သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီ အရေးပေါ်အခြေအနေ ကြေညာလုပ်ဆောင်ကြဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (နိုဝင်ဘာ ၂၀၊ ၂၀၂၀)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (နိုဝင်ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာကြီးပူနွေးလာပြီး ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်တွေနဲ့ ကြုံမယ့်အရေး ရှောင်ရှားနိုင်အောင် နိုင်ငံအသီးသီးအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်ကြဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

ပါရီ ဥတုရာသီဆိုင်ရာ သဘောတူညီချက်ရခဲ့တဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ကမကထလုပ်ပြီး အွန်လိုင်းကနေ တရက်ကြာကျင်းပတဲ့ ၂၀၂၀ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ (Climate Ambition Summit 2020) မှာ အတွင်းရေးမှူးချုပ်က တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၇၀ ကျော်က ခေါင်းဆောင်တွေကို ပန်ကြားလိုက်တာပါ။

“ကမ္ဘာကြီးမှာ သိသာတဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်တဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ အာနိသင်ပြယ်သွားတဲ့ အချိန်အထိ မိမိနိုင်ငံအတွက် ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေနေကို နိုင်ငံ့ခေါင်းဆောင်အားလုံးက ထုတ်ပြန်ကြဖို့ တောင်းဆိုကြောင်း” ပြောကြားခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံခဲ့ရတဲ့အတွက် ယိုယွင်းနေတဲ့ စီးပွားရေး ပြန်ထူထောင်နိုင်အောင် ရန်ပုံငွေတွေ ချထားပေးတာကို အခွင့်ကောင်းယူပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးတဲ့ အနာဂတ် အကူးအပြောင်းကို အရှိန်မြှင့် လုပ်ဆောင်ကြဖို့လည်း အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။ ဒါပေမယ့် ဒီလိုအနာဂတ်ရလာဖို့ အချိန်တော့ ပေးရဦးမှာဖြစ်ကြောင်း သတိပေးပါတယ်။

ဒီညီလာခံကို ပူးတွဲ ကမကထလုပ်တဲ့ ဗြိတိန်နိုင်ငံက ဝန်ကြီးချုပ် Boris Johnson ကလည်း အစိမ်းရောင်တော်လှန်ရေးလို့ ခေါ်တဲ့ ဝန်းကျင်ညစ်ညမ်းမှုမရှိအောင် လုပ်ဆောင်ရာမှာ ကမ္ဘာတလွှား အလုပ်အကိုင် သန်းနဲ့ချီ ပေါ်လာစေနိုင်ကြောင်း ညီလာခံမှာ ပြောပါတယ်။

သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်ရေးကို တခြားနိုင်ငံတွေပါ လုပ်ဆောင်လာဖို့ ဦးတည်ပြီး သူ့အစိုးရဟာ ပြည်ပနိုင်ငံတွေက ရေနံလောင်စာထုတ်လုပ်မှု စီမံကိန်းတွေအတွက် တိုက်ရိုက်ပံ့ပိုးမှုတွေ အဆုံးသတ်တော့မှာဖြစ်ကြောင်း ညီလာခံမတိုင်ခင် တရက်မှာ ဗြိတိန်က ကြေညာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG