရာင္း က႑ဟာဆိုရင္ ကန္႔သတ္ေဒသေတြထဲမွာ ဒါမွမဟုတ္လည္း သတ္မွတ္ အခ်ိန္တိုေလး အတြင္းမွာဘဲ ေလ်ာ့က်ခဲ႔ပါတယ္။”

ဗီယက္နမ္ Fulbright တကၠသိုလ္ အမ်ားျပည္သူ မူ၀ါဒဆိုင္ရာ ပို႔ခ်သူ Nguyen Xuan Thanh ကလည္း ဗီယက္နမ္မွာ တင္းတင္းၾကပ္ၾကပ္ လုပ္ခဲ႔တဲ႔ အသြားအလာ ကန္႔သတ္ ပိတ္ပင္မႈက သံုးလေလာက္ဘဲ ၾကာခဲ႔တာေၾကာင့္ ျပည္တြင္း လည္ပတ္မႈက ဇြန္လ အေရာက္မွာ ပံုမွန္ အေျခအေနကို ျမန္ျမန္ဆန္ဆန္ ေရာက္လာခဲ႔တယ္လို႔ ေျပာပါတယ္။
၂၀၂၀ ႏွစ္လည္ပိုင္း အတြင္းမွာ အေနာက္ႏုိင္ငံ အမ်ားအျပားက ျပည္သူေတြ အိမ္ထဲမွာဘဲ ေနၾကဖို႔ တြန္းအားေပးေနခ်ိန္မွာ ဗီယက္နမ္ ျပည္သူေတြကေတာ့ ကမ္းေျခသြားေနႏုိင္ပါၿပီ။ ျပည္တြင္း ခရီးသြား လုပ္ငန္း ျပန္ေကာင္းလာေအာင္ အစိုးရဘက္ကလည္း ႀကိဳးစားခဲ႔ပါတယ္။

ဒါေပမယ့္လည္း ဥေရာပ သမဂၢ EU ၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ အပါအ၀င္ ဗီယက္နမ္ရဲ႕ အဓိက ေစ်းကြက္ႀကီးေတြကေန အ၀တ္အထည္၊ ဖိနပ္နဲ႔ စမတ္ဖုန္းလို ပစၥည္းအမွာ ေလ်ာ့သြားတာေၾကာင့္ ပို႔ကုန္ေပၚ မွီခိုတဲ႔ ဗီယက္နမ္ရဲ႕ စီးပြားေရး အတြက္ အႀကီးအက်ယ္ စိုးရိမ္ခဲ႔ၾကတာပါ။ ဗီယက္နမ္ရဲ႕ ပို႔ကုန္က ေစ်းကြက္ တခုတည္း အေပၚမွာ မွီခိုတာ မဟုတ္ဘဲ ေစ်းကြက္ေတြ အမ်ားႀကီး ရွိတာေၾကာင့္ ပို႔ကုန္ လုပ္ငန္းက ဒီႏွစ္ အတြင္း ဖြံ႔ၿဖဳိးမႈ အတြက္ အေထာက္အကူ ျဖစ္ေစခဲ႔တယ္လို႔လည္း ကထိက Thanh က ေျပာပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ပထမ ၉ လ အတြင္း တရုတ္ကို တင္ပို႔ရမႈဟာ ၁၅ ရာခုိင္ႏႈန္း ပိုမ်ားခဲ႔တယ္လို႔လည္း ဗီယက္နမ္ အေကာက္ခြန္ ဌာနက ေဖာ္ျပထားပါတယ္။ စီးပြားေရး ပညာရွင္ Raymond Mallon က အခုလို သံုးသပ္ပါတယ္။

“ COVID အေရး ေအာင္ျမင္မႈက ဗီယက္နမ္ဟာ ကုန္စည္ပို႔ေဆာင္ႏုိင္စြမ္း ရွိတယ္ဆိုတာကို တျခား ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံသူေတြကို သတင္းစကား ပါးလိုက္သလို ျဖစ္တယ္လို႔ က်ေနာ္က ယူဆပါတယ္။ အေရးတႀကီး ကိစၥအျဖစ္ သတ္မွတ္ေဆာင္ရြက္လုိက္တာဟာဆိုရင္ ဒီအေရးေတြမွာ အစိုးရရဲ႕ ေဆာင္ရြက္ႏုိင္စြမ္းကို ျပသလိုက္တာ ျဖစ္ၿပီး ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံသူေတြကို စြဲေဆာင္ရာမွာ အေထာက္အကူ ျဖစ္ေစမွာပါ။”

ကပ္ေဘး ကာလ အတြင္း မလိုအပ္ဘဲ အိမ္ျပင္ မထြက္ရ တားျမစ္ ကန္႔သတ္ခ်က္ေၾကာင့္ လူေတြဟာ အိမ္မွာဘဲ ေနၾကရတာနဲ႔ အတူ အိမ္သံုး လွ်ပ္စစ္ ပစၥည္းေတြ၊ ရံုးသံုး ပရိေဘာဂ၊ ကြန္ျပဴတာနဲ႔ TV တို႔လို ဗီယက္နမ္ထုတ္ ပစၥည္းေတြ ၀ယ္လိုအား တက္ခဲ႔ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း ဗီယက္နမ္ရဲ႕ ဒီႏွစ္ အတြက္ မူလရည္မွန္းခ်က္ ဖြံ႔ၿဖိဳးမႈ ၆ ဒသမ ၈ ရာခိုင္ႏႈန္း မျပည့္မီေပမယ္လို႔လည္း စီးပြားေရးက ၂ ဒသမ ၄ ရာခုိင္ႏႈန္းေလာက္ ဖြံ႔ၿဖိဳးပါတယ္။ ဒီပမာဏ ဖြံ႔ၿဖိဳးမႈဟာဆိုရင္ ကမၻာမွာ ဖြံ႔ၿဖိဳးမႈ အေကာင္းဆံုး ႏုိင္ငံေတြထဲက တခု ျဖစ္လာမယ္လို႔လည္း နုိင္ငံတကာ ေငြေၾကးရန္ပံုေငြ အဖြဲ႔ IMF က ေျပာဆိုထားပါတယ္။ ကမၻာတလႊား ဖြံ႔ၿဖိဳးမႈ ၄ ဒသမ ၄ ရာခိုင္ႏႈန္းေလာက္ က်မယ္လို႔လည္း IMF က ခန္႔မွန္းထားတာပါ။

အေမရိကန္နဲ႔ တရုတ္ၾကား ကုန္သြယ္ေရး စစ္ေၾကာင့္လည္း ဗီယက္နမ္ အတြက္ အျမတ္ထြက္ေစတယ္လို႔လည္း ေလ႔လာသူေတြက သံုးသပ္ပါတယ္။ Apple လို လုပ္ငန္းႀကီးေတြက အခြန္ သက္သာဖို႔ အတြက္ တရုတ္ကေန ဗီယက္နမ္ကို ေရႊ႕ကုန္ၾကတာပါ။ ၂၀၂၀ ျပည့္ႏွစ္ ပထမ ၉ လ အတြင္း အေမရိကန္ကို တင္ပို႔မႈ ပမာဏ စုစုေပါင္း ေဒၚလာ ၅၄ ဒသမ ၇ ဘီလ်ံ ရွိခဲ႔ၿပီး ၄ ပံု တပံု တက္လာပါတယ္။
ဒါေပမယ့္လည္း ကန္႔သတ္ တားဆီးခ်က္ေတြေၾကာင့္ တခ်ိဳ႕ လုပ္ငန္းနယ္ပယ္ေတြမွာေတာ့ အထိနာေနဆဲပါ။

င္ငံျဖတ္ေက်ာ္ခြင့္ အတားအဆီးေတြေၾကာင့္ ခရီးသြား လုပ္ငန္း အထိနာရသလို အရင္က သိပ္ၿပီး အလုပ္ျဖစ္တဲ႔ ေလေၾကာင္း လုပ္ငန္းေတြလည္း ေႏွးေကြးသြားပါတယ္။ Nguyen Dinh Toi က ဟႏြိဳင္းၿမိဳ႕ေတာ္က ဟိုတယ္ လုပ္ငန္းရွင္ပါ။

“ ဟႏြိဳင္း Old Quarter မွာ ဆိုရင္ ႏုိင္ငံျခားသား ခရီးသြား လံုး၀ မရွိေတာ့တာေၾကာင့္ ဒီက ဟိုတယ္ အားလံုးရဲ႕ ၈၀ ရာခိုင္ႏႈန္း ပိတ္ထားရပါတယ္။ အရံႈးသက္သာေအာင္ လုပ္ၾကရတာပါ။ ဖြင့္ထားမယ္ဆိုရင္ လွ်ပ္စစ္၊ စြမ္းအင္၊ ၀န္ထမ္း လစာ အပါအ၀င္ ကုန္က်စာရိတ္က အမ်ားႀကီးပါ။ ဒါေၾကာင့္လည္း ႏုိင္ငံျခား ခရီးသြားေတြက အရမ္း အေရးႀကီးပါတယ္။”

ကုလသမဂၢ ပညာေရး သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ UNESCO က ေရွးေဟာင္းၿမိဳ႕ အျဖစ္ အသိအမွတ္ျပဳထားတဲ႔ Hue ၿမိဳ႕က ႏုိင္ငံတကာ ခရီးသြားေတြၾကား ေရပန္းစားခဲ႔ေပမယ့္လည္း အခုေတာ့ ေျခာက္ကပ္ကပ္ ၿမိဳ႕တခု ျဖစ္ေနပါၿပီ။ ဟိုတယ္အားလံုးရဲ႕ ၈၀ ရာခိုင္ႏႈန္း ပိတ္ထားၿပီး လူေပါင္း ၈,၀၀၀ ေလာက္ အလုပ္လက္မဲ႔ ျဖစ္ရတယ္လို႔လည္း ျပည္နယ္ ခရီသြားလုပ္ငန္း ဌာန အႀကီးအကဲ Thua Thien Hue က ေျပာပါတယ္။ ဟႏြိဳင္းမွာလည္း အလားတူပါဘဲလို႔ ဟိုတယ္ပိုင္ရွင္ Nguyen Dinh Toi က ေျပာပါတယ္။

“ ခရီးသြား လုပ္ငန္းကေတာ႔ လံုး၀ ပ်က္သြားၿပီ ထင္ပါတယ္။ ႏုိင္ငံတကာ ေလေၾကာင္း ခရီးစဥ္ေတြ ျပန္စၿပီး ႏုိင္ငံျခား ခရီးသြားေတြ ေရာက္လာမယ့္ အခ်ိန္ကို ေစာင့္ရင္း ကိုယ့္ရွိတာေလးကိုဘဲ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းဖို႔ ႀကိဳးစားေနၾကရတာပါ။”

၂၀၀၉-၂၀၁၀ SARS ကပ္ေဘးေရာဂါ တုန္းက ဘ႑ာေရး အခက္အခဲကို ေက်ာ္လႊားနုိင္ခဲ႔ေပမယ့္လည္း အခုႀကံဳရတဲ႔ အေျခအေနကေတာ့ တကယ္ကို မယံုႏုိင္စရာ ျဖစ္ရပါတယ္လို႔လည္း ဟႏြိဳင္းၿမိဳ႕ေတာ္ က ဟိုတယ္ လုပ္ငန္းရွင္ Toi က ေျပာျပသြားတာပါ။

အစိုးရဘက္ကေတာ့ စီးပြားေရး ႏိုးထလာဖို႔ ရည္ရြယ္ၿပီး လမ္းေတြ တံတားေတြလို အေျခခံ အေဆာက္အဦ တည္ေဆာက္ေရး လုပ္ငန္းေတြမွာ ေငြပံုေအာ ထည့္ေပးေနပါတယ္။ ဒါေၾကာင့္လည္း ၀ယ္လိုအား ျမင့္တက္လာသလို အလုပ္အကိုင္လည္း ဖန္တီးေပးရာ ေရာက္တယ္လို႔ Thanh က ေျပာပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ၁၁ လတာ ကာလ အတြင္း အစိုးရရဲ႕ အမ်ားျပည္သူဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈက ၃၄ ရာခိုင္ႏႈန္း ပိုမ်ားလာၿပီး ဒါဟာဆိုရင္ ၉ ႏွစ္တာ ကာလ အတြင္း ပမာဏ အမ်ားဆံုး ျဖစ္တယ္လို႔လည္း အစိုးရက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID 19 ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု

ဗီယက်နမ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ခဲ့မှု၊ ပို့ကုန်တင်ပို့မှု တိုးများလာမှုနဲ့ အများပြည်သူ သုံးစွဲမှုကလည်း ကောင်းမွန်မှုတွေကြောင့် ၂၀၂၀ ပြည့်နှစ် စီးပွားကျမှုဒဏ် မခံရအောင် ဗီယက်နမ်ကို အထောက်အကူ ဖြစ်စေပြီး စီးပွားရေးလည်း အမြန် ပြန် နားလန်ထလာပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ ဖွံ့ဖြိုးမှုနှုန်း အများ ဆုံးထဲမှာ ပါဝင်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

တခြား နိုင်ငံတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း များတာကြောင့် အခက်အခဲကြီးနဲ့ ရင်ဆိုင်နေကြရပေမယ့်လည်း ဗီယက်နမ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၅၀၀ ရှိပြီး သေဆုံးသူက ၃၅ ယောက်သာ ရှိခဲ့တာပါ။ လူအစုလိုက် အပြုံလိုက် quarantines - သီးခြားခွဲ စောင့်ကြည့်ထားခဲ့မှု၊ နောက် ရောဂါ ဖြစ်ပွားသူနဲ့ ထိတွေ့မိသူတွေကို ငွေကြေး အကုန်အကျခံ ခြေရာခံ ဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် စက်ရုံအလုပ်ရုံတွေ အများစု ဆက်ပြီး ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့သလိုဘဲ လူတွေလည်း အလုပ်ခွင်ကို မြန်မြန် ဆန်ဆန် ပြန်ဝင်နိုင်ခဲ့ပါတယ်။ Raymond Mallon ဟာ ဟနွိုင်း အခြေစိုက် စီးပွားရေး ပညာရှင် ဖြစ်ပါတယ်။

“ COVID ကပ်ဘေးကို ထိထိရောက်ရောက် စီမံခန့်ခွဲမှုက သိပ်ပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီအရေးကိစ္စမှာ ဗီယက်နမ်က အကောင်းဆုံး စီမံခန့်ခွဲနိုင်ခဲ့တဲ့ နိုင်ငံ တခု ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်ခဲ့တာကြောင့် စီးပွားရေး အပေါ်မှာ သက်ရောက် ထိခိုက်မှု လျော့နည်းစေပါတယ်။ လက်လီ အရောင်း ကဏ္ဍဟာဆိုရင် ကန့်သတ်ဒေသတွေထဲမှာ ဒါမှမဟုတ်လည်း သတ်မှတ် အချိန်တိုလေး အတွင်းမှာဘဲ လျော့ကျခဲ့ပါတယ်။”

ဗီယက်နမ် Fulbright တက္ကသိုလ် အများပြည်သူ မူဝါဒဆိုင်ရာ ပို့ချသူ Nguyen Xuan Thanh ကလည်း ဗီယက်နမ်မှာ တင်းတင်းကြပ်ကြပ် လုပ်ခဲ့တဲ့ အသွားအလာ ကန့်သတ် ပိတ်ပင်မှုက သုံးလလောက်ဘဲ ကြာခဲ့တာကြောင့် ပြည်တွင်း လည်ပတ်မှုက ဇွန်လ အရောက်မှာ ပုံမှန် အခြေအနေကို မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ နှစ်လည်ပိုင်း အတွင်းမှာ အနောက်နိုင်ငံ အများအပြားက ပြည်သူတွေ အိမ်ထဲမှာဘဲ နေကြဖို့ တွန်းအားပေးနေချိန်မှာ ဗီယက်နမ် ပြည်သူတွေကတော့ ကမ်းခြေသွားနေနိုင်ပါပြီ။ ပြည်တွင်း ခရီးသွား လုပ်ငန်း ပြန်ကောင်းလာအောင် အစိုးရဘက်ကလည်း ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဥရောပ သမဂ္ဂ EU ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အပါအဝင် ဗီယက်နမ်ရဲ့ အဓိက ဈေးကွက်ကြီးတွေကနေ အဝတ်အထည်၊ ဖိနပ်နဲ့ စမတ်ဖုန်းလို ပစ္စည်းအမှာ လျော့သွားတာကြောင့် ပို့ကုန်ပေါ် မှီခိုတဲ့ ဗီယက်နမ်ရဲ့ စီးပွားရေး အတွက် အကြီးအကျယ် စိုးရိမ်ခဲ့ကြတာပါ။ ဗီယက်နမ်ရဲ့ ပို့ကုန်က ဈေးကွက် တခုတည်း အပေါ်မှာ မှီခိုတာ မဟုတ်ဘဲ ဈေးကွက်တွေ အများကြီး ရှိတာကြောင့် ပို့ကုန် လုပ်ငန်းက ဒီနှစ် အတွင်း ဖွံ့ဖြိုးမှု အတွက် အထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း ကထိက Thanh က ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမ ၉ လ အတွင်း တရုတ်ကို တင်ပို့ရမှုဟာ ၁၅ ရာခိုင်နှုန်း ပိုများခဲ့တယ်လို့လည်း ဗီယက်နမ် အကောက်ခွန် ဌာနက ဖော်ပြထားပါတယ်။ စီးပွားရေး ပညာရှင် Raymond Mallon က အခုလို သုံးသပ်ပါတယ်။

“ COVID အရေး အောင်မြင်မှုက ဗီယက်နမ်ဟာ ကုန်စည်ပို့ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို သတင်းစကား ပါးလိုက်သလို ဖြစ်တယ်လို့ ကျနော်က ယူဆပါတယ်။ အရေးတကြီး ကိစ္စအဖြစ် သတ်မှတ်ဆောင်ရွက်လိုက်တာဟာဆိုရင် ဒီအရေးတွေမှာ အစိုးရရဲ့ ဆောင်ရွက်နိုင်စွမ်းကို ပြသလိုက်တာ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်ရာမှာ အထောက်အကူ ဖြစ်စေမှာပါ။”

ကပ်ဘေး ကာလ အတွင်း မလိုအပ်ဘဲ အိမ်ပြင် မထွက်ရ တားမြစ် ကန့်သတ်ချက်ကြောင့် လူတွေဟာ အိမ်မှာဘဲ နေကြရတာနဲ့ အတူ အိမ်သုံး လျှပ်စစ် ပစ္စည်းတွေ၊ ရုံးသုံး ပရိဘောဂ၊ ကွန်ပြူတာနဲ့ TV တို့လို ဗီယက်နမ်ထုတ် ပစ္စည်းတွေ ဝယ်လိုအား တက်ခဲ့ပါတယ်။ ဒီအချက်ကြောင့်လည်း ဗီယက်နမ်ရဲ့ ဒီနှစ် အတွက် မူလရည်မှန်းချက် ဖွံ့ဖြိုးမှု ၆ ဒသမ ၈ ရာခိုင်နှုန်း မပြည့်မီပေမယ်လို့လည်း စီးပွားရေးက ၂ ဒသမ ၄ ရာခိုင်နှုန်းလောက် ဖွံ့ဖြိုးပါတယ်။ ဒီပမာဏ ဖွံ့ဖြိုးမှုဟာဆိုရင် ကမ္ဘာမှာ ဖွံ့ဖြိုးမှု အကောင်းဆုံး နိုင်ငံတွေထဲက တခု ဖြစ်လာမယ်လို့လည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ပြောဆိုထားပါတယ်။

ကမ္ဘာတလွှား ဖွံ့ဖြိုးမှု ၄ ဒသမ ၄ ရာခိုင်နှုန်းလောက် ကျမယ်လို့လည်း IMF က ခန့်မှန်းထားတာပါ။ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး စစ်ကြောင့်လည်း ဗီယက်နမ် အတွက် အမြတ်ထွက်စေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။ Apple လို လုပ်ငန်းကြီးတွေက အခွန် သက်သာဖို့ အတွက် တရုတ်ကနေ ဗီယက်နမ်ကို ရွှေ့ကုန်ကြတာပါ။ ၂၀၂၀ ပြည့်နှစ် ပထမ ၉ လ အတွင်း အမေရိကန်ကို တင်ပို့မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၅၄ ဒသမ ၇ ဘီလျံ ရှိခဲ့ပြီး ၄ ပုံ တပုံ တက်လာပါတယ်။

ဒါပေမယ့်လည်း ကန့်သတ် တားဆီးချက်တွေကြောင့် တချို့ လုပ်ငန်းနယ်ပယ်တွေမှာတော့ အထိနာနေဆဲပါ။ နိုင်ငံဖြတ်ကျော်ခွင့် အတားအဆီးတွေကြောင့် ခရီးသွား လုပ်ငန်း အထိနာရသလို အရင်က သိပ်ပြီး အလုပ်ဖြစ်တဲ့ လေကြောင်း လုပ်ငန်းတွေလည်း နှေးကွေးသွားပါတယ်။ Nguyen Dinh Toi က ဟနွိုင်းမြို့တော်က ဟိုတယ် လုပ်ငန်းရှင်ပါ။

“ ဟနွိုင်း Old Quarter မှာ ဆိုရင် နိုင်ငံခြားသား ခရီးသွား လုံး၀ မရှိတော့တာကြောင့် ဒီက ဟိုတယ် အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း ပိတ်ထားရပါတယ်။ အရှုံးသက်သာအောင် လုပ်ကြရတာပါ။ ဖွင့်ထားမယ်ဆိုရင် လျှပ်စစ်၊ စွမ်းအင်၊ ဝန်ထမ်း လစာ အပါအဝင် ကုန်ကျစာရိတ်က အများကြီးပါ။ ဒါကြောင့်လည်း နိုင်ငံခြား ခရီးသွားတွေက အရမ်း အရေးကြီးပါတယ်။”

ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က ရှေးဟောင်းမြို့ အဖြစ် အသိအမှတ်ပြုထားတဲ့ Hue မြို့က နိုင်ငံတကာ ခရီးသွားတွေကြား ရေပန်းစားခဲ့ပေမယ့်လည်း အခုတော့ ခြောက်ကပ်ကပ် မြို့တခု ဖြစ်နေပါပြီ။ ဟိုတယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း ပိတ်ထားပြီး လူပေါင်း ၈,၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ရတယ်လို့လည်း ပြည်နယ် ခရီသွားလုပ်ငန်း ဌာန အကြီးအကဲ Thua Thien Hue က ပြောပါတယ်။ ဟနွိုင်းမှာလည်း အလားတူပါဘဲလို့ ဟိုတယ်ပိုင်ရှင် Nguyen Dinh Toi က ပြောပါတယ်။

“ ခရီးသွား လုပ်ငန်းကတော့ လုံး၀ ပျက်သွားပြီ ထင်ပါတယ်။ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ ပြန်စပြီး နိုင်ငံခြား ခရီးသွားတွေ ရောက်လာမယ့် အချိန်ကို စောင့်ရင်း ကိုယ့်ရှိတာလေးကိုဘဲ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ကြိုးစားနေကြရတာပါ။”
၂၀၀၉-၂၀၁၀ SARS ကပ်ဘေးရောဂါ တုန်းက ဘဏ္ဍာရေး အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပေမယ့်လည်း အခုကြုံရတဲ့ အခြေအနေကတော့ တကယ်ကို မယုံနိုင်စရာ ဖြစ်ရပါတယ်လို့လည်း ဟနွိုင်းမြို့တော် က ဟိုတယ် လုပ်ငန်းရှင် Toi က ပြောပြသွားတာပါ။

အစိုးရဘက်ကတော့ စီးပွားရေး နိုးထလာဖို့ ရည်ရွယ်ပြီး လမ်းတွေ တံတားတွေလို အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ငွေပုံအော ထည့်ပေးနေပါတယ်။ ဒါကြောင့်လည်း ဝယ်လိုအား မြင့်တက်လာသလို အလုပ်အကိုင်လည်း ဖန်တီးပေးရာ ရောက်တယ်လို့ Thanh က ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ၁၁ လတာ ကာလ အတွင်း အစိုးရရဲ့ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုက ၃၄ ရာခိုင်နှုန်း ပိုများလာပြီး ဒါဟာဆိုရင် ၉ နှစ်တာ ကာလ အတွင်း ပမာဏ အများဆုံး ဖြစ်တယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG