သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ေထာက္လွမ္းေရးနဲ႔ ဆက္ႏြယ္သူတခ်ဳိ႕ကုိ ကန္ ဒဏ္ခတ္ အေရးယူ


(Zawgyi/Unicode)

အီရန္အတိုက္အခံေတြနဲ႔ တျခား လူပုဂၢိဳလ္ေတြ ကုမၸဏီေတြကို ပစ္မွတ္ထားၿပီး ကြန္ျပဴတာမွာ Malware virus ေတြနဲ႔ တိုက္ခိုက္တဲ့ လႈပ္ရွားမႈ လုပ္ေဆာင္တယ္လုိ႔ စြပ္စြဲၿပီး အီရန္ေထာက္လွန္းေရးနဲ႔ လံုၿခံဳေရးဝန္ႀကီးဌာန နဲ႔ ဆက္သြယ္တဲ့ အဖြဲ႔အစည္းေတြ လူပုဂၢိဳလ္ေတြကို ဒဏ္ခတ္အေရးယူလိုက္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ဆိုင္ဘာၿခိမ္းေျခာက္မႈေတြ လုပ္ေဆာင္ေနတဲ့ အီရန္က Advanced Persistent Threat 39 အဖြဲ႔နဲ႔ Rana Intelligence Computing ကုမၸဏီအျပင္ လူပုဂၢိဳလ္ ၄၅ ေယာက္ အတြက္ အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ခဲ့တာပါ။

Rana Intelligence Computing ကုမၸဏီ ရဲ့ေနာက္ကြယ္မွာ အီရန္အစိုးရ ရွိေနေၾကာင္းနဲ႔ သူတုိ္႔က အီရန္အတိုက္အခံေတြ၊ သတင္းသမားေတြနဲ႔. ခရီးသြားလုပ္ငန္းက ႏိုင္ငံတကာကုမၸဏီ ေတြကို ပစ္မွတ္ထားၿပီး malware virus ေတြနဲ႔ တိုက္ခိုက္တဲ့ လႈပ္ရွားမႈ လုပ္ေနတာ ႏွစ္နဲ႔ခ်ီေနၿပီ ျဖစ္ေၾကာင္း ဘ႑ာေရးဝန္ႀကီးဌာန ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အီရန္အစုိးရဟာ သူ႔ေထာက္လွန္းေရးဌာနကို သံုးၿပီး အပစ္မဲ့အရပ္သားေတြနဲ႔ ကုမၸဏီေတြကို ပစ္မွတ္ထားၿပီး ကမာၻတလႊား မတည္ၿငိမ္ေအာင္ လုပ္ေဆာင္ ေနေၾကာင္းနဲ႔ ဒါကို အေမရိကန္ျပည္ေထာင္စုက တုန္႔ျပန္ဖို႔ သံဓိဌာန္ ခ်ထားေၾကာင္းလည္း ဘ႑ာေရးဝန္ႀကီး Steve Mnuchin က ေၾကညာခ်က္မွာ ေျပာၾကားထား ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အီရန်ထောက်လှမ်းရေးနဲ့ ဆက်နွယ်သူတချို့ကို ကန် ဒဏ်ခတ် အရေးယူ

(Unicode)

အီရန်အတိုက်အခံတွေနဲ့ တခြား လူပုဂ္ဂိုလ်တွေ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ကွန်ပြူတာမှာ Malware virus တွေနဲ့ တိုက်ခိုက်တဲ့ လှုပ်ရှားမှု လုပ်ဆောင်တယ်လို့ စွပ်စွဲပြီး အီရန်ထောက်လှန်းရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန နဲ့ ဆက်သွယ်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဆိုင်ဘာခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့ အီရန်က Advanced Persistent Threat 39 အဖွဲ့နဲ့ Rana Intelligence Computing ကုမ္ပဏီအပြင် လူပုဂ္ဂိုလ် ၄၅ ယောက် အတွက် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။

Rana Intelligence Computing ကုမ္ပဏီ ရဲ့နောက်ကွယ်မှာ အီရန်အစိုးရ ရှိနေကြောင်းနဲ့ သူတို့်က အီရန်အတိုက်အခံတွေ၊ သတင်းသမားတွေနဲ့. ခရီးသွားလုပ်ငန်းက နိုင်ငံတကာကုမ္ပဏီ တွေကို ပစ်မှတ်ထားပြီး malware virus တွေနဲ့ တိုက်ခိုက်တဲ့ လှုပ်ရှားမှု လုပ်နေတာ နှစ်နဲ့ချီနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အီရန်အစိုးရဟာ သူ့ထောက်လှန်းရေးဌာနကို သုံးပြီး အပစ်မဲ့အရပ်သားတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ကမ္ဘာတလွှား မတည်ငြိမ်အောင် လုပ်ဆောင် နေကြောင်းနဲ့ ဒါကို အမေရိကန်ပြည်ထောင်စုက တုန့်ပြန်ဖို့ သံဓိဌာန် ချထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ကြေညာချက်မှာ ပြောကြားထား ပါတယ်။

XS
SM
MD
LG