[Zawgyi/Unicode]
ျပည္ပအစိုးရ ကိုယ္စားလုပ္ကိုင္ေပးတဲ့ ဟက္ကာေတြက အေမရိကန္အဖြ႔ဲအစည္း အေတာ္မ်ားမ်ားရဲ ႔ ကြန္ပ်ဴတာေတြကို ထိုးေဖာက္၀င္ေရာက္ခဲ့ၾကတယ္လို႔ သမၼတ Donald Trump အစိုးရအဖြဲ႔က တနဂၤေႏြေန႔မွာ အသိအမွတ္ျပဳေျပာၾကားခဲ့ပါတယ္။
အေမရိကန္ဘ႑ာေရးနဲ႔ စီးပါြးေရးဌာနကို ဆုိင္ဘာတုိက္ခိုက္ခံရတဲ့ ျဖစ္ရပ္ေနာက္ကြယ္မွာ ရုရွားႏုိင္ငံရွိေနတယ္လို႔ ကၽြမ္းက်င္သူေတြက ယုံၾကည္ေနၾကပါတယ္။ ဒီတုိက္ခိုက္မႈဟာ ႏွစ္ပိုင္းအတြင္း အေမရိကန္အစိုးရစနစ္ကို အဆင့္ျမင့္ျမင့္ တုိက္ခိုက္လုိက္တဲ့ကိစၥ တခုျဖစ္တယ္လို႔ သတင္းဌာနေတြက ေျပာပါတယ္။ ဒီကိစၥကို ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို FBI က စုံစမ္းစစ္ေဆးဖု႔ိ ပန္ၾကားထားၿပီး လက္ရွိအခ်ိန္မွာ မွတ္ခ်က္ေပးဖို႔ မရွိေၾကာင္း စီးပြါေရးဌာနရဲ ႔ ထုတ္ျပန္ခ်က္ထဲမွာ ဖာ္ျပပါတယ္။
အမိေျမလုံၿခဳံေရး၀န္ႀကီးဌာနေအာက္က ဆုိင္္ဘာလုံၿခဳံေရးဌာနဲ႔ FBI တုိ႔က ဒီတုိက္ခိုက္မႈကိုစုံစမ္းစစ္ေဆးေနပါတယ္။ ဘယ္ေလာက္ထိခိုက္မႈ ရွိခဲ့သလဲ၊ တုိက္ခိုက္ရတဲ့အေၾကာင္းရင္းနဲ႔ အျခားေအဂ်င္စီေတြပါ တုိက္ခိုက္ခံရသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ အင္တာနက္အျပင္ telecommunication ဆက္သြယ္မႈေတြနဲ႔ ပတ္သက္တဲ့ အေမရိကန္မူ၀ါဒနဲ႔ ဆုိင္တဲ့သတင္းအခ်က္အလက္ေတြကို ခိုးယူသြားတဲ့အဲဒီ ဆုိင္ဘာတုိက္ခိုက္မႈနဲ႔ပတ္သက္လို႔ အေမရိကန္အမ်ိဳးသား လုံၿခဳံေရးေကာင္စီတာ၀န္ရွိသူေတြ အိမ္ျဖဴေတာ္မွာ စေနေန႔က ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ ရိုက္တာသတင္းက ေဖာ္ျပခဲ့ပါတယ္။
[Unicode Version]
ကန်ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာန အင်တာနက်အွန်လိုင်းထဲ ခိုးဝင်တိုက်ခိုက်မှုဖြစ်ခဲ့
ပြည်ပအစိုးရ ကိုယ်စားလုပ်ကိုင်ပေးတဲ့ ဟက်ကာတွေက အမေရိကန်အဖွ့ဲအစည်း အတော်များများရဲ့ ကွန်ပျူတာတွေကို ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်လို့ သမ္မတ Donald Trump အစိုးရအဖွဲ့က တနင်္ဂနွေနေ့မှာ အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးနဲ့ စီးပါွးရေးဌာနကို ဆိုင်ဘာတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နောက်ကွယ်မှာ ရုရှားနိုင်ငံရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ နှစ်ပိုင်းအတွင်း အမေရိကန်အစိုးရစနစ်ကို အဆင့်မြင့်မြင့် တိုက်ခိုက်လိုက်တဲ့ကိစ္စ တခုဖြစ်တယ်လို့ သတင်းဌာနတွေက ပြောပါတယ်။ ဒီကိစ္စကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က စုံစမ်းစစ်ဆေးဖု့ိ ပန်ကြားထားပြီး လက်ရှိအချိန်မှာ မှတ်ချက်ပေးဖို့ မရှိကြောင်း စီးပွါရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖာ်ပြပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်က ဆိုင်ဘာလုံခြုံရေးဌာနဲ့ FBI တို့က ဒီတိုက်ခိုက်မှုကိုစုံစမ်းစစ်ဆေးနေပါတယ်။ ဘယ်လောက်ထိခိုက်မှု ရှိခဲ့သလဲ၊ တိုက်ခိုက်ရတဲ့အကြောင်းရင်းနဲ့ အခြားအေဂျင်စီတွေပါ တိုက်ခိုက်ခံရသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အင်တာနက်အပြင် telecommunication ဆက်သွယ်မှုတွေနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒနဲ့ ဆိုင်တဲ့သတင်းအချက်အလက်တွေကို ခိုးယူသွားတဲ့အဲဒီ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီတာဝန်ရှိသူတွေ အိမ်ဖြူတော်မှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။