[Zawgyi/Unicode]
ျပင္သစ္သမၼတ Emmanuel Macron မွာ ကိုဗစ္ပိုး စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ အစိုးရက ေၾကညာလိုက္ပါတယ္။
သမၼတ Macron မွာ အစပိုင္း ကိုဗစ္လကၡဏာ စေတြ႔လို႔ ေဆးစစ္ခဲ့ရာကေန ဒီေန႔ပဲ အခုလို ပိုးေတြ႔ခဲ့တယ္လို႔ ျပင္သစ္သမၼတရံုးက ေၾကညာတာပါ။
သမၼတ Macron အေနနဲ႔ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔အညီ ေနာက္ထပ္ ၇ ရက္ သီးသန္႔ခြဲေနသြားၿပီး အလုပ္ေတြကို အေဝးကေန ဆက္တာဝန္ထမ္းေဆာင္သြားမယ္လို႔ ဆိုပါတယ္။
သမၼတ Macron မတိုင္ခင္ ကိုဗစ္ျဖစ္ခဲ့တဲ့ ႏိုင္ငံေခါင္းေဆာင္ေတြကေတာ့ အေမရိကန္သမၼတ Donald Trump၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ဘရာဇီးသမၼတ Jair Bolsanaro တို႔ျဖစ္ၾကပါတယ္။
ဒီဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၁.၆ သန္းေသဆံုးၿပီး စုစုေပါင္း ၇၄ သန္းေက်ာ္ကူးစက္ခံလာရခ်ိန္မွာ အဆိုးဆံုးခံေနရတဲ့ အေမရိကန္နိုင္ငံမွာေတာ့ ဒုတိယေျမာက္ ကိုဗစ္ကာကြယ္ေဆးအတြက္ တရားဝင္ အတည္ျပဳႏိုင္ေရးလုပ္ငန္းစဥ္ေတြ ဒီေန႔စတင္မွာျဖစ္ပါတယ္။
အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးအဖြဲ႔ FDA ရဲ့ ကာကြယ္ေဆးအၾကံေပးအဖြဲ႔အေနနဲ႔ Massachusetts ျပည္နယ္အေျခစိုက္ Moderna ကုမၸဏီနဲ႔ အမ်ိဳးသားက်န္းမာေရးအဖြဲ႔တို႔ ပူးတြဲေဖာ္ေဆာင္ေနတဲ့ ကာကြယ္ေဆးအခ်က္အလက္ေတြကို စစ္ေဆးမွာျဖစ္ပါတယ္။
[Unicode Version]
ပြင်သစ်သမ္မတ ကိုဗစ်ရောဂါ ကူးစက်ခံရ
ပြင်သစ်သမ္မတ Emmanuel Macron မှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
သမ္မတ Macron မှာ အစပိုင်း ကိုဗစ်လက္ခဏာ စတွေ့လို့ ဆေးစစ်ခဲ့ရာကနေ ဒီနေ့ပဲ အခုလို ပိုးတွေ့ခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ကြေညာတာပါ။
သမ္မတ Macron အနေနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ နောက်ထပ် ၇ ရက် သီးသန့်ခွဲနေသွားပြီး အလုပ်တွေကို အဝေးကနေ ဆက်တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
သမ္မတ Macron မတိုင်ခင် ကိုဗစ်ဖြစ်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ အမေရိကန်သမ္မတ Donald Trump၊ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဘရာဇီးသမ္မတ Jair Bolsanaro တို့ဖြစ်ကြပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁.၆ သန်းသေဆုံးပြီး စုစုပေါင်း ၇၄ သန်းကျော်ကူးစက်ခံလာရချိန်မှာ အဆိုးဆုံးခံနေရတဲ့ အမေရိကန်နိုင်ငံမှာတော့ ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးအတွက် တရားဝင် အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်တွေ ဒီနေ့စတင်မှာဖြစ်ပါတယ်။
အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ရဲ့ ကာကွယ်ဆေးအကြံပေးအဖွဲ့အနေနဲ့ Massachusetts ပြည်နယ်အခြေစိုက် Moderna ကုမ္ပဏီနဲ့ အမျိုးသားကျန်းမာရေးအဖွဲ့တို့ ပူးတွဲဖော်ဆောင်နေတဲ့ ကာကွယ်ဆေးအချက်အလက်တွေကို စစ်ဆေးမှာဖြစ်ပါတယ်။