သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမာ့္ဘရာသီဥတုညီလာခံ သဘောတူညီချက် ရေရေရာရာမရှိဘဲ အဆုံးသတ်


စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံကတော့ ဒီကနေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။

ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် လုပ်ဆောင်ရမယ့် အချက်တချို့ကိုတော့ နိုင်ငံကြီးတချို့က လက်မခံခဲ့တာကြောင့် နိုင်ငံငယ်လေးတွေနဲ့ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မက်ဒရစ်ညီလာခံက ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အလျှင်အမြန် ဖြတ်တောက်ဖို့ သိပ္ပံပညာရှင်တွေရဲ့ အကြံပေးချက်အပေါ် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စုပေါင်းလိုက်နာဖို့ ဘယ်လောက်အထိ ဆန္ဒရှိသလဲ ဆိုတာကို စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။

မက်ဒရစ်ညီလာခံအတွင်း အရေးပေါ်လုပ်ဖို့ လိုအပ်နေတာတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်မဟုတ်ဘဲ သဘောအသင့်အတင့်ရှိတဲ့ ကြေညာချက်တခုကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကတော့ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် လက်ရှိ ရှိနေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကတိပြုချက်တွေနဲ့ ၂၀၁၅ ပဲရစ်သဘောတူညီချက်မှာ ရခဲ့တဲ့ အပူချိန်ရည်မှန်းချက်ကြား ကွာဟမှုကို ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတော်များများနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး တိုင်းပြည်တွေအနေနဲ့ ရဲရဲတင်းတင်း ကတိကဝတ်ပြုဖို့ အရေးကြီးတယ်ဆိုတာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖော်ပြပေးဖို့ လိုလားကြပါတယ်။

---------------------------------------

(Unicode)

ကမာ့်ဘရာသီဥတုညီလာခံ သဘောတူညီခကြျ ရရေရောရာမရှိဘဲ အဆုံးသတျ







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG