သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသတြင္း ျမန္မာ့ ဒီဂ်စ္တယ္စီးပြားေရးစနစ္ ေနာက္က်ေနဆဲ (ေဒၚေအာင္ဆန္းစုၾကည္)


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္

{{Zawgyi/Unicode}}

COVID 19 ေရာဂါက ဒီဂ်စ္တယ္စနစ္ အသြင္ကူးေျပာင္းေရး အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ဖို႔ လိုအပ္ေနတာကို မီးေမာင္းထိုး ေဖာ္ၿပ ေနခ်ိန္မွာပဲ ျမန္မာနိုင္ငံရဲ့ စီးပြားေရးလုပ္ငန္း အမ်ားစုမွာ ဒီဂ်စ္တယ္ အသြင္ကူးေျပာင္းေရး ေနာက္က်က်န္ရစ္ေနဆဲ ျဖစ္ေၾကာင္း နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

" ေဒသတြင္းႏိုင္ငံအမ်ားစု အေနနဲ႔ ဒီဂ်စ္တယ္စီးပြားေရးစနစ္ကို ကူးေျပာင္းေနၾကၿပီးျဖစ္ေပမဲ့ က်မတို႔ရဲ႕ အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြအမ်ားစုကေတာ့ ေနာက္က်က်န္ရစ္ဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာအေသးစား နဲ႔ အလတ္စားေတြအေနနဲ႔ ဒီဂ်စ္တယ္နည္းပညာေတြသုံးၿပီး ႏိုင္ငံတကာကိုခ်ဲ႔ထြင္သြားၾကဖို႔လည္း တိုက္တြန္းေျပာၾကားလိုပါတယ္ " ။

ျမန္မာနိုင္ငံမွာ ဒီဂ်စ္တယ္ အသြင္းကူးေျပာင္းေရး အရွိန္ျမႇင့္ လုပ္ေဆာင္ဖို႔ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာလ ၂၀ ရက္ေန႔က က်င္းပတဲ့ ျမန္မာနိုင္ငံကုန္သည္မ်ား ႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ရဲ့ ႏွစ္ပတ္လည္ အသင္းသားစုံညီအစည္းအေဝးမွာ ဗီဒီယိုကတဆင့္ မိန္႔ခြန္းေျပာၾကား တိုက္တြန္းသြားတာ ျဖစ္ပါတယ္။

ကပ္ေရာဂါေၾကာင့္ စိန္ေခၚမႈေတြ ၾကဳံေတြ႕ေနရေပမယ့္လည္း ျမန္မာနိုင္ငံရဲ့ စီးပြားေရးနဲ႔ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ အလားအလာ ေကာင္းေတြ ရွိေနတုန္းပဲလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီႏွစ္ ဘ႑ာေရးႏွစ္ထဲ ျပည္ပ တိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒႆမ ၇ဘီလီယံနီးပါး ရွိလို႔ ရည္မွန္းခ်က္ရဲ့ ၉၈ရာခိုင္ႏႈန္း ရွိခဲ့ၿပီး စီးပြားေရး လုပ္ငန္းတစ္ခု စတင္နိုင္မႈဆိုင္ရာ ကမၻာ့ဘဏ္ရဲ့ အဆင့္သတ္မွတ္ခ်က္မွာလည္း ၄ ႏွစ္အတြင္း အဆင့္ ၁၇၀ ကေန ၇၀ အထိ ျမင့္တက္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

အဲဒီ အစည္းအေဝးမွာပဲ UMFCCI ဥကၠဌ ဦးေဇာ္မင္းဝင္းက ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္မႈနိုင္ငံ အသီးသီးမွာ ရွိေနေပမယ့္ ျမန္မာနိုင္ငံကေတာ့ အေျခအေနေကာင္းတစ္ခုကို ထိန္းထားနိုင္တယ္လို႔ ေျပာပါတယ္။ ျမန္မာနိုင္ငံရဲ့ ဒီႏွစ္ စီးပြားေရး တိုးတက္မႈႏႈန္း က ၁ ဒႆမ ၈ ရာခိုင္ႏႈန္းပဲ ရွိမွာ ျဖစ္ေပမယ့္ ၂၀၂၁ ခုႏွစ္မွာ ၆ ရာခိုင္ႏႈန္း ရွိမွာျဖစ္ေၾကာင္း အာရွ ဖြံ့ၿဖိဳးေရးဘဏ္ ADB ရဲ့ အစီရင္ ခံစာကို ကိုးကား ေျပာၾကားသြားပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

COVID 19 ရောဂါက ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေတာကို မီးမောင်းထိုး ဖော်ပြ နေချိန်မှာပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုမှာ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး နောက်ကျကျန်ရစ်နေဆဲ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

" ဒေသတွင်းနိုင်ငံအများစု အနေနဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းနေကြပြီးဖြစ်ပေမဲ့ ကျမတို့ရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအများစုကတော့ နောက်ကျကျန်ရစ်ဆဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသေးစား နဲ့ အလတ်စားတွေအနေနဲ့ ဒီဂျစ်တယ်နည်းပညာတွေသုံးပြီး နိုင်ငံတကာကိုချဲ့ထွင်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ် " ။

မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် အသွင်းကူးပြောင်းရေး အရှိန်မြှင့် လုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးမှာ ဗီဒီယိုကတဆင့် မိန့်ခွန်းပြောကြား တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ကြုံတွေ့နေရပေမယ့်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ ကောင်းတွေ ရှိနေတုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနှစ် ဘဏ္ဍာရေးနှစ်ထဲ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇ဘီလီယံနီးပါး ရှိလို့ ရည်မှန်းချက်ရဲ့ ၉၈ရာခိုင်နှုန်း ရှိခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခု စတင်နိုင်မှုဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ အဆင့်သတ်မှတ်ချက်မှာလည်း ၄ နှစ်အတွင်း အဆင့် ၁၇၀ ကနေ ၇၀ အထိ မြင့်တက်ခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာပဲ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုနိုင်ငံ အသီးသီးမှာ ရှိနေပေမယ့် မြန်မာနိုင်ငံကတော့ အခြေအနေကောင်းတစ်ခုကို ထိန်းထားနိုင်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီနှစ် စီးပွားရေး တိုးတက်မှုနှုန်း က ၁ ဒဿမ ၈ ရာခိုင်နှုန်းပဲ ရှိမှာ ဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရှိမှာဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အစီရင် ခံစာကို ကိုးကား ပြောကြားသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG