သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ်ဆက်ဆံရေးပြန်တိုးတက်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အငြင်းပွါးနေတဲ့ ကိစ္စမျိုးစုံရှိနေပေမဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပြီး တိုးတက်လာအောင် ပူးပေါင်းကြိုးပမ်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတိုက်တွန်းလိုက်ပါတယ်။

"အမေရိကန်စီးပါွးရေး အသိုင်းအဝိုင်းကိုယ်စား အဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့တဲ့အထဲမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့အချက်ကို ကျနော်သတိပြုမိပါတယ်။ အထူးသဖြင့် တရုတ်အမေရိကန်ဆက်ဆံရေး တိုးတက်ဖို့ အတူလုပ်ကိုင်နိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်ဆိုတဲ့အပိုင်းကို တရုတ်နိုင်ငံဘက်ကလည်း လေးစားတန်ဖိုးထားပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးမှာအရေးအကြီးဆုံးအပိုင်းဖြစ်ပါတယ်။ ဒီကဏ္ဍမှာ အပြန်အလှန် ရပ်တည်သွားမှာပါ။" လို့ ဝန်ကြီး Wang Yi ကပြောဆိုသွားတာပါ။

ဘေဂျင်းမြို့မှာ ကျင်းပတဲ့ အမေရိကန် တရုတ်ကုန်သွယ်ရေးကောင်စီအစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဝန်ကြီးဝမ်ယီက ဗွီဒီယိုနဲ့ အဲဒီလိုပြောဆိုသွားတာဖြစ်ပါတယ်။ Cummins Inc., အဖွဲ့ ဥက္ကဋ္ဌ Tom Linebarger ရဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ လာမယ့် အမေရိကန်အစိုးရသစ်နဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အပေါင်းလက္ခဏာဆောင်တဲ့ဘက်ကို နှစ်နိုင်ငံဆက်ဆံရေးတွေ ဦးတည်သွားမယ်လို့ မေ ျှာ်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

မစ္စတာ Linebarger ရဲ့ ပြောဆိုချက်ကိုဝန်ကြီး Wang Yi က တုံ့ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေ ခိုင်မာအားကောင်းအောင်လုပ်ပြီး နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့်ကိစ္စမှာ ဒီထက်ပူးပေါင်းဆောင်ရွက်ဖို့၊ မတူကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လေးနက်တဲ့ အပြန်အလှန်နားလည်မှုတွေ ပေါ်ပေါက်လာစေရေးအတွက် ပြည်သူလူထုရဲ့ အမြင်သဘောထားတွေ တိုးတက်လာအောင် လုပ်ကိုင်ကြဖို့လည်း ဝန်ကြီး Wang Yi က တိုက်တွန်းပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG