သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံသန့်စင်မှုတွေ အီရန်ဆက်လုပ်နေကြောင်း IAEA အတည်ပြု


(Zawgyi/Unicode)

အီရန်နိုင်ငံက မြေအောက်စက်ရုံတွေမှာ ယူရေနီယံ ဗဟိုခွာစက်တပ်ဆင်မှု လုပ်ငန်းတွေ စတင်နေတာ သေချာတဲ့အကြောင်း၊ ကုလသမဂ္ဂအနုမြူ စွမ်းအင်အေဂျင်စီက အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံကတော့ နိုင်ငံရဲ့ ယူရေနီယံသန့်စင်တဲ့ စွမ်းဆောင်ရည်ဟာ အားလုံးခြုံကြည့်ရင် သိသိသာသာ တိုးလာတာမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဗဟိုခွာစက် ၁၇၄ ခုကို အီရန် Natanz နျူကလီးယားစက်ရုံရဲ့ နေရာသစ်တခုထဲ ရွှေ့ပြောင်းလိုက်ပြီး လုပ်ငန်းတွေကို မကြာခင်က စတင်လည်ပတ်နေပြီလို့ IAEA နိုင်ငံတကာအနုမြူ စွမ်းအင် အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Rafael Grossi က Vienna မြို့မှာကျင်းကတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒါဟာ JCPOA လို့ခေါ်တဲ့ ၂၀၁၅ က အင်အားကြီးနိုင်ငံတွေနဲ့ ပူးတွဲ လက်မှတ်ရေးထိုးခဲ့တဲ့ အီရန်နျူကလီးယားအရေး သဘောတူညီမှုကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။အီရန်ရဲ့ အခု အစီအစဉ်ဟာ ယူရေနီယံသန့်စင်ရေးပမာဏ အများကြီးထုတ်လုပ်နိုင်ဖို့ အလားအလာနည်းတာကို သတိပြုမိကြောင်း Mr. Grossi ကပြောပါတယ်။

၂၀၁၈ ခုနှစ်က သမ္မတဒေါ်နယ်ထရမ့်က အီရန်နျူ ကလီယားအရေး သဘောတူညီမှုက နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း အီရန်က နျူကလီးယားသဘောတူညီချက်တွေကို ချိုးဖောက်မယ်လို့ ပြောင်ပြောင်တင်းတင်း ကြေညာထားတာပါ။ ရွေးကောက်ခံသမ္မတ Joe Biden ကတော့ အီရန် နျူကလီယားအရေးညှိနှိုင်းတာတွေ ပြန်လုပ်ဖို့ စိတ်ဝင်စားတယ်လို့ အလေးအနက်ပြောဆိုကြောင်း New York Times သတင်းမှာဖေါ်ပြထားပါတယ်။

ယူရေနီယံသန့်စင်မှုတွေ အီရန်ဆက်လုပ်နေကြောင်း IAEA အတည်ပြု
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်


............

(Unicode)





XS
SM
MD
LG