{{Zawgyi/Unicode}}
အေမရိကန္ျပည္ေတာင္စုက အီရန္နိုင္ငံရဲ့ ေရနံဓာတုပစၥည္းေတြေရာင္းခ်ရာမွာ အကူအညီေပးခဲ့ၾကတဲ့ တရုတ္နဲ ့ယူေအအီးနိုင္ငံက ကုမၸဏီေတြကို ျပီးခဲ့တဲ့ ဗုဒၶဟူးေန ့က ဒဏ္ခတ္ပိတ္ဆို ့အေရးယူခဲ့ပါတယ္။
အေမရိကန္ ဘ႑ာေရး၀န္ၾကီးဌာနရဲ့ ေၾကညာခ်က္ထဲမွာေတာ့ ဒီနွစ္အေစာပိုင္းထဲက ပိတ္ဆို ့အရးယူခံထားရတဲ့ Triliance Petrochemical Co.Ltd ကထုတ္လုပ္တဲ့ အီရန္ရဲ့ ေရနံဓာတုထုတ္ကုန္ေတြကိုတင္ပို ့ရာမွာ အကူအညီေပးတဲ့ ကုမၸဏီနာမည္ေလးခုကို အမည္မဲစာရင္းထဲ ထည့္သြင္းေဖာ္ျပထားပါတယ္။
အဲဒီကုမၸဏီေလးခုကေတာ့ တရုတ္နိင္ငံအေျခစိုက္ Donghai International Ship Management Limited နဲ ့ Petrochem South East Limited တုိ ့ျဖစ္ၾကျပီး UAE အေျခစိုက္ Alpha Tech Trading နဲ ့ Petroliance တို ့ျဖစ္ၾကပါတယ္။
ဒီလို အေရးယူေဆာင္ရြက္မွုဟာ ျပီးခဲ့တဲ့ ရက္သတၱပတ္ေတြထဲကစလို ့ ေန ့စဥ္နီးပါး ေဒၚနယ္ထရန္ ့အစိုးရရဲ့ ကုန္သြယ္ေရးပိတ္ဆို ့မွုေတြခ်မွတ္ေနတဲ ့အထဲက တခုျဖစ္ျပီး အမ်ားစုဟာ အီရန္အစိုးရကို ပစ္မွတ္ထားအေရးယူတာပါ။ ေလ့လာသူေတြကေတာ့ ဒီလိုပိတ္ဆို ့အေရးယူျပီး အီရန္အစိုးရကို ဖိအားေပးတာဟာ ေရြးေကာက္ခံသမၼတ ဂ်ိဴးဘိုင္ဒန္ရဲ့ အီရန္နိုင္ငံနဲ ့န်ဴးကလီးယားစာခ်ဳပ္ေတြကို ျပန္လည္သေဘာတူညီမွုေတြလုပ္ေဆာင္ရာမွာ ပုိမုိ ရွုပ္ေထြးေအာင္လုပ္သလုိ ျဖစ္ေနတယ္လုိ႔ ဆိုပါတယ္။
ဒီပိတ္ဆို ့ဒဏ္ခတ္မႈအရ အေမရိကန္ႏုိင္ငံအတြင္းမွာရွိတဲ့ ကုမၸဏီေတြရဲ့ ပိုင္ဆိုင္မွုေတြကို ထိန္းခ်ဳပ္ထားမွာျဖစ္ျပီး သူတို ့နဲ ့ မပက္သက္ဖို ့ အျခားကုမၸဏီေတြကိုလည္း တားဆီးထားတာ ျဖစ္ပါတယ္။ အမည္မဲစာရင္း တင္သြင္းျခင္းခံထားရတဲ့အဖြဲ ့အစည္းေတြနဲ ့ဘ႑ာေရးအရ ဆက္ႏြယ္ပက္သက္တဲ့ အျခား အဖြဲ ့အစည္းေတြဟာလည္း ပိတ္ဆို ့ျခင္းခံရဖို ့ အႏၱရာယ္ရွိေၾကာင္း အေမရိကန္ဘ႑ာေရး၀န္ၾကီးဌာနက ေျပာပါတယ္။
....................................................
{{Unicode}}
အမေရိကန်ပြည်တောင်စုက အီရန်နိုင်ငံရဲ့ ရေနံဓာတုပစ္စည်းတွေရောင်းချရာမှာ အကူအညီပေးခဲ့ကြတဲ့ တရုတ်နဲ့ယူအေအီးနိုင်ငံက ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ ဒီနှစ်အစောပိုင်းထဲက ပိတ်ဆို့အရးယူခံထားရတဲ့ Triliance Petrochemical Co.Ltd ကထုတ်လုပ်တဲ့ အီရန်ရဲ့ ရေနံဓာတုထုတ်ကုန်တွေကိုတင်ပို့ရာမှာ အကူအညီပေးတဲ့ ကုမ္ပဏီနာမည်လေးခုကို အမည်မဲစာရင်းထဲ ထည့်သွင်းဖော်ပြထားပါတယ်။
အဲဒီကုမ္ပဏီလေးခုကတော့ တရုတ်နိင်ငံအခြေစိုက် Donghai International Ship Management Limited နဲ့ Petrochem South East Limited တို့ဖြစ်ကြပြီး UAE အခြေစိုက် Alpha Tech Trading နဲ့ Petroliance တို့ဖြစ်ကြပါတယ်။
ဒီလို အရေးယူဆောင်ရွက်မှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲကစလို့ နေ့စဉ်နီးပါး ဒေါ်နယ်ထရန့်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေချမှတ်နေတဲ့အထဲက တခုဖြစ်ပြီး အများစုဟာ အီရန်အစိုးရကို ပစ်မှတ်ထားအရေးယူတာပါ။ လေ့လာသူတွေကတော့ ဒီလိုပိတ်ဆို့အရေးယူပြီး အီရန်အစိုးရကို ဖိအားပေးတာဟာ ရွေးကောက်ခံသမ္မတ ဂျိူးဘိုင်ဒန်ရဲ့ အီရန်နိုင်ငံနဲ့နျူးကလီးယားစာချုပ်တွေကို ပြန်လည်သဘောတူညီမှုတွေလုပ်ဆောင်ရာမှာ ပိုမို ရှုပ်ထွေးအောင်လုပ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီပိတ်ဆို့ဒဏ်ခတ်မှုအရ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာဖြစ်ပြီး သူတို့နဲ့ မပက်သက်ဖို့ အခြားကုမ္ပဏီတွေကိုလည်း တားဆီးထားတာ ဖြစ်ပါတယ်။ အမည်မဲစာရင်း တင်သွင်းခြင်းခံထားရတဲ့အဖွဲ့အစည်းတွေနဲ့ဘဏ္ဍာရေးအရ ဆက်နွယ်ပက်သက်တဲ့ အခြား အဖွဲ့အစည်းတွေဟာလည်း ပိတ်ဆို့ခြင်းခံရဖို့ အန္တရာယ်ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။