သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅၆ နိုင်ငံက ပြည်ပခရီးသည်တွေ ထိုင်းနိုင်ငံ ဝင်ခွင့်ပြု


ထိုင်းနိုင်ငံ Phuket အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တွေ့ရတဲ့ ခရီးသည်များ။ (နိုဝင်ဘာ ၂၂၊ ၂၀၂၀)
ထိုင်းနိုင်ငံ Phuket အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တွေ့ရတဲ့ ခရီးသည်များ။ (နိုဝင်ဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ဒဏ်ခံ စီးပွားရေး ပြန်ကုစားနိုင်ဖို့ နိုင်ငံပေါင်း ၅၆ နိုင်ငံက ခရီးသွားတွေအပေါ် ကန့်သတ်ထားတာတွေကို ဒီနေ့ ဖြေလျော့ပေးလိုက်ပါပြီ။

ဒါပေမဲ့ ဒီနိုင်ငံခြားခရီးသည်တွေအနေနဲ့ ထိုင်းနိုင်ငံအရောက်မှာ မဖြစ်မနေ သီတင်းနှစ်ပတ် ဟိုတယ် Quarantine ကန့်သတ်နေထိုင်ရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်လုပ်ငန်းအဖွဲ့ ပြောခွင့်ရ Taweesin Wisanuyothin က ဆိုပါတယ်။

သြစတြေးလျ၊ ပြင်သစ်နဲ့ အမေရိကန်က ခရီးသည်တွေအနေနဲ့ ဗီဇာမလိုအပ်ပေမဲ့ ခရီးစမထွက်ခင် ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာနဲ့ ဘယ်ဟိုတယ်မှာ Quarantine ကန့်သတ်နေထိုင်မယ်ဆိုတာ ပြရမှာဖြစ်ပါတယ်။

ကိုဗစ်လုပ်ငန်းအဖွဲ့ ပြောခွင့်ရ Taweesin ကပဲ အခုလို Quarantine ဝင်ပြီးရင် ရက် ၃၀ ဗီဇာကို ၄၅ ရက်အထိ သက်တမ်းတိုးပေးမှာပါလို့ ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီ Quarantine အသွားအလာ ကန့်သတ်ခံရချိန်တွင်းမှာလည်း COVID 19 ပိုးစစ်ဆေးမှုကို အရင် ၂ ကြိမ်ကနေ၊ အခုတော့ ၃ ကြိမ် ခံယူရမယ်လို့ Taweeson က ဆက်ပြောခဲ့ပါတယ်။

Taweeson ကပဲ ခုလို ပိုတိုးပြီးစစ်တာကြောင့် နောက်ပိုင်းမှာ Quarantine ထားရက်ကို လျှော့ချပေးသွားဖို့ ရှိတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG