သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားဆိုင်ရာ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေ အမေရိကန် အရေးယူ


အီရန်ရှိ နျူကလီးယားစက်ရုံတခု။ (ဇန်နဝါရီ ၁၅၊ ၂၀၁၁)
အီရန်ရှိ နျူကလီးယားစက်ရုံတခု။ (ဇန်နဝါရီ ၁၅၊ ၂၀၁၁)

(Zawgyi / Unicode)

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို အားပေးထောက်ခံနေတယ်ဆိုတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။

အီရန်နျူကလီးယား အစီအစဉ်အတွက် အရေးကြီးတဲ့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေကို လွှဲပြောင်းပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုမ္ပဏီတချို့ကို အမေရိကန်အစိုးရရဲ့ အကူအညီတွေပေးတာ ကန့်သတ်လိုက်သလို သူတို့ရဲ့ သွင်းကုန်တွေကိုလည်း ၂ နှစ်ပိတ်ပင်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က စတင်ဒဏ်ခတ်လိုက်တဲ့ ကုမ္ပဏီတွေကတော့ တရုတ်နိုင်ငံက Chengdu Best New Materials နဲ့ Zibo Elim Trade အပြင် ရုရှားအခြေစိုက် Nilco Group နဲ့ Joint Stock Company Elecon တို့ ပါဝင်ပါတယ်။

အီရန်နျူကလီးယားဒုံးကျည် အစီအစဉ်တွေ နှောင့်နှေးသွားစေဖို့အတွက် တရုတ်နဲ့ ရုရှားလို ဒုံးကျည်နည်းပညာတွေနဲ့ ပစ္စည်းကိရိယာတွေ ပြည်ပကနေ တင်ပို့နေကြတဲ့သူတွေကို အမေရိကန်က ဆက်ပြီး ဒဏ်ခတ်အရေးယူသွားမယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

သမ္မတ Obama အစိုးရလက်ထက်မှာ ရရှိခဲ့တဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ သမ္မတ Donald Trump အစိုးရက ပြီးခဲ့တဲ့ ၃ နှစ်မှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အီရန်အပေါ် အပြင်းထန်ဆုံး ဖိအားပေးတဲ့အနေနဲ့ဆိုပြီး သမ္မတ Trump က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာတာ ဖြစ်ပါတယ်။

အီရန်ဆိုင်ရာ အမေရိကန်ရဲ့ ခိုင်မာတဲ့ မူဝါဒတွေ ပြသတဲ့အနေနဲ့ သူ့မူဝါဒအတိုင်း မလိုက်နာတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG