သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန့်စင်ယူရေနီယံတွေ အီရန် ဆက်လက် စုဆောင်းနေဆဲ


(Zawgyi/Unicode)

အီရန်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ရရှိထားတဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်အရ သူ့ကိုစုဆောင်းခွင့်ပြုထားတဲ့ သန့်စင်ယူရေနီယံပမာဏထက် ကျော်လွန်ထားရှိမှု ဆက်တွေ့နေရပေမယ့် သူတို့ရဲ့ စက်ရုံနေရာတွေကို လာရောက်စစ်ဆေးဖို့တော့ စပြီးခွင့်ပြုလာပြီလို့ ကုလသမဂ္ဂ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့ IAEA က သောကြာနေ့မှာ ပြောပါတယ်။

အီရန်က နျူကလီယား ပစ္စည်းတွေ သိုလှောင်ထားမယ်လို့ သံသယ ရှိတဲ့နေရာတွေ နဲ့ နျူကလီယားဆိုင်ရာ စမ်းသပ်မှုတွေ လုပ်နိုင်ခြေရှိတဲ့ နေရာတွေကို IAEA သွားရောက်ဖို့ အတွက် အီရန်က ခွင့်ပြုခဲ့တာပါ။

သြဂုတ်လ ၂၅ ရက်နေ့မှာ အီရန်မှာ အဆင့်သိပ်မမြင့်တဲ့ သန့်စင်ယူရေနီယံ ကီလိုဂရမ် ၂၀၀၀ ကျော်သိမ်းထားတာ တွေ့ရပြီး မေလ ၂၀ တုန်းကတော့ ကီလိုဂရမ် ၁၅၀၀ ကျော်ပဲ ရှိတယ်လို့ IAEA က အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့တဲ့ ကန့်သတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အီရန်ဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်နဲ့ ရုရှား အင်အားကြီး ၆ နိုင်ငံနဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူတို့ရဲ့ JCPOA ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့က အီရန်ကို သန့်စင်ယူရေနီယံ ပမာဏ ကီလိုဂရမ် ၂၀၀ ကျော်လောက်ပဲ သိမ်းထားခွင့် ပြုခဲ့တာပါ။

အီရန်ဟာ JCPOA ကခွင့်ပြုထားတဲ့ ယူရေနီယံသန့်စင်မှု ပမာဏ ၃.၆၇ % ထက်ကျော်လွန်ပြီး သန့်စင်မှုပမာဏ ၄.၅% အထိ သန့်စင်မှု တွေလည်း ဆက်လုပ်နေတယ်လို့လည်း IAEA အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ကြား ရထားတဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက် ဟာ ပြန်ညှိနှိုင်းဖို့ လိုနေသေးတယ်လို့ ပြောပြီး ၂၀၁၈ မှာ ဒီသဘောတူညီချက်ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG