သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ေဒၚေအာင္ဆန္းစုၾကည္ ကတိျပဳ


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (Myanmar State Counsellor Office - စက္တင္ဘာ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈ ပမာဏ တန္ခ်ိန္ သန္း ၂၅၀ ေလာက္ ေလွ်ာ့ခ်ဖို႔ ရည္မွန္းေၾကာင္း Climate Ambition Summit ကမၻာ့ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ကတိကဝတ္ျပဳၾကတဲ့ ထိပ္သီးညီလာခံမွာ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကတိျပဳလိုက္ပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

“ျမန္မာႏုိင္ငံဟာ စက္မႈလုပ္ငန္း နည္းေပမယ့္လည္း ရာသီဥတု ေျပာင္းလဲမႈရဲ႕ သက္ေရာက္မႈေတြကို ခုခံႏုိင္စြမ္းမရွိဆံုး ႏုိင္ငံတခု ျဖစ္ပါတယ္” လို႔ ေျပာဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံရဲ႕ ရာသီဥတု ေျပာင္းလဲမႈအေရး ျမန္မာ့ကတိကဝတ္ေတြကို ေၾကညာခဲ့တာပါ။ ကုလသမဂၢရဲ႕ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ အလုပ္အဖြဲ႔ UNFCCC ထံကိုလည္း ျမန္မာႏုိင္ငံရဲ႕ ရာသီဥတု ေျပာင္းလဲမႈအေရး ကိုင္တြယ္လုပ္ေဆာင္မယ့္ အစီအစဥ္ကို ဒီႏွစ္ကုန္ပိုင္းမွာ တင္သြင္းပါမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။ ဒီ အမ်ိဳးသားအဆင့္မွာ ဘာေတြ ေဆာင္ရြက္သြားဖို႔ ရွိပါသလဲ။

“ျပန္ျပည့္ၿမဲစြမ္းအင္ အသံုးျပဳမႈကို ၃၉ ရာခုိင္ႏႈန္း တိုးျမႇင့္မယ္၊ ေနာက္ သစ္ေတာက႑ကေန ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ၂၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်မႈေတြနဲ႔ ႏုိင္ငံရဲ႕ ကာဗြန္ဒိုင္ေအာက္ဆိုက္ တန္ခ်ိန္ ၂၄၃ သန္းေက်ာ္ ေလွ်ာ့ခ်မယ့္ ရည္မွန္းခ်က္ အမ်ိဳးသားအဆင့္ စီမံကိန္းမွာ ပါဝင္ပါမယ္” လို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာပါ။

ျပန္ျပည့္ၿမဲစြမ္းအင္ အသံုးျပဳေရး အစိုးရဘက္က တိုးျမႇင့္ ေဆာင္ရြက္လာတဲ့ အထဲမွာ ေနေရာင္ျခည္သံုး ဆိုလာစြမ္းအင္စနစ္ တိုးခ်ဲ႕ဖို႔လည္း ပါဝင္ပါတယ္။ ျပည္တြင္းျပည္ပဖက္စပ္ ဆိုလာစြမ္းအင္ ထုတ္လုပ္ေရးကို ျမန္မာႏုိင္ငံတြင္း ပထမဆံုး အေကာင္အထည္ေဖာ္ခဲ့တဲ့ မေကြးတိုင္းရဲ႕ ဆိုလာစြမ္းအင္ အေတြ႔အႀကံဳကို သဘာဝပတ္ဝန္းက်င္၊ သယံဇာတနဲ႔ စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္ကို ၿပီးခဲ့တဲ့လပိုင္းအတြင္းက ဗီြအိုေအက ေမးျမန္းထားပါတယ္။

“သူ႔တခုတည္းကို အားကိုးရင္ေတာ့ လံုေလာက္တဲ႔စြမ္းအင္ရဖို႔ ေတာ္ေတာ္ခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ အခု off Grid လုပ္တယ္။ ခ်င္းတြင္းျမစ္နဲ႔ ဧရာဝတီ ျမစ္ဆံုမွာရွိတဲ႔ ကၽြန္းႀကီးေပၚမွာ ဆိုလာစနစ္နဲ႔လုပ္တဲ့ ရြာေတြေပါ့။ ဆိုလာနဲ႔လုပ္တဲ့ ယူနစ္ cost က်သင့္ေငြက ေစ်းလည္း ပိုႀကီးပါတယ္။ တယူနစ္ကို ၃၀၀ က်ပ္ ၃၅၀ က်ပ္။ တခ်ိဳ႕ဆို အရင္းေၾကကာလ ေလွ်ာ့လို႔ရွိရင္ တယူနစ္ကို ၅၀၀ က်ပ္ေလာက္ထိ ေပးရတဲ႔ဟာေတြ ရွိသလို သူတို႔က အခ်ိန္ျပည့္သံုးဖို႔ လံုေလာက္မႈ သိပ္မရွိဘူး။ ဒါေပမယ့္ လံုေလာက္တယ္ ဆိုရင္လည္း ေစ်းက ပိုႀကီးတယ္။ အဲလိုျဖစ္ေနတယ္။ က်ေနာ္တို႔ ဟဲဗီးေတြသံုးမယ္၊ အခ်ိန္ျပည့္သံုးမယ္ဆိုရင္ေတာ့ ဆိုလာက အားကိုးေလာက္တဲ့ စနစ္ေတာ့ မဟုတ္ဘူး။”

အစိုးရဘက္ကေတာ့ ရာသီဥတု ေျပာင္းလဲမႈအေရး တုံ႔ျပန္ကိုင္တြယ္မယ့္ အစီအစဥ္ထဲမွာ စြမ္းအင္ေလလြင့္မႈ နည္းသြားေအာင္လည္း လူေနအိမ္ေတြ စက္မႈလုပ္ငန္းေတြနဲ႔ တျခား က႑ေတြမွာပါ ေဆာင္ရြက္ဖို႔၊ ေနာက္ ဧကတသန္းခြဲနီးပါး သစ္ေတာႀကိဳးဝုိင္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္ၿပီး အမ်ားပိုင္နဲ႔ ပုဂၢလိကပိုင္ ေျမဧက ၆ သိန္းေက်ာ္မွာ သစ္ပင္ေတြ ျပန္ၿပီး စိုက္ပ်ိဳးသြားမယ့္အေၾကာင္းလည္း ႏုိ္င္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ကမၻာ့ေခါင္းေဆာင္ေတြ အြန္လိုင္းကေန ပါဝင္ေဆြးေႏြးၾကတဲ့ Climate Ambition Summit မွာ ကတိျပဳ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည် ကတိပြု

မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏ တန်ချိန် သန်း ၂၅၀ လောက် လျှော့ချဖို့ ရည်မှန်းကြောင်း Climate Ambition Summit ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကတိကဝတ်ပြုကြတဲ့ ထိပ်သီးညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

“မြန်မာနိုင်ငံဟာ စက်မှုလုပ်ငန်း နည်းပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ခုခံနိုင်စွမ်းမရှိဆုံး နိုင်ငံတခု ဖြစ်ပါတယ်” လို့ ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုအရေး မြန်မာ့ကတိကဝတ်တွေကို ကြေညာခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အလုပ်အဖွဲ့ UNFCCC ထံကိုလည်း မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုအရေး ကိုင်တွယ်လုပ်ဆောင်မယ့် အစီအစဉ်ကို ဒီနှစ်ကုန်ပိုင်းမှာ တင်သွင်းပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီ အမျိုးသားအဆင့်မှာ ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

“ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်မယ်၊ နောက် သစ်တောကဏ္ဍကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချမှုတွေနဲ့ နိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၄၃ သန်းကျော် လျှော့ချမယ့် ရည်မှန်းချက် အမျိုးသားအဆင့် စီမံကိန်းမှာ ပါဝင်ပါမယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုရေး အစိုးရဘက်က တိုးမြှင့် ဆောင်ရွက်လာတဲ့ အထဲမှာ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်စနစ် တိုးချဲ့ဖို့လည်း ပါဝင်ပါတယ်။ ပြည်တွင်းပြည်ပဖက်စပ် ဆိုလာစွမ်းအင် ထုတ်လုပ်ရေးကို မြန်မာနိုင်ငံတွင်း ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ မကွေးတိုင်းရဲ့ ဆိုလာစွမ်းအင် အတွေ့အကြုံကို သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကို ပြီးခဲ့တဲ့လပိုင်းအတွင်းက ဗွီအိုအေက မေးမြန်းထားပါတယ်။

“သူ့တခုတည်းကို အားကိုးရင်တော့ လုံလောက်တဲ့စွမ်းအင်ရဖို့ တော်တော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခု off Grid လုပ်တယ်။ ချင်းတွင်းမြစ်နဲ့ ဧရာဝတီ မြစ်ဆုံမှာရှိတဲ့ ကျွန်းကြီးပေါ်မှာ ဆိုလာစနစ်နဲ့လုပ်တဲ့ ရွာတွေပေါ့။ ဆိုလာနဲ့လုပ်တဲ့ ယူနစ် cost ကျသင့်ငွေက ဈေးလည်း ပိုကြီးပါတယ်။ တယူနစ်ကို ၃၀၀ ကျပ် ၃၅၀ ကျပ်။ တချို့ဆို အရင်းကြေကာလ လျှော့လို့ရှိရင် တယူနစ်ကို ၅၀၀ ကျပ်လောက်ထိ ပေးရတဲ့ဟာတွေ ရှိသလို သူတို့က အချိန်ပြည့်သုံးဖို့ လုံလောက်မှု သိပ်မရှိဘူး။ ဒါပေမယ့် လုံလောက်တယ် ဆိုရင်လည်း ဈေးက ပိုကြီးတယ်။ အဲလိုဖြစ်နေတယ်။ ကျနော်တို့ ဟဲဗီးတွေသုံးမယ်၊ အချိန်ပြည့်သုံးမယ်ဆိုရင်တော့ ဆိုလာက အားကိုးလောက်တဲ့ စနစ်တော့ မဟုတ်ဘူး။”

အစိုးရဘက်ကတော့ ရာသီဥတု ပြောင်းလဲမှုအရေး တုံ့ပြန်ကိုင်တွယ်မယ့် အစီအစဉ်ထဲမှာ စွမ်းအင်လေလွင့်မှု နည်းသွားအောင်လည်း လူနေအိမ်တွေ စက်မှုလုပ်ငန်းတွေနဲ့ တခြား ကဏ္ဍတွေမှာပါ ဆောင်ရွက်ဖို့၊ နောက် ဧကတသန်းခွဲနီးပါး သစ်တောကြိုးဝိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အများပိုင်နဲ့ ပုဂ္ဂလိကပိုင် မြေဧက ၆ သိန်းကျော်မှာ သစ်ပင်တွေ ပြန်ပြီး စိုက်ပျိုးသွားမယ့်အကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးကြတဲ့ Climate Ambition Summit မှာ ကတိပြု ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG