(Zawgyi/Unicode)
ဘရာဇီးလ္ႏိုင္ငံက အေမဇုံ သစ္ေတာႀကီးရဲ့ သစ္ေတာျပဳန္းတီးမႈႏႈန္းက တစ္ႏွစ္ၿပီးတစ္ႏွစ္ ၂၅ ရာခိုင္ႏႈန္း ျမင့္တက္လာေန တယ္လို႔ ေသာၾကာေန႔က တရားဝင္ ထုတ္ျပန္တဲ့ စာရင္းဇယားေတြမွာ ပါရွိပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ပထမ ႏွစ္ဝက္မွာ သစ္ေတာ စတုရန္း မိုင္ ၁၂၀၀ ေလာက္ ျပဳန္းတီးခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္ ၿဂိဳလ္တုကေန မွတ္တမ္းယူခ်ိန္က စၿပီး ျပဳန္းတီးမႈ အမ်ားဆုံးႏႈန္း ျဖစ္ပါတယ္။
ေျခာက္ေသြ႕ရာသီစတင္ၿပီး ေတာမီး စတင္ေလာင္ကၽြမ္းေလ့ရွိတဲ့ ဇြန္လထဲမွာလည္း သစ္ေတာ စတုရန္းမိုင္ ၄၀၀ စံခ်ိန္တင္ ဆုံးရႈံးခဲ့ ပါတယ္။ သစ္ေတာျပဳန္းတီးမႈႏႈန္း အရင္ကထက္ ၁၁ ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့တာပါ။
သစ္ေတာျပဳန္းတီးမႈ ပမာဏ မ်ားတာေၾကာင့္ သမၼတ Jair Bolsonaro ရဲ့ အေမဇုံေဒသ ဖြံ့ၿဖိဳးတိုးတက္ေရး စီမံကိန္းကို စြန္႔လႊတ္ ဖို႔ အတြက္ ဖိအားေတြ ပိုလာ ေစခဲ့ပါတယ္။
ကမၻာ့အဆုတ္ႀကီးလို႔ ေခၚတဲ့ အေမဇုံသစ္ေတာျပဳန္းတီးမႈနဲ႔ မီးေလာင္ကၽြမ္းမႈေတြေၾကာင့္ ဘရာဇီးလ္နိုင္ငံဟာ ပတ္ဝန္းက်င္ ထိန္းသိမ္း ေရး အဖြဲ႕ေတြနဲ႔ ကမၻာ့နိုင္ငံေတြရဲ့ ေဝဖန္ျပစ္တင္မႈကို ခံေနရပါတယ္။
တရားမဝင္ သစ္ထုတ္လုပ္မႈ၊ သတၱဳ တူးေဖာ္ေရးနဲ႔ တိရစၧာန္ ေမြးျမဴေရး ၿခံေတြ ဖန္တီးတာက သစ္ေတာ ျပဳန္းတီးမႈ အဓိက အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။
ပတ္ဝန္းက်င္ ေျပာင္းလဲေနတာကို မယုံၾကည္တဲ့ ဘရာဇီးလ္း သမၼတ Bolsonaro က ဌာနေဒသခံေတြရဲ့ နယ္ေျမေတြနဲ႔ ပတ္ဝန္း က်င္ထိန္းသိမ္းဖို႔ အကာအကြယ္ေပးထားတဲ့ နယ္ေျမေတြထဲ ေမြးျမဴေရး ၿခံေတြနဲ႔ သတၱဳ တူးေဖာ္ေရး လုပ္ငန္းေတြ လုပ္ဖို႔ အား ေပးေန သူ တစ္ေယာက္ ျဖစ္ပါတယ္။
ေမလတုန္းကေတာ့ တရားမဝင္ သစ္ထုတ္လုပ္မႈနဲ႔ ေတာမီးရန္ ကာကြယ္ဖို႔ ဆိုၿပီး သမၼတ Bolsonaro က ဘရာဇီးလ္ စစ္တပ္ကို အေမဇုံ သစ္ေတာထဲကို ေစလႊတ္ခဲ့ပါတယ္။ စစ္တပ္ရွိေနေပမဲ့ INPE လို႔ အမ်ိဳးသား အာကာသ သုေတသန ဌာနက ထုတ္ျပန္ခ်က္ေတြအရ အရင္ႏွစ္နဲ႔ ႏွိုင္းစာရင္ ဒီႏွစ္ ဇန္နဝါရီလက စၿပီး တလထက္ တလ သစ္ေတာ ျပဳန္းတီးမႈႏႈန္းက ျမင့္တက္လာေနပါတယ္။
...............
အမေဇုံသစ်တော နှစ်စဉ် ၂၅ ရာခိုင်နှုန်း ပြုန်းတီးနေ
(Unicode)
ဘရာဇီးလ်နိုင်ငံက အမေဇုံ သစ်တောကြီးရဲ့ သစ်တောပြုန်းတီးမှုနှုန်းက တစ်နှစ်ပြီးတစ်နှစ် ၂၅ ရာခိုင်နှုန်း မြင့်တက်လာနေ တယ်လို့ သောကြာနေ့က တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ပါရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမ နှစ်ဝက်မှာ သစ်တော စတုရန်း မိုင် ၁၂၀၀ လောက် ပြုန်းတီးခဲ့တာကြောင့် ၂၀၁၅ ခုနှစ် ဂြိုလ်တုကနေ မှတ်တမ်းယူချိန်က စပြီး ပြုန်းတီးမှု အများဆုံးနှုန်း ဖြစ်ပါတယ်။
ခြောက်သွေ့ရာသီစတင်ပြီး တောမီး စတင်လောင်ကျွမ်းလေ့ရှိတဲ့ ဇွန်လထဲမှာလည်း သစ်တော စတုရန်းမိုင် ၄၀၀ စံချိန်တင် ဆုံးရှုံးခဲ့ ပါတယ်။ သစ်တောပြုန်းတီးမှုနှုန်း အရင်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာပါ။
သစ်တောပြုန်းတီးမှု ပမာဏ များတာကြောင့် သမ္မတ Jair Bolsonaro ရဲ့ အမေဇုံဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို စွန့်လွှတ် ဖို့ အတွက် ဖိအားတွေ ပိုလာ စေခဲ့ပါတယ်။
ကမ္ဘာ့အဆုတ်ကြီးလို့ ခေါ်တဲ့ အမေဇုံသစ်တောပြုန်းတီးမှုနဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ဘရာဇီးလ်နိုင်ငံဟာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့တွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံနေရပါတယ်။
တရားမဝင် သစ်ထုတ်လုပ်မှု၊ သတ္တု တူးဖော်ရေးနဲ့ တိရစ္ဆာန် မွေးမြူရေး ခြံတွေ ဖန်တီးတာက သစ်တော ပြုန်းတီးမှု အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ပတ်ဝန်းကျင် ပြောင်းလဲနေတာကို မယုံကြည်တဲ့ ဘရာဇီးလ်း သမ္မတ Bolsonaro က ဌာနဒေသခံတွေရဲ့ နယ်မြေတွေနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းဖို့ အကာအကွယ်ပေးထားတဲ့ နယ်မြေတွေထဲ မွေးမြူရေး ခြံတွေနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်းတွေ လုပ်ဖို့ အား ပေးနေ သူ တစ်ယောက် ဖြစ်ပါတယ်။
မေလတုန်းကတော့ တရားမဝင် သစ်ထုတ်လုပ်မှုနဲ့ တောမီးရန် ကာကွယ်ဖို့ ဆိုပြီး သမ္မတ Bolsonaro က ဘရာဇီးလ် စစ်တပ်ကို အမေဇုံ သစ်တောထဲကို စေလွှတ်ခဲ့ပါတယ်။ စစ်တပ်ရှိနေပေမဲ့ INPE လို့ အမျိုးသား အာကာသ သုတေသန ဌာနက ထုတ်ပြန်ချက်တွေအရ အရင်နှစ်နဲ့ နှိုင်းစာရင် ဒီနှစ် ဇန်နဝါရီလက စပြီး တလထက် တလ သစ်တော ပြုန်းတီးမှုနှုန်းက မြင့်တက်လာနေပါတယ်။