သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္နဲ႔ ဗီယက္နမ္ၾကား လြတ္လပ္စြာ ကုန္သြယ္ေရးသေဘာတူညီခ်က္ လက္မွတ္ထုိး


လြတ္လပ္စြာ ကုန္သြယ္ေရးသေဘာတူညီခ်က္ လက္မွတ္ထုိးတဲ့ ၿဗိတိန္ ႏုိင္ငံတကာ ကုန္သြယ္ေရးဝန္ႀကီး Liz Truss (ယာ) နဲ႔ ဗီယက္နမ္ စက္မႈနဲ႔ ကုန္သြယ္ေရးဝန္ႀကီး Tran Tuan Anh. (ဒီဇင္ဘာ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

ၿဗိတိန္နဲ႔ ဗီယက္နမ္ ႏွစ္ႏုိင္ငံၾကား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို ေသာၾကာေန႔က ရရွိခဲ့ၿပီး လာမယ့္ ဇန္နဝါရီလ ၁ ရက္ေန႔မွာ စတင္သက္ေရာက္မွာ ျဖစ္ပါတယ္။

ဥေရာပသမဂၢကေန ၿဗိတိန္ ႏုတ္ထြက္ၿပီးေနာက္ပိုင္း ကုန္သြယ္ေရးကိစၥက ဥေရာပသမဂၢနဲ႔ ၿဗိတိန္ၾကား မေျပမလည္ ျဖစ္ေနခ်ိန္မွာ အခု တတိယေျမာက္ သေဘာတူညီခ်က္ျဖစ္တဲ့ ဗီယက္နမ္နဲ႔ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ ရတာပါ။

ဂ်ပန္၊ စင္ကာပူတို႔နဲ႔လည္း ကုန္သြယ္ေရး သေဘာတူညီခ်က္ ရရွိထားၿပီး ျဖစ္ပါတယ္။

ဗီယက္နမ္နဲ႔ အခု သေဘာတူညီခ်က္ဟာဆိုရင္ ပစိဖိတ္သမုဒၵရာတဝန္း ႏုိင္ငံမ်ား ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ CPTPP မွာ ၿဗိတိန္ ဝင္ေရာက္ႏုိင္ေရးအတြက္ အဓိကက်တဲ့ ေဆာင္ရြက္မႈတခု ျဖစ္တယ္လုိ႔လည္း ႏွစ္ႏုိင္ငံ ပူးတြဲ ေၾကညာခ်က္က ေဖာ္ျပပါတယ္။

“CPTPP ဟာ UK အတြက္ အေရးႀကီးပါတယ္။ ဒါဟာဆိုရင္ ၿဗိတိန္ ေပါင္စတာလင္ ၉ ထရီလီယံေလာက္ရွိတဲ့ ေစ်းကြက္ထဲကို ၿဗိတိန္တို႔ ထဲထဲဝင္ဝင္ ပါဝင္ႏုိင္မွာေၾကာင့္ ျဖစ္ပါတယ္” လို႔ ၿဗိတိန္ ႏုိင္ငံတကာ ကုန္သြယ္ေရးဝန္ႀကီး Liz Truss က သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။

EU ဥေရာပသမဂၢကေန ၿဗိတိန္ ႏုတ္ထြက္ၿပီးေနာက္ အကူးအေျပာင္းကာလက ဒီဇင္ဘာလကုန္မွာ အဆံုးသတ္မွာေၾကာင့္ ဒီကုန္သြယ္ေရးသေဘာတူညီမႈကို အစားထိုးႏုိင္ေရးအတြက္ ၿဗိတိန္က တျခား ကုန္သြယ္ေရး သေဘာတူညီခ်က္သစ္ေတြကို ညႇိႏိႈင္းေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဗြိတိန်နဲ့ ဗီယက်နမ်ကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုး

ဗြိတိန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို သောကြာနေ့က ရရှိခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးကိစ္စက ဥရောပသမဂ္ဂနဲ့ ဗြိတိန်ကြား မပြေမလည် ဖြစ်နေချိန်မှာ အခု တတိယမြောက် သဘောတူညီချက်ဖြစ်တဲ့ ဗီယက်နမ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရတာပါ။ ဂျပန်၊ စင်ကာပူတို့နဲ့လည်း ကုန်သွယ်ရေး သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ အခု သဘောတူညီချက်ဟာဆိုရင် ပစိဖိတ်သမုဒ္ဒရာတဝန်း နိုင်ငံများ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု CPTPP မှာ ဗြိတိန် ဝင်ရောက်နိုင်ရေးအတွက် အဓိကကျတဲ့ ဆောင်ရွက်မှုတခု ဖြစ်တယ်လို့လည်း နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်က ဖော်ပြပါတယ်။

“CPTPP ဟာ UK အတွက် အရေးကြီးပါတယ်။ ဒါဟာဆိုရင် ဗြိတိန် ပေါင်စတာလင် ၉ ထရီလီယံလောက်ရှိတဲ့ ဈေးကွက်ထဲကို ဗြိတိန်တို့ ထဲထဲဝင်ဝင် ပါဝင်နိုင်မှာကြောင့် ဖြစ်ပါတယ်” လို့ ဗြိတိန် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Liz Truss က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

EU ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက် အကူးအပြောင်းကာလက ဒီဇင်ဘာလကုန်မှာ အဆုံးသတ်မှာကြောင့် ဒီကုန်သွယ်ရေးသဘောတူညီမှုကို အစားထိုးနိုင်ရေးအတွက် ဗြိတိန်က တခြား ကုန်သွယ်ရေး သဘောတူညီချက်သစ်တွေကို ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG