သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီးယား သိပၸံပညာရွင္တဦး အသတ္ခံရ


လုပ္ႀကံခံရတဲ့ အီရန္ ႏ်ဴကလီးယား သိပၸံပညာရွင္ Mohsen Fakhrizadeh. (ဇန္နဝါရီ ၂၃၊ ၂၀၁၉)

(Zawgyi / Unicode)

အီရန္ ႏ်ဴကလီးယား သိပၸံပညာရွင္ Mohsen Fakhrizadeh ေသာၾကာေန႔က အသတ္ခံခဲ့ရတာဟာ အီရန္အေနနဲ႔ သူ႔ရဲ႕ အဓိကတာဝန္ရိွသူေတြနဲ႔ အႀကံေပးေတြကို ကာကြယ္ေပးႏုိင္မႈ အားနည္းေနတာကို အထင္အရွား ျပလိုက္တာျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

Mohsen Fakhrizadeh ဟာ ဒီႏွစ္အတြင္း လုပ္ႀကံခံရတဲ့ ဒုတိယေျမာက္ အႀကီးတန္း စစ္ဘက္အရာရွိတဦးလည္း ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ Tehran ကေန အေရွ႕ဘက္ ၅၅ မိုင္အကြာက Absard ၿမိဳ႕ကို ကားနဲ႔ ခရီးသြားေနတဲ့ အသက္ ၅၉ ႏွစ္အရြယ္ Fakhrizadeh ကို လက္နက္ကိုင္ေတြက ေန႔ခင္းေၾကာင္ေတာင္မွာ တိုက္ခိုက္ခဲ့ၾကတာျဖစ္တယ္လို႔ အီရန္တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီသတ္ျဖတ္မႈနဲ႔ပတ္သက္လို႔ ဘယ္သူကမွ သူတို႔လက္ခ်က္အျဖစ္ ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

Fakhrizadeh ဟာ အီရန္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ သုေတသနဌာန အႀကီးအကဲ ျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ အဆိုအရ ၁၉၈၀ ခုႏွစ္ေႏွာင္းပိုင္းမွာ စတင္ၿပီး ၂၀၀၃ ခုႏွစ္မွာ အဆုံးသတ္ခဲ့တဲ့ အီရန္တို႔ရဲ႕ လွ်ဳိ႕ဝွက္ ႏ်ဴကလီးယား အစီအစဥ္ကို ဦးေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။

Bahhdad ၿမိဳ႕မွာ ဇန္နဝါရီလ ၃ ရက္ေန႔က အီရန္စစ္ဘက္တပ္မွဴးႀကီး Qassem Soleimani ကို အေမရိကန္တို႔ လုပ္ႀကံသတ္ျဖတ္ၿပီး ၁၁ လနီးပါးအၾကာမွာ Fakhrizadeh အသတ္ခံရတာပါ။

အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အေမရိကန္က သတ္မွတ္ထားတဲ့ အီရန္ရဲ႕ အစၥလာမၼစ္ ေတာ္လွန္ေရးတပ္ဖြဲ႔ေခါင္းေဆာင္ Soleimani ရဲ႕ ရန္ကေန ျပည္ပေရာက္ အေမရိကန္ေတြကို ကာကြယ္တဲ့အေနနဲ႔ အဲဒီစစ္ေဆင္ေရး ဆင္ႏြႊဲခဲ့တာျဖစ္တယ္လို႔ ဝါရွင္တန္က ေျပာဆိုခဲ့ပါတယ္။

အီရန္ ႏ်ဴကလီးယား သိပၸံပညာရွင္တဦး အသတ္ခံရ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အီရန် နျူကလီးယား သိပ္ပံပညာရှင်တဦး အသတ်ခံရ

အီရန် နျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh သောကြာနေ့က အသတ်ခံခဲ့ရတာဟာ အီရန်အနေနဲ့ သူ့ရဲ့ အဓိကတာဝန်ရှိသူတွေနဲ့ အကြံပေးတွေကို ကာကွယ်ပေးနိုင်မှု အားနည်းနေတာကို အထင်အရှား ပြလိုက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Mohsen Fakhrizadeh ဟာ ဒီနှစ်အတွင်း လုပ်ကြံခံရတဲ့ ဒုတိယမြောက် အကြီးတန်း စစ်ဘက်အရာရှိတဦးလည်း ဖြစ်ပါတယ်။

မြို့တော် Tehran ကနေ အရှေ့ဘက် ၅၅ မိုင်အကွာက Absard မြို့ကို ကားနဲ့ ခရီးသွားနေတဲ့ အသက် ၅၉ နှစ်အရွယ် Fakhrizadeh ကို လက်နက်ကိုင်တွေက နေ့ခင်းကြောင်တောင်မှာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောဆိုတာမျိုး မရှိသေးပါဘူး။

Fakhrizadeh ဟာ အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနဌာန အကြီးအကဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ၁၉၈၀ ခုနှစ်နှောင်းပိုင်းမှာ စတင်ပြီး ၂၀၀၃ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ အီရန်တို့ရဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Bahhdad မြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က အီရန်စစ်ဘက်တပ်မှူးကြီး Qassem Soleimani ကို အမေရိကန်တို့ လုပ်ကြံသတ်ဖြတ်ပြီး ၁၁ လနီးပါးအကြာမှာ Fakhrizadeh အသတ်ခံရတာပါ။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် Soleimani ရဲ့ ရန်ကနေ ပြည်ပရောက် အမေရိကန်တွေကို ကာကွယ်တဲ့အနေနဲ့ အဲဒီစစ်ဆေင်ရေး ဆင်နွှဲခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG