သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါရီ ဥတုရာသီ သေဘာတူစာခ်ဳပ္ ၅ ႏွစ္ျပည့္ အထိမ္းအမွတ္ က်င္းပ


ရာသီဥတုေျပာင္းလဲမႈအေပၚ အာဏာပိုင္ေတြ အေရးယူ ကုိင္တြယ္ဖုိ႔ ပါရီၿမိဳ႕မွာ ဆႏၵျပေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၁၊ ၂၀၁၉)

(Zawgyi / Unicode)

လူသားေတြအတြက္ ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြ ေပၚေပါက္ေစႏိုင္တဲ့အဆင့္ ေရာက္လာတဲ့အထိ ကမာၻ႔အပူခ်ိန္ ျမင့္တက္မလာေအာင္လုပ္ေဆာင္ဖို႔ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႔က ခ်ဳပ္ဆိုခဲ့တဲ့ ပါရီ ဥတုရာသီဆိုင္ရာ သေဘာတူစာခ်ဳပ္ ၅ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ စေနေန႔က အြန္လိုင္းကေန ညီလာခံ က်င္းပခဲ့ပါတယ္။

ကုလသမဂၢနဲ႔ ျပင္သစ္၊ ၿဗိတိန္၊ အီတလီ၊ ခ်ီလီတို႔ ႀကီးမွဴးက်င္းပတဲ့ ညီလာခံကို ႏိုင္ငံေပါင္း ၇၀ ေက်ာ္က ကမာၻ႔ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၾကၿပီး ကမာၻႀကီး ပူေႏြးလာေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ တားဆီးေရးအတြက္ သူတို႔ရဲ႕ ႀကိဳးပမ္းမႈေတြကို အရွိန္တိုးျမႇင့္ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ကတိျပဳခဲ့ၾကပါတယ္။

ဥတုရာသီေျပာင္းလဲမႈဆိုင္ရာနဲ႔ ပတ္သက္ၿပီး ကတိျပဳထားၾကတဲ့အတိုင္း ေရရွည္အတြက္ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ လုပ္ေဆာင္မႈေတြမွာ တိုးတက္မႈေတြ ရွိခဲ့တာေၾကာင့္ ဒီရာစုႏွစ္ကုန္ေလာက္အထိေတာ့ အႏၱရာယ္ဆိုးဆိုးဝါးဝါး က်ေရာက္ႏိုင္ေျခ သိပ္မရွိဘူးလို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။

ဒါေပမယ့္ အေမဇုန္ျမစ္ဝွမ္းေဒသ၊ ၾသစေၾတးလ်နဲ႔ အေမရိကန္ႏိုင္ငံေတြမွာ ေတာမီး အႀကီးအက်ယ္ ေလာင္ကၽြမ္းတာေတြ၊ ဘဂၤလားေဒ့ရွ္နဲ႔ အေရွ႕အာဖရိက ေဒသေတြမွာ ေရႀကီးတာေတြနဲ႔ အာတိတ္ေဒသမွာ အပူခ်ိန္ စံခ်ိန္တင္ေလာက္ေအာင္ ျမင့္မားတာေတြကို ၾကည့္ရင္ ကမာၻႀကီးမွာ စက္မႈေခတ္ မတိုင္ခင္ အခ်ိန္ကစၿပီး ၁.၂ ဒီဂရီစင္တီဂရိတ္ (၂.၂ ဒီဂရီဖာရင္ဟိုက္) တိုးလာေနတာရဲ႕ ႐ုိက္ခတ္မႈကို ျပသေနတာ ျဖစ္ပါတယ္။

ပါရီသေဘာတူညီခ်က္ရဲ႕ ရည္ရြယ္ခ်က္က ဒီရာစုႏွစ္ကုန္ေလာက္မွာ ကမာၻႀကီးပူေႏြးမႈ ၁.၅ ဒီဂရီ စင္တီဂရိတ္ (၂.၇ ဒီဂရီ ဖာရင္ဟိုက္) ထက္မေက်ာ္ဘဲ ၂ ဒီဂရီ စင္တီဂရိတ္ (၃.၆ ဒီဂရီဖာရင္ဟိုက္) ေအာက္မွာပဲ ရွိေစဖို႔ ျဖစ္ပါတယ္။

ဒီလိုျဖစ္လာေစဖုိ႔အတြက္ ေရနံေလာင္စာဆီ မသံုးစြဲဖို႔ လိုအပ္သလို ကမာၻေပၚက ကာဗြန္ဒိုင္ေအာင္ဆိုက္ေတြကို စုပ္ယူေျခဖ်က္ေပးႏုိင္တဲ့ သစ္ေတာေတြ၊ စိမ့္ေျမေတြနဲ႔ သမုဒၵရာေတြကို ေကာင္းေကာင္း အကာကြယ္ေပးရမွာ ျဖစ္ပါတယ္။

ညီလာခံမွာ တ႐ုတ္သမၼတ Xi Jinping က ပါရီသေဘာတူညီခ်က္ကို လိုက္နာတဲ့အေနနဲ႔ ဖန္လံုအိမ္ဓာတ္ေငြ႔ထုတ္လႊတ္မႈ ေလ်ာ့က်ေအာင္ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

၂၀၃၀ အတြက္ တ႐ုတ္အစိုးရ သႏၷိ႒ာန္ခ်ထားတာကို ေၾကညာတာျဖစ္ေၾကာင္း၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ၂၀၀၅ ခုႏွစ္ကထက္ ၆၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်မွာျဖစ္သလို ေလာင္စာဆီမသံုးတဲ့ စြမ္းအင္ထုတ္လုပ္မႈကို ၂၅ ရာခိုင္ႏႈန္းေလာက္အထိ တိုးျမႇင့္ၿပီး သစ္ေတာပမာဏကို ၂၀၀၅ ခုႏွစ္ကထက္ ကုဗမီတာ ၆ ဘီလီယံတိုးေအာင္ လုပ္ရင္း ေနနဲ႔ေလ စြမ္းအင္သံုး လွ်ပ္စစ္ပမာဏကို ကီလိုဝပ္ ၁.၂ ဘီလီယံေက်ာ္ရေအာင္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေၾကညာခဲ့တာပါ။

သမၼတ Donald Trump လက္ထက္မွာ အေမရိကန္ျပည္ေထာင္စုက ဒီ ပါရီ သေဘာတူညီခ်က္ကေန ႏုတ္ထြက္ခဲ့တာေၾကာင့္ အခုက်င္းပတဲ့ ညီလာခံကို အစိုးရကိုယ္စားလွယ္ေတြ မတက္ေရာက္ပါဘူး။ ဒါေပမယ့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ Apple ကုမၸဏီက အမႈေဆာင္အရာရွိခ်ဳပ္ Tim Cook တို႔လို စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြေတာ့ တက္ေရာက္ခဲ့ၾကပါတယ္။

အေရြးေကာက္ခံသမၼတ Joe Biden ကေတာ့ ပါရီ သေဘာတူညီခ်က္မွာ ျပန္ၿပီး ပါဝင္မွာျဖစ္ေၾကာင္း ကတိျပဳထားၿပီး ၂၀၅၀ မွာ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို သံုညအထိ ေလွ်ာ့ခ်ဖို႔ အေမရိကန္က လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ပါရီ ဥတုရာသီ သဘောတူစာချုပ် ၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

လူသားတွေအတွက် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်စေနိုင်တဲ့အဆင့် ရောက်လာတဲ့အထိ ကမ္ဘာ့အပူချိန် မြင့်တက်မလာအောင်လုပ်ဆောင်ဖို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ပါရီ ဥတုရာသီဆိုင်ရာ သဘောတူစာချုပ် ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စနေနေ့က အွန်လိုင်းကနေ ညီလာခံ ကျင်းပခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ချီလီတို့ ကြီးမှူးကျင်းပတဲ့ ညီလာခံကို နိုင်ငံပေါင်း ၇၀ ကျော်က ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တားဆီးရေးအတွက် သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာနဲ့ ပတ်သက်ပြီး ကတိပြုထားကြတဲ့အတိုင်း ရေရှည်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုပ်ဆောင်မှုတွေမှာ တိုးတက်မှုတွေ ရှိခဲ့တာကြောင့် ဒီရာစုနှစ်ကုန်လောက်အထိတော့ အန္တရာယ်ဆိုးဆိုးဝါးဝါး ကျရောက်နိုင်ခြေ သိပ်မရှိဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဒါပေမယ့် အမေဇုန်မြစ်ဝှမ်းဒေသ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတွေမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းတာတွေ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့အာဖရိက ဒေသတွေမှာ ရေကြီးတာတွေနဲ့ အာတိတ်ဒေသမှာ အပူချိန် စံချိန်တင်လောက်အောင် မြင့်မားတာတွေကို ကြည့်ရင် ကမ္ဘာကြီးမှာ စက်မှုခေတ် မတိုင်ခင် အချိန်ကစပြီး ၁.၂ ဒီဂရီစင်တီဂရိတ် (၂.၂ ဒီဂရီဖာရင်ဟိုက်) တိုးလာနေတာရဲ့ ရိုက်ခတ်မှုကို ပြသနေတာ ဖြစ်ပါတယ်။

ပါရီသဘောတူညီချက်ရဲ့ ရည်ရွယ်ချက်က ဒီရာစုနှစ်ကုန်လောက်မှာ ကမ္ဘာကြီးပူနွေးမှု ၁.၅ ဒီဂရီ စင်တီဂရိတ် (၂.၇ ဒီဂရီ ဖာရင်ဟိုက်) ထက်မကျော်ဘဲ ၂ ဒီဂရီ စင်တီဂရိတ် (၃.၆ ဒီဂရီဖာရင်ဟိုက်) အောက်မှာပဲ ရှိစေဖို့ ဖြစ်ပါတယ်။

ဒီလိုဖြစ်လာစေဖို့အတွက် ရေနံလောင်စာဆီ မသုံးစွဲဖို့ လိုအပ်သလို ကမ္ဘာပေါ်က ကာဗွန်ဒိုင်အောင်ဆိုက်တွေကို စုပ်ယူခြေဖျက်ပေးနိုင်တဲ့ သစ်တောတွေ၊ စိမ့်မြေတွေနဲ့ သမုဒ္ဒရာတွေကို ကောင်းကောင်း အကာကွယ်ပေးရမှာ ဖြစ်ပါတယ်။

ညီလာခံမှာ တရုတ်သမ္မတ Xi Jinping က ပါရီသဘောတူညီချက်ကို လိုက်နာတဲ့အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၃၀ အတွက် တရုတ်အစိုးရ သန္နိဋ္ဌာန်ချထားတာကို ကြေညာတာဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၀၅ ခုနှစ်ကထက် ၆၅ ရာခိုင်နှုန်း လျှော့ချမှာဖြစ်သလို လောင်စာဆီမသုံးတဲ့ စွမ်းအင်ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ပြီး သစ်တောပမာဏကို ၂၀၀၅ ခုနှစ်ကထက် ကုဗမီတာ ၆ ဘီလီယံတိုးအောင် လုပ်ရင်း နေနဲ့လေ စွမ်းအင်သုံး လျှပ်စစ်ပမာဏကို ကီလိုဝပ် ၁.၂ ဘီလီယံကျော်ရအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

သမ္မတ Donald Trump လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက ဒီ ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့တာကြောင့် အခုကျင်းပတဲ့ ညီလာခံကို အစိုးရကိုယ်စားလှယ်တွေ မတက်ရောက်ပါဘူး။ ဒါပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ Apple ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် Tim Cook တို့လို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေတော့ တက်ရောက်ခဲ့ကြပါတယ်။

အရွေးကောက်ခံသမ္မတ Joe Biden ကတော့ ပါရီ သဘောတူညီချက်မှာ ပြန်ပြီး ပါဝင်မှာဖြစ်ကြောင်း ကတိပြုထားပြီး ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုံညအထိ လျှော့ချဖို့ အမေရိကန်က လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG