သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်က ကိုဗစ်ကာကွယ်ဆေးတွေ ဘရာဇီးကို တင်ပို့


A staff member works during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (P
A staff member works during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (P

{{Zawgyi/Unicode}}

တရုတ်နိုင်ငံအနေနဲ့ ဒုတိယအသုတ် Covid-19 ကာကွယ်ဆေးတွေကို ဘရာဇီးနိုင်ငံကို တင်ပို့ဖို့အဆင်သင့်ဖြစ်နေပြီလို့ Sinovac Biotech ရဲ့ လူထုဆက်သွယ်ရေး ညွန်ကြားရေးမှု Liu Peicheng ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ ကျနော်တို့ ဒီည Covid-19 ကာကွယ်ဆေး ၁.၉၁ သန်းကို ဘရာဇီးနိုင်ငံကိုပို့မယ်။ သူတို့အတည်ပြုမယ်ဆိုရင်တော့ ဒါဟာ ဒုတိယအသုတ်ပါ။ ပထမအသုတ် ၆၀၀ လီတာ ကုန်ချောတွေကတော့ ဘရာဇီးကိုရောက်နေပြီ။ ၆၀၀ လီတာဟာ ထိုးဆေးပမာဏ တသန်းနဲ့ညီပါတယ်။ ပထမအသုတ် ထိုးဆေး ၁၂၀ ၀၀၀ ဟာ သုတေသနအတွက် အသုံးပြုဖို့ပါ။ “

ဘရာဇီးနိုင်ငံမြို့တော် Sao Paulo အထိ ဒီကာကွယ်ဆေးတွေကို သယ်ယူပို့ဆောင်ရာမှာ အပူချိန်မှတ်တမ်းကိရိယာတွေနဲ့စောင့်ကြည့်သွားမှာဖြစ်ပြီး ဆေးအရည်အသွေးမထိခိုက်စေဖို့အတွက် အပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီအတွင်းထိန်းသိမ်းထားရှိသွားမှာဖြစ်ပါတယ်။ ဒါဟာ ခွေးရူးရောဂါကာကွယ်ဆေးတွေကို ထိန်းသိမ်းတဲ့ အပူချိန်နဲ့တူညီပါတယ်။

“ကာကွယ်ဆေးထိန်းသိမ်းတဲ့နေရာမှာ စံအပူချိန်ဖြစ်တဲ့ အပူချိန် ၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်မှာပဲ ကျနော်တို့ဆေးသေတ္တာကို ထားရှိမှာဖြစ်ပါတယ်။ လေဆိပ်စစ်ဆေးရေးကို ဖြတ်ပြီးတာနဲ့လေယာဉ်မထွက် ဒီဆေးတွေကို အတိုဆုံးအချိန်အတွင်း လေယာဉ်ပေါ်ကိုတင်ပေးမှာဖြစ်တယ်”

လို့Weida ကုန်စည်ပို့ဆောင်ရေး မန်နေဂျာ Feng Baojun ကပြောပါတယ်။

Sinovac ဆေးကုမ္ပဏီကတော့ ဒီဆေးကို တရုတ်ပြည်မှာသုံးဖို့ ထောက်ခံချက်ကို စောင့်ဆိုင်းနေဆဲပဲဖြစ်ပြီး အချိန်ရောက်တာနဲ့ ပြည်တွင်းမှာထိုးဖို့အဆင်သင့်ပြင်ထားတယ်လို့ဆိုပါတယ်။

“တရုတ်နိုင်ငံထဲမှာတော့ အအေးခန်းပါတဲ့ ထရပ်ကားတွေနဲ့ကုန်လမ်းခရီးကပဲ သယ်ယူဖို့လောလောဆယ်စီစဉ်ထားတယ်။တချို့နေရာတွေကို လေကြောင်းနဲ့ပို့ကောင်းပို့ရမယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲကတော့ ကာကွယ်ဆေးတွေကို ရောဂါထိန်းချုပ်ရေးဌာန ၁၀၀၀ ကျော်ဆီကို ပေးပို့တာမျိုး အစမ်းလေ့ကျင့်ခဲ့တယ်။ ပေကျင်းမြို့တော်အတွက် ပို့ပေးဖို့ ၂ နာရီကျော်လောက်ကြာပေမယ့် Xinjiang မြို့အတွက်ကတော့ ၂ ရက်လောက်ကြာနိုင်ပါတယ်” လို့ Liu က ပြောပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG