ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၂၃ ရက္ေန႔ညက ႏိုင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ကိုဗစ္-19 ေရာဂါ ျဖစ္ပြားမွဳ ေနာက္ဆံုး အေျခအေနနဲ႔ ပတ္သက္ျပီး ျပည္သူေတြကို အစီရင္ခံ တင္ျပတဲ့ မိန္႔ခြန္းေျပာပါတယ္။ ဒီတစ္ၾကိမ္ မိန္႔ခြန္းရဲ႕ ထူးျခားခ်က္ကေတာ့ ျမန္မာနဲ႔ ကမၻာရဲ႕ ကိုဗစ္ အေျခအေန၊ ဆက္စပ္ အေၾကာင္းအရာေတြတင္မကပဲ ႏိုင္ငံေတာ္ပိုင္ သတင္းစာေတြ ဖတ္ဖို႔ တုိက္တြန္းခဲ့ပါတယ္။ မိန္႔ခြန္းရဲ႕ အခ်ိန္အမ်ားစုမွာ ႏိုင္ငံေတာ္ပိုင္ သတင္းစာမွာ ေဖာ္ျပထားတဲ့ အေၾကာင္းအရာေတြ ဘယ္ေလာက္ ေကာင္းေၾကာင္း၊ သမိုင္းဆုိ္င္ရာ အခ်က္အလက္ေတြ ဘယ္ေလာက္ပါေၾကာင္း၊ ကိုဗစ္နဲ႔ ပတ္သက္ျပီးတင္မက အျခား အစိုးရက လုပ္ေန ကိုင္ေနတဲ့ စီးပြားေရး စီမံကိန္းၾကီးေတြ အစသျဖင့္ စံုစံုလင္လင္ ပါ၀င္တာမို႔ ဖတ္သင့္ေၾကာင္း အမႊန္းတင္သြားပါတယ္။ ဒီ အေၾကာင္းအရာကို ေျပာဆုိသူဟာ ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္ပဲ အျခားသူ တစ္ေယာက္ေယာက္ ျဖစ္ေနမယ္ ဆိုရင္ေတာ့ အေ၀ဖန္ ခံရရံုမက ေလွာင္ေျပာင္တာမ်ိဳးကိုေတာင္ ခံရေကာင္း ခံရႏုိင္ပါတယ္။ အခု ေျပာဆုိသူကေတာ့ ျပည္သူအမ်ားစု ေထာက္ခံ အားေပးတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ေနေလေတာ့ ေ၀ဖန္ေျပာဆုိတာ သိပ္ျပီး မျမင္မေတြ႕ၾကရပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏုိင္ငံေတာ္ပိုင္ သတင္းစာေတြကို ဖတ္ပါဆုိျပီး စည္းရံုးဆြဲေဆာင္တာ ဘယ္လို အဓိပၸါယ္ ေဆာင္ပါသလဲ၊ အင္န္အယ္လ္ဒီ အစိုးရရဲ႕ သတင္းမီဒီယာ နဲ႔ ပတ္သက္တဲ့ ေပၚလစီ မွန္ကန္မွဳ ရွိပါရဲ႕လား ဆုိတာ ေ၀ဖန္ဆန္းစစ္ၾကည့္ၾကရေအာင္ပါ။
ေဒၚေအာင္ဆန္းစုၾကည္က ျပန္ၾကားေရး၀န္ၾကီးဌာနက ျပည္သူ႔ဘ႑ာေငြနဲ႔ ထုတ္ေ၀ ျဖန္႔ခ်ီေနတဲ့ အစိုးရပိုင္ သတင္းစာေတြကို ဖတ္ၾကဖို႔ အေၾကာင္းအရာမ်ိဳးစံု ျပည့္ျပည့္စံုစံု ေျပာဆုိျပီး တိုက္တြန္းသြားတာပါ။ အစိုးရက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြဟာ လူမွဳကြန္ယက္ေတြနဲ႔ အင္တာနက္ စာမ်က္ႏွာေတြမွာလည္း ပါတယ္ ဆိုေပမယ့္ သတင္းစာက အဲဒါေတြထက္ ပိုျပီး ျပည့္စံုတယ္၊ ဖတ္တဲ့သူအတြက္ မ်က္လံုးကိုလည္း သက္သာေစတယ္လို႔ ဆုိသြားတာပါ။
တကယ္ေတာ့ ျပန္ၾကားေရးက ထုတ္တဲ့ အစိုးရပိုင္ သတင္းစာဆုိတာဟာ အစိုးရေကာင္းေၾကာင္း ၀ါဒျဖန္႔ေပးရတဲ့ ၀ါဒျဖန္႔ သတင္းစာလို႔ ဆိုရင္လည္း မမွားပါဘူး။ အရင္ စစ္အာဏာရွင္ေခတ္ အဆက္ဆက္ကတည္းက ရွိခဲ့တဲ့ အဲဒီ မူ၀ါဒဟာ အခု အင္န္အယ္လ္ဒီ လက္ထက္မွာလည္း လံုး၀ မေျပာင္းမလဲပဲ ကိုင္စြဲထားဆဲပါပဲ။ အစိုးရပိုင္ သတင္းစာေတြအျပင္၊ ပံုႏွိပ္ထုတ္ေ၀ေနတဲ့ စာေစာင္ေတြ၊ ထုတ္လႊင့္ေနတဲ့ ေရဒီယိုလိုင္းနဲ႔ မ်ားျပားလွစြာေသာ ရုပ္သံ ခ်ယ္နယ္လိုင္းေတြ အားလံုးဟာ အဲဒီ မူ၀ါဒ ေအာက္မွာပဲ ထုတ္ေ၀၊ ထုတ္လႊင့္ေနၾကတာပါ။ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြ၊ ေၾကညာခ်က္ေတြ၊ အစိုးရ ေခါင္းေဆာင္ေတြက ေျပာတဲ့ မိန္႔ခြန္းေတြ၊ အစိုးရ ထိပ္ပိုင္းရာထူး အေျပာင္းအလဲေတြ၊ ျပန္တမ္းေတြ၊ အစိုးရက အေကာင္အထည္ ေဖာ္ေနတဲ့ လုပ္ငန္းေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြ၊ ေဆာင္းပါးေတြ စတာေတြကို အဓိကထား ေဖာ္ျပေနတာမ်ိဳးပါ။ အဲလို အေၾကာင္းအရာေတြ သက္သက္ခ်ည္းပဲ ေဖာ္ျပေနရင္ ဘယ္သူမွ ဖတ္ၾကမွာ၊ ၾကည့္ၾကမွာ မဟုတ္လို႔၊ ေရြးခ်ယ္ထားတဲ့ ႏိုင္ငံတကာ သတင္းဘာသာျပန္နည္းနည္း၊ ေဖ်ာ္ေျဖေရးဆုိင္ရာ နည္းနည္း၊ နာေရးသတင္းနဲ႔ ေၾကာ္ျငာ၊ တစ္ခါတစ္ရံ ကဗ်ာ၊ ေဆာင္းပါး စတာေတြနဲ႔ ျဖည့္စြက္မြမ္းမံထားတာေလာက္ပဲ ရွိပါတယ္။
အေရးၾကီးတာက အစိုးရပိုင္ သတင္းစာ၊ ေရဒီယို၊ ရုပ္ျမင္သံၾကားေတြ အားလံုးမွာ ျပည္သူေတြ သိခ်င္တဲ့ သတင္းေတြကို စံုစံုလင္လင္ မေဖာ္ျပပါဘူး။ အစိုးရရဲ႕ လုပ္ကိုင္ေဆာင္ရြက္ခ်က္ေတြကို အားေပး၊ ကူညီ ပံ့ပိုးရာ မေရာက္တဲ့ သတင္းမွန္သမွ် မေဖာ္ျပပါဘူး။ ဒါ့အျပင္ ေဖာ္ျပတဲ့ သတင္းေတြတုိင္းမွာလည္း ျပည့္ျပည့္စံုစံု မေဖာ္ျပပါဘူး။ လိုရာေလာက္ပဲ ေဖာ္ျပျပီး တစ္ခါတစ္ရံ ေဖာ္ျပတဲ့ သတင္းမွာ အႏွစ္သာရ လံုး၀ မပါတဲ့ သတင္းမ်ိဳးလည္း အေျမာက္မ်ား ရွိေနပါတယ္။ ဥပမာ- ဘယ္သူက ဦးေဆာင္ျပီး၊ ဘာအေၾကာင္းအရာနဲ႔ အစည္းအေ၀းလုပ္တယ္၊ အဲဒီစည္းေ၀း ဘယ္သူေတြ တက္တယ္၊ ဒီေလာက္ပါပဲ။ ေဆာင္းပါးေတြ အားလံုးလိုလိုဟာလဲ အဲဒီ သေဘာအတုိင္းပါပဲ။
အားလံုးကို ျခံဳၾကည့္လိုက္ရင္ အစိုးရပိုင္ သတင္းစာ၊ ေရဒီယို၊ ရုပ္သံေတြ ဆုိတာဟာ ျပည္သူေတြ သိခ်င္တဲ့ သတင္းစံုစံုလင္လင္ တင္ျပတာမ်ိဳး မဟုတ္ပါဘူး။ ေနာက္တစ္ခုကေတာ့ ေဖာ္ျပမွဳတုိင္းမွာ အစိုးရဘက္ကို လုိက္တဲ့ ဘက္လိုက္မွဳ ရွိေနတာ ေတြ႕ႏုိင္ပါတယ္။ အေသအျခာ စိစစ္လိုက္ရင္ အစိုးရပိုင္ သတင္းစာ၊ ေရဒီယို၊ ရုပ္ျမင္သံၾကား ေဖာ္ျပမွဳေတြ အားလံုးလိုလိုဟာ အေျခခံ စာနယ္ဇင္း က်င့္၀တ္၊ မီဒီယာက်င့္၀တ္နဲ႔လည္း ကိုက္ညီမွဳ မရွိတာ ေတြ႕ႏိုင္ပါတယ္။
အျခားတစ္ဖက္မွာေတာ့ ျမန္မာႏိုင္ငံမွာ ပုဂၢလိက မီဒီယာ လုပ္ငန္း အေျခအေန ေကာင္းမေနပါဘူး။ ပံုႏွိပ္ သတင္းစာ လက္တစ္ဆုတ္စာေလာက္ပဲ ရွိျပီး အျမတ္အစြန္း ရေနတယ္ ဆိုတဲ့ သတင္းမ်ိဳး မၾကားမသိရပါဘူး။ လုပ္ကိုင္ခြင့္ရတာ သိပ္မၾကာေသးတဲ့ ပုဂၢလိက ရုပ္သံခ်ယ္နယ္လုပ္ငန္း ေတြကလည္း ျပန္ၾကားေရး၀န္ၾကီးဌာနရဲ႕ တစ္ဖက္သတ္ စည္းမ်ဥ္းေတြ၊ ကိုယ့္ဖာသာကိုယ္ ဆင္ဆာလုပ္ခိုင္းတဲ့ စနစ္ေတြ ေအာက္မွာ ေငြေၾကးအရ ေအာင္ျမင္မွဳ ရေနတာမ်ိဳး မၾကားသိရသလို ပရိတ္သတ္ လက္ခံအားေပးမွဳအတြက္လည္း ရုန္းကန္ေနရဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံက ပုဂၢလိက သတင္းမီဒီယာ လုပ္ငန္းေတြဟာ စာနယ္ဇင္းက်င့္၀တ္၊မီဒီယာ က်င့္၀တ္ လိုက္နာႏိုင္မွဳ အပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနေသးတဲ့အျပင္ အရည္အေသြးပိုင္းမွာလည္း လိုအပ္ခ်က္ အမ်ားၾကီးရွိေနတာ ေတြ႕ျမင္ၾကရပါတယ္။ အားလံုးကို ျခံဳၾကည့္လိုက္ရင္ အစိုးရပိုင္ မီဒီယာေရာ၊ ပုဂၢလိကပိုင္ မီဒီယာေတြပါ အားနည္းေနတဲ့ ႏုိင္ငံတစ္ခုအေနနဲ႔ မီဒီယာဟာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရး စတဲ့ တုိင္းျပည္ရဲ႕ မ႑ိဳင္ၾကီး ၃ ရပ္ကို ထိန္းေက်ာင္းႏိုင္မယ့္၊ အျပန္အလွန္ ေလးစားသမွဳရွိေစမယ့္ စတုတၱမ႑ိဳင္ အျဖစ္ေရာက္ဖို႔ အေတာ္ေလးကို ၾကိဳးစားၾကရပါဦးမယ္။
လက္ရွိ အင္န္အယ္လ္ဒီ အစိုးရဟာလည္း အရင္ စစ္ဗိုလ္ခ်ဳပ္ေတြ၊ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြရဲ႕ အစိုးရေတြလိုပဲ ပုဂၢလိက မီဒီယာေတြကို အားေပးလိုစိတ္ ရွိတာ မေတြ႕ရပါဘူး။ အာဏာရခဲ့တဲ့ ၄-၅ ႏွစ္ အခ်ိန္လံုးလံုး သတင္းမီဒီယာေလာက အတြက္ အေရးၾကီးတဲ့ ေရဒီယိုနဲ႔ ရုပ္သံထုတ္လႊင့္ျခင္းဆုိ္င္ရာ ဥပေဒလိုမ်ိဳး public service media ဥပေဒလိုမ်ိဳး ကို အသက္၀င္လာေအာင္ မၾကိဳးစားခဲ့တဲ့အျပင္ ျပည္သူေတြရဲ႕ သတင္းသိပိုင္ခြင့္ရွိေရး Right to information law ျပဌာန္းႏုိင္ေအာင္လည္း မၾကိဳးစားခဲ့ပါဘူး။ ျပန္ၾကားေရး၀န္ၾကီး ေဒါက္တာေဖျမင့္က ျမန္မာႏိုင္ငံမွာ သတင္းစာ အပါအ၀င္ ပံုႏွိပ္စာနယ္ဇင္း လုပ္ငန္း စီးပြားအရ က်ဆင္းသြားရတာဟာ ဒီဂ်စ္တယ္ ပက္လက္ေဖါင္း ေပၚေပါက္လာလို႔ ျဖစ္တယ္၊ ကမၻာၾကီးကလည္း အဲလို ေျပာင္းေနတယ္၊ ဒါေၾကာင့္ ကမၻာၾကီးနဲ႔ အတူ လိုက္ႏုိင္ေအာင္ ကိုယ့္ဖာသာကိုယ္ ၾကိဳးစားၾက ဆုိျပီး ေျပာဆုိခဲ့သလို၊ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အစိုးရ ၀ါဒျဖန္႔ခ်ီေရး အတြက္ ျပည္သူ႔ဘ႑ာေငြနဲ႔ ထုတ္ေ၀ေနတဲ့ အစိုးရပိုင္ သတင္းစာေတြကို ဖတ္သင့္ေၾကာင္း စည္းရံုးေျပာဆုိတာကိုပဲ ၾကားလိုက္ၾကရပါတယ္။
တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ခုိင္မာေရးအတြက္ ပုဂၢလိက သတင္းမီဒီယာေလာက အရည္အေသြးပိုင္းအရေရာ၊ က်င့္၀တ္ပိုင္းအရပါ ျမင့္မားလာဖို႔ လိုပါတယ္။ တစ္ခ်ိန္ ၂၀၁၅ ခုႏွစ္တုန္းက RFA သတင္းဌာနကို ေဒၚေအာင္ဆန္းစုၾကည္က “အစိုးရပိုင္ သတင္းစာေတြ ဘာေတြကေတာ့ ဒီမိုကေရစီနဲ႔ မသင့္ေလ်ာ္ဘူးလို႔ ထင္တယ္၊ ဒါေပမယ့္ ဒါဟာ အမတို႔ ေန႔ခ်င္းညခ်င္းမလုပ္ပါဘူး၊ ေသခ်ာတိုင္ပင္ၿပီးေတာ့မွ လုပ္မွာပါ၊ ဒါေပမယ့္ သိပ္ၿပီးလည္း အခ်ိန္ မဆြဲခ်င္ ဘူး။ ဒီမိုကေရစီ နည္းလမ္းက်ေအာင္လို႔ အျမန္ဆုံးလုပ္မွပဲ ဒီနိုင္ငံဟာ အဆင္ေခ်ာသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ တဆက္တည္း ေဒၚေအာင္ဆန္းစုၾကည္က အစိုးရက ေထာက္ပ့့ံထားေပမယ့္ လြတ္လြတ္လပ္လပ္ လုပ္လို႔ရတဲ့ VOA နဲ႔ BBC သတင္းဌာနေတြကို ကိုးကား ေျပာဆိုလိုက္ပါေသးတယ္။ လက္္ေတြ႕မွာလည္း အစိုးရပိုင္ ၀ါဒျဖန္႔ သတင္းစာေတြနဲ႔ မီဒီယာေပါင္းစံုကို လြတ္လြတ္လပ္လပ္ မီဒီယာေတြ ျဖစ္လာေအာင္ ေဒၚေအာင္ဆန္းစုၾကည္ လုပ္ႏိုင္မွာ မဟုတ္တာကေတာ့ ေသျခာပါတယ္။ လုပ္ႏိုင္တာကေတာ့ သူေျပာခဲ့တဲ့ VOA, BBC တို႔လို၊ ဥေရာပမွာ ေခတ္စားတဲ့ public services media လိုမ်ိဳးကို ဥပေဒျပဌာန္း အေကာင္အထည္ ေဖာ္သင့္ပါတယ္။ ဒီအတြက္ ေပၚေပါက္လာမယ့္ ႏိုင္ငံေတာ္က ေထာက္ပံ့၊ လြတ္လပ္ျပီး အမွီအခုိကင္းတဲ့ ဘုတ္အဖြဲ႕တစ္ဖြဲ႕က အေကာင္အထည္ ေဖာ္မယ့္ PSB အတြက္ လက္ရွိ အစိုးရပိုင္ေတြထဲက သတင္းစာ၊ ေရဒီယို၊ ရုပ္သံ တစ္ခုစီေလာက္ကို ခြဲေ၀ေပးရင္ေတာင္ အေကာင္အထည္ ေဖာ္ႏုိင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။
-------------------------------------------
ဒေါ်အောင်ဆန်းစုကြည် အစိုးရပိုင် သတင်းစာကို ကြော်ငြာတာ ဘယ်လို အဓိပ္ပါယ် ဆောင်သလဲ
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ညက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းပြောပါတယ်။ ဒီတစ်ကြိမ် မိန့်ခွန်းရဲ့ ထူးခြားချက်ကတော့ မြန်မာနဲ့ ကမ္ဘာရဲ့ ကိုဗစ် အခြေအနေ၊ ဆက်စပ် အကြောင်းအရာတွေတင်မကပဲ နိုင်ငံတော်ပိုင် သတင်းစာတွေ ဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မိန့်ခွန်းရဲ့ အချိန်အများစုမှာ နိုင်ငံတော်ပိုင် သတင်းစာမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ ဘယ်လောက် ကောင်းကြောင်း၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ ဘယ်လောက်ပါကြောင်း၊ ကိုဗစ်နဲ့ ပတ်သက်ပြီးတင်မက အခြား အစိုးရက လုပ်နေ ကိုင်နေတဲ့ စီးပွားရေး စီမံကိန်းကြီးတွေ အစသဖြင့် စုံစုံလင်လင် ပါဝင်တာမို့ ဖတ်သင့်ကြောင်း အမွှန်းတင်သွားပါတယ်။ ဒီ အကြောင်းအရာကို ပြောဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲ အခြားသူ တစ်ယောက်ယောက် ဖြစ်နေမယ် ဆိုရင်တော့ အဝေဖန် ခံရရုံမက လှောင်ပြောင်တာမျိုးကိုတောင် ခံရကောင်း ခံရနိုင်ပါတယ်။ အခု ပြောဆိုသူကတော့ ပြည်သူအများစု ထောက်ခံ အားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလေတော့ ဝေဖန်ပြောဆိုတာ သိပ်ပြီး မမြင်မတွေ့ကြရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်ပိုင် သတင်းစာတွေကို ဖတ်ပါဆိုပြီး စည်းရုံးဆွဲဆောင်တာ ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ၊ အင်န်အယ်လ်ဒီ အစိုးရရဲ့ သတင်းမီဒီယာ နဲ့ ပတ်သက်တဲ့ ပေါ်လစီ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ ဝေဖန်ဆန်းစစ်ကြည့်ကြရအောင်ပါ။
ဒေါ်အောင်ဆန်းစုကြည်က ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ေ၀ ဖြန့်ချီနေတဲ့ အစိုးရပိုင် သတင်းစာတွေကို ဖတ်ကြဖို့ အကြောင်းအရာမျိုးစုံ ပြည့်ပြည့်စုံစုံ ပြောဆိုပြီး တိုက်တွန်းသွားတာပါ။ အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လူမှုကွန်ယက်တွေနဲ့ အင်တာနက် စာမျက်နှာတွေမှာလည်း ပါတယ် ဆိုပေမယ့် သတင်းစာက အဲဒါတွေထက် ပိုပြီး ပြည့်စုံတယ်၊ ဖတ်တဲ့သူအတွက် မျက်လုံးကိုလည်း သက်သာစေတယ်လို့ ဆိုသွားတာပါ။
တကယ်တော့ ပြန်ကြားရေးက ထုတ်တဲ့ အစိုးရပိုင် သတင်းစာဆိုတာဟာ အစိုးရကောင်းကြောင်း ဝါဒဖြန့်ပေးရတဲ့ ဝါဒဖြန့် သတင်းစာလို့ ဆိုရင်လည်း မမှားပါဘူး။ အရင် စစ်အာဏာရှင်ခေတ် အဆက်ဆက်ကတည်းက ရှိခဲ့တဲ့ အဲဒီ မူဝါဒဟာ အခု အင်န်အယ်လ်ဒီ လက်ထက်မှာလည်း လုံး၀ မပြောင်းမလဲပဲ ကိုင်စွဲထားဆဲပါပဲ။ အစိုးရပိုင် သတင်းစာတွေအပြင်၊ ပုံနှိပ်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ထုတ်လွှင့်နေတဲ့ ရေဒီယိုလိုင်းနဲ့ များပြားလှစွာသော ရုပ်သံ ချယ်နယ်လိုင်းတွေ အားလုံးဟာ အဲဒီ မူဝါဒ အောက်မှာပဲ ထုတ်ဝေ၊ ထုတ်လွှင့်နေကြတာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ၊ အစိုးရ ခေါင်းဆောင်တွေက ပြောတဲ့ မိန့်ခွန်းတွေ၊ အစိုးရ ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေ၊ ပြန်တမ်းတွေ၊ အစိုးရက အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ စတာတွေကို အဓိကထား ဖော်ပြနေတာမျိုးပါ။ အဲလို အကြောင်းအရာတွေ သက်သက်ချည်းပဲ ဖော်ပြနေရင် ဘယ်သူမှ ဖတ်ကြမှာ၊ ကြည့်ကြမှာ မဟုတ်လို့၊ ရွေးချယ်ထားတဲ့ နိုင်ငံတကာ သတင်းဘာသာပြန်နည်းနည်း၊ ဖျော်ဖြေရေးဆိုင်ရာ နည်းနည်း၊ နာရေးသတင်းနဲ့ ကြော်ငြာ၊ တစ်ခါတစ်ရံ ကဗျာ၊ ဆောင်းပါး စတာတွေနဲ့ ဖြည့်စွက်မွမ်းမံထားတာလောက်ပဲ ရှိပါတယ်။
အရေးကြီးတာက အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေ အားလုံးမှာ ပြည်သူတွေ သိချင်တဲ့ သတင်းတွေကို စုံစုံလင်လင် မဖော်ပြပါဘူး။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အားပေး၊ ကူညီ ပံ့ပိုးရာ မရောက်တဲ့ သတင်းမှန်သမျှ မဖော်ပြပါဘူး။ ဒါ့အပြင် ဖော်ပြတဲ့ သတင်းတွေတိုင်းမှာလည်း ပြည့်ပြည့်စုံစုံ မဖော်ပြပါဘူး။ လိုရာလောက်ပဲ ဖော်ပြပြီး တစ်ခါတစ်ရံ ဖော်ပြတဲ့ သတင်းမှာ အနှစ်သာရ လုံး၀ မပါတဲ့ သတင်းမျိုးလည်း အမြောက်များ ရှိနေပါတယ်။ ဥပမာ- ဘယ်သူက ဦးဆောင်ပြီး၊ ဘာအကြောင်းအရာနဲ့ အစည်းအဝေးလုပ်တယ်၊ အဲဒီစည်းဝေး ဘယ်သူတွေ တက်တယ်၊ ဒီလောက်ပါပဲ။ ဆောင်းပါးတွေ အားလုံးလိုလိုဟာလဲ အဲဒီ သဘောအတိုင်းပါပဲ။
အားလုံးကို ခြုံကြည့်လိုက်ရင် အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေ ဆိုတာဟာ ပြည်သူတွေ သိချင်တဲ့ သတင်းစုံစုံလင်လင် တင်ပြတာမျိုး မဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ဖော်ပြမှုတိုင်းမှာ အစိုးရဘက်ကို လိုက်တဲ့ ဘက်လိုက်မှု ရှိနေတာ တွေ့နိုင်ပါတယ်။ အသေအခြာ စိစစ်လိုက်ရင် အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဖော်ပြမှုတွေ အားလုံးလိုလိုဟာ အခြေခံ စာနယ်ဇင်း ကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်နဲ့လည်း ကိုက်ညီမှု မရှိတာ တွေ့နိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မီဒီယာ လုပ်ငန်း အခြေအနေ ကောင်းမနေပါဘူး။ ပုံနှိပ် သတင်းစာ လက်တစ်ဆုတ်စာလောက်ပဲ ရှိပြီး အမြတ်အစွန်း ရနေတယ် ဆိုတဲ့ သတင်းမျိုး မကြားမသိရပါဘူး။ လုပ်ကိုင်ခွင့်ရတာ သိပ်မကြာသေးတဲ့ ပုဂ္ဂလိက ရုပ်သံချယ်နယ်လုပ်ငန်း တွေကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တစ်ဖက်သတ် စည်းမျဉ်းတွေ၊ ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်ခိုင်းတဲ့ စနစ်တွေ အောက်မှာ ငွေကြေးအရ အောင်မြင်မှု ရနေတာမျိုး မကြားသိရသလို ပရိတ်သတ် လက်ခံအားပေးမှုအတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပုဂ္ဂလိက သတင်းမီဒီယာ လုပ်ငန်းတွေဟာ စာနယ်ဇင်းကျင့်ဝတ်၊မီဒီယာ ကျင့်ဝတ် လိုက်နာနိုင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အပြင် အရည်အသွေးပိုင်းမှာလည်း လိုအပ်ချက် အများကြီးရှိနေတာ တွေ့မြင်ကြရပါတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် အစိုးရပိုင် မီဒီယာရော၊ ပုဂ္ဂလိကပိုင် မီဒီယာတွေပါ အားနည်းနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ မီဒီယာဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထိန်းကျောင်းနိုင်မယ့်၊ အပြန်အလှန် လေးစားသမှုရှိစေမယ့် စတုတ္တမဏ္ဍိုင် အဖြစ်ရောက်ဖို့ အတော်လေးကို ကြိုးစားကြရပါဦးမယ်။
လက်ရှိ အင်န်အယ်လ်ဒီ အစိုးရဟာလည်း အရင် စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရတွေလိုပဲ ပုဂ္ဂလိက မီဒီယာတွေကို အားပေးလိုစိတ် ရှိတာ မတွေ့ရပါဘူး။ အာဏာရခဲ့တဲ့ ၄-၅ နှစ် အချိန်လုံးလုံး သတင်းမီဒီယာလောက အတွက် အရေးကြီးတဲ့ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေလိုမျိုး public service media ဥပဒေလိုမျိုး ကို အသက်ဝင်လာအောင် မကြိုးစားခဲ့တဲ့အပြင် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ရှိရေး Right to information law ပြဌာန်းနိုင်အောင်လည်း မကြိုးစားခဲ့ပါဘူး။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာနိုင်ငံမှာ သတင်းစာ အပါအဝင် ပုံနှိပ်စာနယ်ဇင်း လုပ်ငန်း စီးပွားအရ ကျဆင်းသွားရတာဟာ ဒီဂျစ်တယ် ပက်လက်ဖေါင်း ပေါ်ပေါက်လာလို့ ဖြစ်တယ်၊ ကမ္ဘာကြီးကလည်း အဲလို ပြောင်းနေတယ်၊ ဒါကြောင့် ကမ္ဘာကြီးနဲ့ အတူ လိုက်နိုင်အောင် ကိုယ့်ဖာသာကိုယ် ကြိုးစားကြ ဆိုပြီး ပြောဆိုခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရ ဝါဒဖြန့်ချီရေး အတွက် ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ဝေနေတဲ့ အစိုးရပိုင် သတင်းစာတွေကို ဖတ်သင့်ကြောင်း စည်းရုံးပြောဆိုတာကိုပဲ ကြားလိုက်ကြရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခိုင်မာရေးအတွက် ပုဂ္ဂလိက သတင်းမီဒီယာလောက အရည်အသွေးပိုင်းအရရော၊ ကျင့်ဝတ်ပိုင်းအရပါ မြင့်မားလာဖို့ လိုပါတယ်။ တစ်ချိန် ၂၀၁၅ ခုနှစ်တုန်းက RFA သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည်က “အစိုးရပိုင် သတင်းစာတွေ ဘာတွေကတော့ ဒီမိုကရေစီနဲ့ မသင့်လျော်ဘူးလို့ ထင်တယ်၊ ဒါပေမယ့် ဒါဟာ အမတို့ နေ့ချင်းညချင်းမလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ၊ ဒါပေမယ့် သိပ်ပြီးလည်း အချိန် မဆွဲချင် ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ” လို့ ပြောခဲ့ပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ထောက်ပံ့ထားပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ VOA နဲ့ BBC သတင်းဌာနတွေကို ကိုးကား ပြောဆိုလိုက်ပါသေးတယ်။ လက်တွေ့မှာလည်း အစိုးရပိုင် ဝါဒဖြန့် သတင်းစာတွေနဲ့ မီဒီယာပေါင်းစုံကို လွတ်လွတ်လပ်လပ် မီဒီယာတွေ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်မှာ မဟုတ်တာကတော့ သေခြာပါတယ်။ လုပ်နိုင်တာကတော့ သူပြောခဲ့တဲ့ VOA, BBC တို့လို၊ ဥရောပမှာ ခေတ်စားတဲ့ public services media လိုမျိုးကို ဥပဒေပြဌာန်း အကောင်အထည် ဖော်သင့်ပါတယ်။ ဒီအတွက် ပေါ်ပေါက်လာမယ့် နိုင်ငံတော်က ထောက်ပံ့၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့က အကောင်အထည် ဖော်မယ့် PSB အတွက် လက်ရှိ အစိုးရပိုင်တွေထဲက သတင်းစာ၊ ရေဒီယို၊ ရုပ်သံ တစ်ခုစီလောက်ကို ခွဲဝေပေးရင်တောင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။