(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကာကြယ္ေဆး ထိုးၿပီးတဲ့ ႏုိင္ငံသား ၁.၉ သန္း ရွိလာေပမယ့္ ေနာက္ထပ္ကူးစက္သူ အေရအတြက္ တုိးလာေနတာေၾကာင့္ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ တိုက္ဖ်က္ေရးမွာ ဒီအခ်ိန္ဟာ အတိမ္းအေစာင္းမခံတဲ့ အခ်ိန္ျဖစ္ေၾကာင္း ထိပ္တန္း အေမရိကန္ကူးစက္ေရာဂါပညာရွင္ ေဒါက္တာ Anthony Fauci က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။
ေဆာင္းရာသီအားလပ္ရက္အတြင္း စုေဝးမႈေတြ မလုပ္ဖို႔ က်န္းမာေရးတာဝန္ခံေတြ ျပင္းျပင္းထန္ထန္ သတိေပး ေျပာၾကားေနတာကို မလိုက္နာႏိုင္ၾကဘဲ ေဆြမ်ိဳး အေပါင္းအသင္းေတြနဲ႔ ေတြ႔ဆံုဖို႔ ခရီးထြက္ေနတဲ့ အေမရိကန္ႏုိင္ငံသား ၈၅ သန္းေလာက္ ရွိေနတဲ့အတြက္ ႏိုင္ငံတြင္း ေရာဂါကူးစက္မႈ ပိုတိုးလာမွာကို က်န္းမာေရးတာဝန္ခံေတြ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။
၁၉၈၄ ခုႏွစ္ကတည္းက အေမရိကန္က်န္းမာေရးဌာန NIH ရဲ႕ ကူးစက္ေရာဂါဆိုင္ရာ NIAID ရဲ႕ အႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ Fauci ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ကာကြယ္ေဆး ထိုးခဲ့တာပါ။
အေရြးေကာက္ခံသမၼတ Joe Biden က သူ႔အစိုးရအဖြဲ႔အတြက္ ေဆးဘက္အႀကံေပးေရးမွဴးအျဖစ္ ခန္႔အပ္ဖို႔ အမည္တင္သြင္းတာခံရတဲ့ ေဒါက္တာ Fauci က အေမရိကန္ႏုိင္ငံသားေတြ ကာကြယ္ေဆးထိုးၾကဖို႔လည္း တုိက္တြန္းေနတာ ျဖစ္ပါတယ္။
လာမယ့္လေတြအတြင္း အေမရိကန္ ၂၀၉ သန္းထဲက ၇၅-၈၀ ရာခိုင္နႈန္းေလာက္ ကာကြယ္ေဆးထိုးၿပီးသား ျဖစ္မယ္လို႔ ေဒါက္တာ Fauci ခန္႔မွန္းထားၿပီး ဒါဟာ ႏိုင္ငံတြင္း ဒီကပ္ေရာဂါ အဆံုးသတ္ေရးအတြက္ ကိုယ္ခံအားရသူ လံုလံုေလာက္ေလာက္ ရွိလာမယ့္ အေနအထား ျဖစ္ႏုိင္တယ္လို႔လည္း ေျပာပါတယ္။
လာမယ့္ ေႏြရာသီကုန္ခါနီး ၾသဂုတ္လေလာက္ဆို အေမရိကန္ႏုိင္ငံတလႊား ကာကြယ္ေဆးထုိးၿပီးသူ အေတာ္မ်ားမ်ား ရွိလာႏိုင္တာေၾကာင့္ အဲဒီအခ်ိန္ေလာက္ဆို နဂိုပံုစံ အေျခအေနမ်ိဳးေလာက္ ျပန္ရႏိုင္ေခ်ရွိတယ္လို႔လည္း ေဒါက္တာ Fauci က တြက္ပါတယ္။
ၿဗိတိန္နဲ႔ ေတာင္အာဖရိကမွာ ေတြ႔လာရတဲ့ ကူးစက္ျမန္ ဗီဇေျပာင္းပိုးသစ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ က်န္းမာေရးတာဝန္ခံေတြ ေစာင့္ၾကည့္ဆန္းစစ္ေနၿပီး ဒီပိုးကို Pfizer-BioNTech နဲ႔ Moderna ထုတ္ ကာကြယ္ေဆးေတြက အကာအကြယ္ေပးႏိုင္ေၾကာင္း အဲဒီ ၂ ႏိုင္ငံစလံုးက ေျပာေပမယ့္ အေမရိကန္သုေတသန ပညာရွင္ေတြကေတာ့ ကိုယ္ပိုင္စမ္းသပ္မႈေတြနဲ႔ ေသခ်ာေအာင္ လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာပါတယ္။
အေမရိကန္ႏုိင္ငံမွာ COVID-19 ကူးစက္ခံရသူ ၁၉ သန္းေလာက္ရွိၿပီး ေသဆံုးရသူက ၃.၃ သိန္းေက်ာ္ ရွိေနပါတယ္။
----------------------------
(Unicode)
ကန် COVID-19 တိုက်ဖျက်ရေး စိုးရိမ်ဖွယ်ရာကိစ္စ ထိပ်တန်းပညာရှင် သတိပေး
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့ နိုင်ငံသား ၁.၉ သန်း ရှိလာပေမယ့် နောက်ထပ်ကူးစက်သူ အရေအတွက် တိုးလာနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဒီအချိန်ဟာ အတိမ်းအစောင်းမခံတဲ့ အချိန်ဖြစ်ကြောင်း ထိပ်တန်း အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဆောင်းရာသီအားလပ်ရက်အတွင်း စုဝေးမှုတွေ မလုပ်ဖို့ ကျန်းမာရေးတာဝန်ခံတွေ ပြင်းပြင်းထန်ထန် သတိပေး ပြောကြားနေတာကို မလိုက်နာနိုင်ကြဘဲ ဆွေမျိုး အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံသား ၈၅ သန်းလောက် ရှိနေတဲ့အတွက် နိုင်ငံတွင်း ရောဂါကူးစက်မှု ပိုတိုးလာမှာကို ကျန်းမာရေးတာဝန်ခံတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်ကျန်းမာရေးဌာန NIH ရဲ့ ကူးစက်ရောဂါဆိုင်ရာ NIAID ရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Fauci ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကာကွယ်ဆေး ထိုးခဲ့တာပါ။
အရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရအဖွဲ့အတွက် ဆေးဘက်အကြံပေးရေးမှူးအဖြစ် ခန့်အပ်ဖို့ အမည်တင်သွင်းတာခံရတဲ့ ဒေါက်တာ Fauci က အမေရိကန်နိုင်ငံသားတွေ ကာကွယ်ဆေးထိုးကြဖို့လည်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။
လာမယ့်လတွေအတွင်း အမေရိကန် ၂၀၉ သန်းထဲက ၇၅-၈၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးပြီးသား ဖြစ်မယ်လို့ ဒေါက်တာ Fauci ခန့်မှန်းထားပြီး ဒါဟာ နိုင်ငံတွင်း ဒီကပ်ရောဂါ အဆုံးသတ်ရေးအတွက် ကိုယ်ခံအားရသူ လုံလုံလောက်လောက် ရှိလာမယ့် အနေအထား ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
လာမယ့် နွေရာသီကုန်ခါနီး သြဂုတ်လလောက်ဆို အမေရိကန်နိုင်ငံတလွှား ကာကွယ်ဆေးထိုးပြီးသူ အတော်များများ ရှိလာနိုင်တာကြောင့် အဲဒီအချိန်လောက်ဆို နဂိုပုံစံ အခြေအနေမျိုးလောက် ပြန်ရနိုင်ချေရှိတယ်လို့လည်း ဒေါက်တာ Fauci က တွက်ပါတယ်။
ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့လာရတဲ့ ကူးစက်မြန် ဗီဇပြောင်းပိုးသစ်နဲ့ ပတ်သက်ပြီး အမေရိကန် ကျန်းမာရေးတာဝန်ခံတွေ စောင့်ကြည့်ဆန်းစစ်နေပြီး ဒီပိုးကို Pfizer-BioNTech နဲ့ Moderna ထုတ် ကာကွယ်ဆေးတွေက အကာအကွယ်ပေးနိုင်ကြောင်း အဲဒီ ၂ နိုင်ငံစလုံးက ပြောပေမယ့် အမေရိကန်သုတေသန ပညာရှင်တွေကတော့ ကိုယ်ပိုင်စမ်းသပ်မှုတွေနဲ့ သေချာအောင် လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၉ သန်းလောက်ရှိပြီး သေဆုံးရသူက ၃.၃ သိန်းကျော် ရှိနေပါတယ်။