သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ေလေၾကာင္းလုိင္းကုိေထာက္ပံ့ေပးေနတဲ့ UAE ကုမၸဏီကုိ ကန္ ဒဏ္ခတ္အေရးယူ


(Zawgyi/Unicode)

အာရပ္ေစာ္ဘြားမ်ား သမၼတႏိုင္ငံ UAE အေျခစိုက္ ကုမၸဏီ ၂ ခုျဖစ္တဲ့ Parthia Cargo နဲ႔ Delta Parts Supply FZC တို႔ ဟာ အီရန္ရဲ့ အႀကီးဆံုးေလေၾကာင္းလိုင္း Mahan Air ကို အေထာက္အပံ့ ေပးေနတဲ့အတြက္ အေမရိကန္အစိုးရက ဒဏ္ခတ္အေရးယူလိုက္ ပါတယ္။

ဒီကုမၸဏီ ၂ ခုဟာ အေမရိကန္အစိုးရ နာမည္ပ်က္စာရင္းသြင္းထားတဲ့ Mahan Air အတြက္ စက္ပစၥည္းအစိတ္အပိုင္းေတြနဲ႔ ေထာက္ပ့ံပို႔ေဆာင္ေရး လုပ္ေပးေနတာေၾကာင့္ အေရးယူတာ ျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဌာနက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ဒါ့အျပင္ Parthia Cargo ကုမၸဏီပိုင္ရွင္ ဒါမွမဟုတ္ ထိန္းခ်ဳပ္သူျဖစ္တဲ့ UAE က အီရန္ႏိုင္ငံသား Amin Mahdavi ကိုလည္း ဒဏ္ခတ္အေရးယူလိုက္ေၾကာင္း ေျပာပါတယ္။

အီရန္အာဏာရွင္ဟာ Mahan Air ေလေၾကာင္းလိုင္းကို သံုးၿပီး ဆီးရီးယားနဲ႔ ဗင္နီဇြဲလား က အာဏာရွင္ေတြ နဲ႔ အေရွ႕အလယ္ပိုင္းေဒသ တလႊားက အၾကမ္းဖက္အုပ္စုေတြ အပါအဝင္ ကမာၻတလႊား မတည္မၿငိမ္ျဖစ္ေစမယ့္ သူ႔ရဲ့ အစီအစဥ္ေတြ ကို ျဖန္႔ေနတယ္လို႔ ဘ႑ာေရးဝန္ႀကီး Steven Mnuchin က ေၾကညာခ်က္မွာ ေျပာဆိုပါတယ္။

တခ်ိန္ထဲမွာပဲ အီရန္ေခါင္းေဆာင္ႀကီး Ayatollah Ali Khamenei ကိုယ္စား အေမရိကန္ႏိုင္ငံကေန အီရန္ဆီ အေမရိကန္ေငြပို႔ဖို႔ လုပ္ေဆာင္မႈေတြနဲ႔ဆက္ႏြယ္ေနတယ္လို႔ ဆိုၿပီး အေမရိကန္ႏုိင္ငံသား ၂ ေယာက္နဲ႔အီရန္ႏိုင္ငံသား တေယာက္ကို အေမရိကန္တရားေရးဌာနက တရားစြဲဆိုခဲ့ပါတယ္။

အခုတရားစြဲဆိုခံရတဲ့ အီရန္ႏုိင္ငံ Qom မွာ ေနထိုင္တဲ့ အေမရိကန္ႏိုင္ငံသား Muzzamil Zaidi ၊ Houston က အေမရိကန္ႏိုင္ငံသား Asim Naqvi နဲ႔ Qom မွာ ေနတဲ့ ပါကစၥတန္ ႏိုင္ငံသား Ali Chawla တို႔ဟာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္နဲ႔ ဆက္သြယ္ေဆာင္ရြက္ေနတာ ျဖစ္ၿပီး ဒီအဖြဲ႔အတြက္ ေငြရေအာင္ အဓိက လုပ္ေဆာင္ေပးေနသူေတြ ျဖစ္ေၾကာင္း အစိုးရ တာဝန္ရွိသူေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အီရန်လေကြောင်းလိုင်းကိုထောက်ပံ့ပေးနေတဲ့ UAE ကုမ္ပဏီကို ကန် ဒဏ်ခတ်အရေးယူ

(Unicode)
အာရပ်စော်ဘွားများ သမ္မတနိုင်ငံ UAE အခြေစိုက် ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Parthia Cargo နဲ့ Delta Parts Supply FZC တို့ ဟာ အီရန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်း Mahan Air ကို အထောက်အပံ့ ပေးနေတဲ့အတွက် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက် ပါတယ်။

ဒီကုမ္ပဏီ ၂ ခုဟာ အမေရိကန်အစိုးရ နာမည်ပျက်စာရင်းသွင်းထားတဲ့ Mahan Air အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ပေးနေတာကြောင့် အရေးယူတာ ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒါ့အပြင် Parthia Cargo ကုမ္ပဏီပိုင်ရှင် ဒါမှမဟုတ် ထိန်းချုပ်သူဖြစ်တဲ့ UAE က အီရန်နိုင်ငံသား Amin Mahdavi ကိုလည်း ဒဏ်ခတ်အရေးယူလိုက်ကြောင်း ပြောပါတယ်။

အီရန်အာဏာရှင်ဟာ Mahan Air လေကြောင်းလိုင်းကို သုံးပြီး ဆီးရီးယားနဲ့ ဗင်နီဇွဲလား က အာဏာရှင်တွေ နဲ့ အရှေ့အလယ်ပိုင်းဒေသ တလွှားက အကြမ်းဖက်အုပ်စုတွေ အပါအဝင် ကမ္ဘာတလွှား မတည်မငြိမ်ဖြစ်စေမယ့် သူ့ရဲ့ အစီအစဉ်တွေ ကို ဖြန့်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ကြေညာချက်မှာ ပြောဆိုပါတယ်။

တချိန်ထဲမှာပဲ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကိုယ်စား အမေရိကန်နိုင်ငံကနေ အီရန်ဆီ အမေရိကန်ငွေပို့ဖို့ လုပ်ဆောင်မှုတွေနဲ့ဆက်နွယ်နေတယ်လို့ ဆိုပြီး အမေရိကန်နိုင်ငံသား ၂ ယောက်နဲ့အီရန်နိုင်ငံသား တယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲဆိုခဲ့ပါတယ်။

အခုတရားစွဲဆိုခံရတဲ့ အီရန်နိုင်ငံ Qom မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား Muzzamil Zaidi ၊ Houston က အမေရိကန်နိုင်ငံသား Asim Naqvi နဲ့ Qom မှာ နေတဲ့ ပါကစ္စတန် နိုင်ငံသားAli Chawla တို့ဟာ အီရန်တော်လှန်ရေး အစောင့်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတာ ဖြစ်ပြီး ဒီအဖွဲ့အတွက် ငွေရအောင် အဓိက လုပ်ဆောင်ပေးနေသူတွေ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG