ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်အထိ စိတ်ချရသလဲ
Covid 19 အတွက် Pfizer နဲ့ Moderna ကုမ္ပဏီတွေကထုတ်တဲ့ ကာကွယ်ဆေးတွေဟာ တနှစ်မပြည့်ခင်မှာ ရလာတာ ဖြစ်ပေမဲ့ ဒီဆေးတွေရဲ့ စိတ်ချရမှု အတိုင်းအတာကို ကျန်းမာရေးပညာရှင်တွေက အာမခံပြီး ယုံယုံကြည်ကြည် ထိုးဖို့ တိုက်တွန်းနေပါတယ်။ အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။