သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ကို ကန္အေရးယူပိတ္ဆို႔မႈသစ္ခ်မွတ္


အေမရိကန္အလံနဲ႔ အီရန္အလံ။

[Zawgyi/Unicode]

အီရန္ႏုိင္ငံရဲ ႔ ႏ်ဴကလီးယားနဲ႔ ပဲ့ထိန္းတပ္ဒုံးလက္နက္ေတြအျပင္ သမ႐ိုးက် လက္နက္အစီအစဥ္ေတြကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ဒဏ္ခတ္ပိတ္ဆုိ႔မႈ အသစ္ေတြခ်မွတ္လိုက္ပါတယ္။

အေမရိကန္သမၼတ Donald Trump
အေမရိကန္သမၼတ Donald Trump

အီရန္ကို လက္နက္မေရာင္းခ်ႏုိင္ေအာင္ ကုလသမဂၢက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အကန္႔အသတ္မရွိျပန္ခ်မွတ္လိမ့္မယ္လို႔ အေမရိကန္က စေနေန႔ေႏွာင္းပိုင္းမွာ အခိုင္အမာေျပာဆိုထားတာပါ။ အီရန္ႏိုင္ငံရဲ႕ ႏ်ဴကလီယား၊ ပဲ့ထိန္းတပ္ဒံုးလက္နက္နဲ႔ သမရိုးက်လက္နက္ဆိုင္ရာ အစီအစဥ္ေတြနဲ႔ ပတ္သက္ေနတဲ့ လူပုဂၢိဳလ္နဲ႔ ကုမၸဏီ ေပါင္း ၂ ဒါဇင္ေက်ာ္ကို သမၼတ Donlad Trump အစိုးရအဖြဲ႔က ဒဏ္ခတ္အေရးယူလုိက္ေၾကာင္း အိမ္ျဖဴေတာ္ ျပည္တြင္းလုံၿခဳံေရးအႀကံေပး Robert O’Brien ကတနလၤာေန႔မွာေျပာပါတယ္။

အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့တဲ့သမၼတအမိန္႔မွာေတာ့ လက္နက္နဲ႔ ဆက္စပ္ေနတဲ့ ပစၥည္းကိရိယာေတြ၊ စစ္လက္နက္ေတြကို အီရန္ႏုိင္ငံကို အသြင္းအထုတ္လုပ္တဲ့ေနရာမွာ ပါ၀င္ပတ္သက္ေနတဲ့ လူပုဂၢိဳလ္ေတြရဲ ႔ ဥစၥာပစၥည္းပိုင္ဆုိင္မႈေတြကို ကန္႔သတ္ထိန္းခ်ဳပ္မယ့္ အစီအစဥ္ေတြပါ၀င္ပါတယ္။ လိုက္နာမႈမရိွိတဲ့ ျပည္ပႏုိင္ငံသားေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြအေပၚ အျပစ္ေပးအေရးယူမယ့္အစီအစဥ္ေတြကိုလည္း အေမရိကန္ႏုိင္ငံျခားေရးဌာနနဲ႔ ဘ႑ာေရးဌာနကလည္း အသီးသီး ေၾကျငာထားၾကပါတယ္။

အီရန္ကို ကန္အေရးယူပိတ္ဆို႔မႈသစ္ခ်မွတ္
please wait

No media source currently available

0:00 0:00:56 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အီရန်ကို ကန်အရေးယူပိတ်ဆို့မှုသစ်ချမှတ်

အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက်တွေအပြင် သမရိုးကျ လက်နက်အစီအစဉ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်လိုက်ပါတယ်။

အီရန်ကို လက်နက်မရောင်းချနိုင်အောင် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကန့်အသတ်မရှိပြန်ချမှတ်လိမ့်မယ်လို့ အမေရိကန်က စနေနေ့နှောင်းပိုင်းမှာ အခိုင်အမာပြောဆိုထားတာပါ။ အီရန်နိုင်ငံရဲ့ နျူကလီယား၊ ပဲ့ထိန်းတပ်ဒုံးလက်နက်နဲ့ သမရိုးကျလက်နက်ဆိုင်ရာ အစီအစဉ်တွေနဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ပေါင်း ၂ ဒါဇင်ကျော်ကို သမ္မတ Donlad Trump အစိုးရအဖွဲ့က ဒဏ်ခတ်အရေးယူလိုက်ကြောင်း အိမ်ဖြူတော် ပြည်တွင်းလုံခြုံရေးအကြံပေး Robert O’Brien ကတနင်္လာနေ့မှာပြောပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့သမ္မတအမိန့်မှာတော့ လက်နက်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းကိရိယာတွေ၊ စစ်လက်နက်တွေကို အီရန်နိုင်ငံကို အသွင်းအထုတ်လုပ်တဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေကို ကန့်သတ်ထိန်းချုပ်မယ့် အစီအစဉ်တွေပါဝင်ပါတယ်။ လိုက်နာမှုမရှိတဲ့ ပြည်ပနိုင်ငံသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေအပေါ် အပြစ်ပေးအရေးယူမယ့်အစီအစဉ်တွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနကလည်း အသီးသီး ကြေငြာထားကြပါတယ်။

XS
SM
MD
LG