သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး လူသားအားလံုး ရရွိေစဖို႔ ပုပ္ရဟန္းမင္း တိုက္တြန္း


ပုပ္ရဟန္းမင္းႀကီး Francis. (ဒီဇင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ေရာဂါကာကြယ္ေဆးကို ကမာၻေပၚက ေဒသတိုင္းမွာရွိတဲ့ လူတိုင္း ရေအာင္လုပ္ေပးဖို႔၊ အထူးသျဖင့္ေတာ့ အကာအကြယ္အမဲ့ဆံုး သူေတြအတြက္ ရေအာင္လုပ္ေပးဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ခရစၥမတ္ေန႔ မိန္႔ၾကားခ်က္ထဲမွာ ကမာၻ႔ႏုိင္ငံေတြကို တိုက္တြန္းခဲ့ပါတယ္။

"စစ္မွန္တဲ့ လူသားမိသားစုေတြအျဖစ္ က်ေနာ္တို႔ ေနထိုင္ၾကတာကို ပိတ္ကာထားတဲ့ အမ်ဳိးသားေရးဝါဒက တားဆီးတာမ်ဳိး က်ေနာ္တို႔ ခြင့္မျပဳႏုိင္ပါဘူး။ အစြန္းေရာက္ တသီးပုဂၢလဝါဒက အႏုိင္ရၿပီး တျခားလူေတြရဲ႕ ေဘးဒုကၡေတြအေပၚ သနားငဲ့ညႇာမႈမရွိတဲ့ ဘဝမ်ဳိး ေရာက္သြားေအာင္ လုပ္တာကို က်ေနာ္တုိ႔ ခြင့္မျပဳႏုိင္ပါဘူး" လို႔ ပုပ္ရဟန္းမင္းက မိန္႔ပါတယ္။

ပုပ္ရဟန္းမင္းရဲ႕ ခရစၥမတ္ေန႔ မိန္႔ၾကားခ်က္အမ်ားစုက ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ဆိုင္တာေတြျဖစ္ၿပီး အဲဒီေနာက္မွာ ကမာၻေပၚမွာ အက်ပ္အတည္းဆိုက္ ေဘးသင့္ေနတဲ့ အေျခအေနေတြ၊ ႏုိင္ငံေတြနဲ႔ ပတ္သက္ၿပီး မိန္႔ၾကားခဲ့တာပါ။

ကြဲျပားျခားနားမႈေတြ ဘယ္လိုပဲရွိေနၾကပါေစ အတူတကြ လက္တြဲလုပ္ကိုင္ၾကဖို႔ တကမာၻလံုးကုိ ပုပ္ရဟန္းမင္းက တိုက္တြန္းခဲ့ပါတယ္။

အကာအကြယ္မဲ့သူေတြ၊ နာဖ်ားမက်န္း ျဖစ္ေနသူေတြ၊ ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္ေနသူ ဒါမွမဟုတ္ အခက္အခဲ ႀကံဳေနရသူေတြ၊ လေပါင္းမ်ားစြာ အိမ္ထဲကေန မထြက္ရတဲ့ ကာလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈဒဏ္ ခံစားၾကရတဲ့ အမ်ဳိးသမီးေတြကို အထူးသျဖင့္ရည္ရြယ္ၿပီး ရက္ရက္ေရာေရာ အေထာက္အကူေပး ကူညီၾကဖို႔ လိုအပ္တဲ့အေၾကာင္း ပုပ္ရဟန္းမင္းႀကီး Francis က မိန္႔ၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး လူသားအားလုံး ရရှိစေဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း

COVID-19 ရောဂါကာကွယ်ဆေးကို ကမ္ဘာပေါ်က ဒေသတိုင်းမှာရှိတဲ့ လူတိုင်း ရအောင်လုပ်ပေးဖို့၊ အထူးသဖြင့်တော့ အကာအကွယ်အမဲ့ဆုံး သူတွေအတွက် ရအောင်လုပ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး Francis က ခရစ္စမတ်နေ့ မိန့်ကြားချက်ထဲမှာ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

"စစ်မှန်တဲ့ လူသားမိသားစုတွေအဖြစ် ကျနော်တို့ နေထိုင်ကြတာကို ပိတ်ကာထားတဲ့ အမျိုးသားရေးဝါဒက တားဆီးတာမျိုး ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ အစွန်းရောက် တသီးပုဂ္ဂလဝါဒက အနိုင်ရပြီး တခြားလူတွေရဲ့ ဘေးဒုက္ခတွေအပေါ် သနားငဲ့ညှာမှုမရှိတဲ့ ဘဝမျိုး ရောက်သွားအောင် လုပ်တာကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး" လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ ခရစ္စမတ်နေ့ မိန့်ကြားချက်အများစုက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆိုင်တာတွေဖြစ်ပြီး အဲဒီနောက်မှာ ကမ္ဘာပေါ်မှာ အကျပ်အတည်းဆိုက် ဘေးသင့်နေတဲ့ အခြေအနေတွေ၊ နိုင်ငံတွေနဲ့ ပတ်သက်ပြီး မိန့်ကြားခဲ့တာပါ။

ကွဲပြားခြားနားမှုတွေ ဘယ်လိုပဲရှိနေကြပါစေ အတူတကွ လက်တွဲလုပ်ကိုင်ကြဖို့ တကမ္ဘာလုံးကို ပုပ်ရဟန်းမင်းက တိုက်တွန်းခဲ့ပါတယ်။

အကာအကွယ်မဲ့သူတွေ၊ နာဖျားမကျန်း ဖြစ်နေသူတွေ၊ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသူ ဒါမှမဟုတ် အခက်အခဲ ကြုံနေရသူတွေ၊ လပေါင်းများစွာ အိမ်ထဲကနေ မထွက်ရတဲ့ ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုဒဏ် ခံစားကြရတဲ့ အမျိုးသမီးတွေကို အထူးသဖြင့်ရည်ရွယ်ပြီး ရက်ရက်ရောရော အထောက်အကူပေး ကူညီကြဖို့ လိုအပ်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG