(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရလို႔ Quarantine လုပ္ၿပီး သီးျခားခြဲေနရတဲ့ သမၼတ Jair Bolsonaro ႏုတ္ထြက္ေပးဖို႔ ဘရာဇီးျပည္သူေတြ ဆႏၵျပသူေတြက ေတာင္းဆိုေနၾကပါတယ္။
သမၼတ Bolsonaro ရဲ႕ ကိုရိုနာဗုိင္းရပ္ေရာဂါဆိုင္ရာ တုံ႔ျပန္ေဆာင္ရြက္မႈကို စိတ္ပ်က္ေနတဲ့ ဆႏၵျပသူေတြဟာ ဒီကပ္ေရာဂါေၾကာင့္ ေသဆံုးထိခိုက္ရသူေတြကို ရည္စူးၿပီး သူတို႔ကိုယ္စား လက္ဝါးကပ္တိုင္ေတြကို ၿမိဳ႕ေတာ္ Brasilia က လႊတ္ေတာ္အျပင္မွာ အဂၤါေန႔က စို္က္ထူ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။
ကုန္သြယ္ေရးသမဂၢ အဖြဲ႔ဝင္ေတြ၊ ဌာေနတိုင္းရင္းသား ေတြနဲ႔ LGBT အေရး လႈပ္ရွားသူေတြပါဝင္တဲ့ ဆႏၵျပသူေတြက သမၼတကို တရားစြဲဆိုဖို႔ေတာင္းဆိုတဲ့ ပန္ၾကားလႊာကို လႊတ္ေတာ္ကို ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။
ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါရဲ႕ သက္ေရာက္မႈအေပၚ ေလ ွ်ာ့ေပါ့ေျပာေလ့ရွိတာေၾကာင့္ သမၼတ Bolsonaro ဟာ က်ယ္က်ယ္ျပန္႔ျပန္႔ အေဝဖန္ခံေနရတာပါ။ ဌာေနတိုင္းရင္းသား ေခါင္းေဆာင္ Kretan Kaingang ကလည္း ဒီကပ္ေရာဂါျဖစ္ပြားေနခ်ိန္အတြင္း ေသဆံုးခဲ့ရတဲ့ စစ္သူရဲေကာင္းေတြကို ဂုဏ္ျပဳဖို႔ ဆႏၵျပသူေတြက လိုခ်င္ၾကေၾကာင္း ေျပာပါတယ္။
ဘရာဇီးလ္ ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ ေသဆံုးရသူက ၇ ေသာင္း ၄ ေထာင္ေက်ာ္ ရွိေနၿပီး ဒါဟာ အေမရိကန္ႏိုင္ငံ ၿပီးရင္ ဒုတိယအမ်ားဆံုး ေသဆံုးမႈရွိတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ဘရာဇီးလ္မွာ ဒီေရာဂါ အကူးစက္ ခံရသူက ၂ သန္းနီးပါး ရွိေနၿပီျဖစ္ပါတယ္။
..............
ကိုဗစ်အရေးကိုင်တွယ်ပုံမကျေနပ်လို့ သမ္မတ နုတ်ထွက်ပေးဖို့ ဘရာဇီးပြည်သူတွေ တောင်းဆို
(Unicode)
ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရလို့ Quarantine လုပ်ပြီး သီးခြားခွဲနေရတဲ့ သမ္မတ Jair Bolsonaro နုတ်ထွက်ပေးဖို့ ဘရာဇီးပြည်သူတွေ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
သမ္မတ Bolsonaro ရဲ့ ကိုရိုနာဗိုင်းရပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို စိတ်ပျက်နေတဲ့ ဆန္ဒပြသူတွေဟာ ဒီကပ်ရောဂါကြောင့် သေဆုံးထိခိုက်ရသူတွေကို ရည်စူးပြီး သူတို့ကိုယ်စား လက်ဝါးကပ်တိုင်တွေကို မြို့တော် Brasilia က လွှတ်တော်အပြင်မှာ အင်္ဂါနေ့က စိုက်ထူ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ကုန်သွယ်ရေးသမဂ္ဂ အဖွဲ့ဝင်တွေ၊ ဌာနေတိုင်းရင်းသား တွေနဲ့ LGBT အရေး လှုပ်ရှားသူတွေပါဝင်တဲ့ ဆန္ဒပြသူတွေက သမ္မတကို တရားစွဲဆိုဖို့တောင်းဆိုတဲ့ ပန်ကြားလွှာကို လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ သက်ရောက်မှုအပေါ် လေ ျှာ့ပေါ့ပြောလေ့ရှိတာကြောင့် သမ္မတ Bolsonaro ဟာ ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတာပါ။ ဌာနေတိုင်းရင်းသား ခေါင်းဆောင် Kretan Kaingang ကလည်း ဒီကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း သေဆုံးခဲ့ရတဲ့ စစ်သူရဲကောင်းတွေကို ဂုဏ်ပြုဖို့ ဆန္ဒပြသူတွေက လိုချင်ကြကြောင်း ပြောပါတယ်။
ဘရာဇီးလ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးရသူက ၇ သောင်း ၄ ထောင်ကျော် ရှိနေပြီး ဒါဟာ အမေရိကန်နိုင်ငံ ပြီးရင် ဒုတိယအများဆုံး သေဆုံးမှုရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ဒီရောဂါ အကူးစက် ခံရသူက ၂ သန်းနီးပါး ရှိနေပြီဖြစ်ပါတယ်။