သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ဆြစ္ဇာလန္နဲ႔ ဗီယက္နမ္ ေငြေၾကးကစားတဲ့ ႏိုင္ငံေတြအျဖစ္ ကန္ေၾကညာ


အေမရိကန္ေဒၚလာမ်ားကို ဗီယက္နမ္ႏိုင္ငံ Hanoi ၿမိဳ႕က ဘဏ္ဝန္ထမ္းတဦး ေရတြက္ေနတဲ့ ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၁၆)

[Zawgyi/Unicode]

ဆြစ္ဇာလန္နဲ႔ ဗီယက္နမ္ႏိုင္ငံေတြကို ေငြေၾကးကစားတဲ့ currency manipulators ႏိုင္ငံ ေတြအျဖစ္ သမၼတ ထရမ့္ အစိုးရက ဗုဒၶဟူးေန႔မွာ သတ္မွတ္လိုက္ပါတယ္။ ဒီလို သတ္မွတ္လိုက္တာေၾကာင့္ ေ႐ြးေကာက္ခံ သမၼတ Joe Biden အစိုးရအတြက္ အေမရိကန္ရဲ႕ ကုန္သြယ္ဖက္ ႏိုင္ငံေတြနဲ႔ ဆက္ဆံေရးမွာ ရႈပ္ေထြးမႈေတြ ျဖစ္ေပၚလာေစႏုိင္ပါတယ္။

ဒါ့အျပင္ အေမရိကန္ ေဒၚလာနဲ႔ ယွဥ္ၿပီး သုံးစြဲရာမွာ ေငြလဲႏႈန္းကို ရည္႐ြယ္ခ်က္ရွိရွိ တန္ဖိုးခ်ထားတဲ့ ႏိုင္ငံေတြ အျဖစ္ အိႏၵိယ၊ ထိုင္းနဲ႔ ထိုင္ဝမ္တို႔ကိုလည္း အေမရိကန္ ဘ႑ာေရးဌာနက ထည့္သြင္းသတ္မွတ္လိုက္ပါတယ္။

COVID 19 ကပ္ေရာဂါက ကုန္သြယ္ေရး စီးဆင္းမႈေတြအေပၚ ထိခိုက္မႈရွိေနသလို အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရး လိုေငြျပမႈကိုလည္း ပိုၿပီး ႀကီးမားေစခဲ့ပါတယ္။ ဒီ အခ်က္က လြန္ခဲ့တဲ့ ေလးႏွစ္ ေ႐ြးေကာက္ပြဲမဲဆြယ္ကတည္းက လိုေငြျပမႈကို ေလွ်ာ့ခ်ေပးမယ္လို႔ ကတိေပးထားတဲ့ သမၼတ ထရမ့္ အစိုးရအတြက္ လက္မခံႏိုင္စရာ ျဖစ္ေနတာပါ။

ဘ႑ာေရးဝန္ႀကီးဌာနအေနနဲ႔ အေမရိကန္ လုပ္ငန္းေတြနဲ႔ အလုပ္သမားေတြအတြက္ စီးပြားေရး တိုးတက္မႈနဲ႔ အခြင့္အလမ္းေတြကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ ခိုင္မာတဲ့ ေျခလွမ္းကို လွမ္းလိုက္တာလို႔လည္း အေမရိကန္ ဘ႑ာေရးဝန္ႀကီး Steven Mnuchin ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ေငြေၾကးကစားတဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ခံရတဲ့ တ႐ုတ္ႏိုင္ငံကိုလည္း အေမရိကန္နဲ႔ ကုန္သြယ္ေရးမွာ ပိုေငြ အမ်ားအျပားနဲ႔ အသာစီးရေနတာေၾကာင့္ ေစာင့္ၾကည့္ရမယ့္ ႏိုင္ငံစာရင္းထဲ ဆက္ၿပီး ထည့္သြင္းထားပါတယ္။ ဒီႏွစ္ ဇန္နဝါရီ လက အေမရိကန္နဲ႔ တ႐ုတ္တို႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ ပထမအဆင့္ ရခဲ့တုန္းကေတာ့ တ႐ုတ္ႏိုင္ငံကို ဒီ စာရင္းထဲကေန ပယ္ဖ်က္ေပးခဲ့တာပါ။

အေမရိကန္နဲ႔ ကုန္သြယ္ေရးမွာ အနည္းဆုံး အေမရိကန္ ေဒၚလာ ၂၀ ဘီလီယံနဲ႔အထက္ အသာစီး ရရွိေနတဲ့ႏိုင္ငံျဖစ္သလို ႏိုင္ငံျခား ေငြလဲႏႈန္းေဈးကြက္ကို ဝင္ေရာက္ စြက္ဖက္ကိုင္တြယ္မႈမွာ ဂ်ီဒီပီရဲ႕ ၂ ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့ ႏိုင္ငံေတြကို ေငြေၾကးကစားတဲ့ ႏိုင္ငံေတြ အျဖစ္ သတ္မွတ္ေလ့ရွိတာ ျဖစ္ပါတယ္။

အခု ဒီစာရင္းထဲထည့္လိုက္တဲ့ ဗီယက္နမ္နဲ႔ ဆြစ္ဇာလန္ႏိုင္ငံတို႔က ႏိုင္ငံျခားေငြလဲႏႈန္း ေဈးကြက္ကို ဝင္ေရာက္စြက္ဖက္မႈ ၅ ရာခိုင္ႏႈန္းနဲ႔ ၁၄ ရာခိုင္ႏႈန္း အသီးသီး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆွစ်ဇာလန်နဲ့ ဗီယက်နမ် ငွေကြေးကစားတဲ့ နိုင်ငံတွေအဖြစ် ကန်ကြေညာ

ဆွစ်ဇာလန်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ငွေကြေးကစားတဲ့ currency manipulators နိုင်ငံ တွေအဖြစ် သမ္မတ ထရမ့် အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတ်မှတ်လိုက်ပါတယ်။ ဒီလို သတ်မှတ်လိုက်တာကြောင့် ရွေးကောက်ခံ သမ္မတ Joe Biden အစိုးရအတွက် အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါ့အပြင် အမေရိကန် ဒေါ်လာနဲ့ ယှဉ်ပြီး သုံးစွဲရာမှာ ငွေလဲနှုန်းကို ရည်ရွယ်ချက်ရှိရှိ တန်ဖိုးချထားတဲ့ နိုင်ငံတွေ အဖြစ် အိန္ဒိယ၊ ထိုင်းနဲ့ ထိုင်ဝမ်တို့ကိုလည်း အမေရိကန် ဘဏ္ဍာရေးဌာနက ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

COVID 19 ကပ်ရောဂါက ကုန်သွယ်ရေး စီးဆင်းမှုတွေအပေါ် ထိခိုက်မှုရှိနေသလို အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကိုလည်း ပိုပြီး ကြီးမားစေခဲ့ပါတယ်။ ဒီ အချက်က လွန်ခဲ့တဲ့ လေးနှစ် ရွေးကောက်ပွဲမဲဆွယ်ကတည်းက လိုငွေပြမှုကို လျှော့ချပေးမယ်လို့ ကတိပေးထားတဲ့ သမ္မတ ထရမ့် အစိုးရအတွက် လက်မခံနိုင်စရာ ဖြစ်နေတာပါ။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန် လုပ်ငန်းတွေနဲ့ အလုပ်သမားတွေအတွက် စီးပွားရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေကို ကာကွယ် စောင့်ရှောက်ဖို့ ခိုင်မာတဲ့ ခြေလှမ်းကို လှမ်းလိုက်တာလို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ငွေကြေးကစားတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ တရုတ်နိုင်ငံကိုလည်း အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ပိုငွေ အများအပြားနဲ့ အသာစီးရနေတာကြောင့် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းထဲ ဆက်ပြီး ထည့်သွင်းထားပါတယ်။ ဒီနှစ် ဇန်နဝါရီ လက အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့် ရခဲ့တုန်းကတော့ တရုတ်နိုင်ငံကို ဒီ စာရင်းထဲကနေ ပယ်ဖျက်ပေးခဲ့တာပါ။

အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံနဲ့အထက် အသာစီး ရရှိနေတဲ့နိုင်ငံဖြစ်သလို နိုင်ငံခြား ငွေလဲနှုန်းဈေးကွက်ကို ဝင်ရောက် စွက်ဖက်ကိုင်တွယ်မှုမှာ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံတွေကို ငွေကြေးကစားတဲ့ နိုင်ငံတွေ အဖြစ် သတ်မှတ်လေ့ရှိတာ ဖြစ်ပါတယ်။

အခု ဒီစာရင်းထဲထည့်လိုက်တဲ့ ဗီယက်နမ်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က နိုင်ငံခြားငွေလဲနှုန်း ဈေးကွက်ကို ဝင်ရောက်စွက်ဖက်မှု ၅ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်း အသီးသီး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG