(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုမွာ တနဂၤေႏြေန႔ကစလို႔ ဒုတိယေျမာက္ COVID-19 ကာကြယ္ေဆးကို ေဆး႐ုံေတြထံ စတင္ျဖန္႔ေဝေနတာနဲ႔ အတူပဲ အသက္ ၇၅ ႏွစ္နဲ႔အထက္ အသက္ႀကီးပိုင္းေတြ၊ မီးသတ္ဝန္ထမ္းေတြ၊ ေက်ာင္းဆရာ ဆရာမေတြနဲ႔ လက္လီအေရာင္းဆိုင္ ဝန္ထမ္းေတြလို မရွိမျဖစ္ လုပ္သားေတြကို ဒုတိယဦးစားေပးအျဖစ္ ကၽြမ္းက်င္သူမ်ားပါတဲ့ ေကာ္မတီက သတ္မွတ္လုိက္ပါတယ္။
Moderna ရဲ႕ COVID-19 ကာကြယ္ေဆးကို တနဂၤေႏြေန႔မွာ ျဖန္႔ေဝေနၿပီး တနလၤာေန႔မွာ စတင္ထိုးႏွံေပးႏုိင္ဖို႔ ေမွ်ာ္မွန္းထားတာပါ။
ပထမဆံုးအေနနဲ႔ Pfizer နဲ႔ BioNTech ရဲ႕ COVID-19 ကာကြယ္ေဆးကို ၿပီးခဲ့တဲ့သီတင္းပတ္ တနလၤာေန႔ကစလို႔ ထိုးႏွံေပးေနတာမွာ အခုအခ်ိန္ထိ အေမရိကန္ ၅၅၆,၀၀၀ ဦးကို ထိုးႏွံေပးၿပီးျဖစ္တယ္လို႔ အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC က ေျပာဆိုထားပါတယ္။
Pfizer နဲ႔ BioNTech ရဲ႕ COVID-19 ကာကြယ္ေဆးနဲ႔ အခု ဒုတိယေျမာက္ ကာကြယ္ေဆးျဖစ္တဲ့ Moderna ရဲ႕ COVID-19 ကာကြယ္ေဆးေတြကိုေတာ့ ကာကြယ္ေဆးထိုးႏွံေရး အႀကံေပးေကာ္မတီရဲ႕ အႀကံျပဳခ်က္ေတြအေပၚ အေျခခံၿပီး က်န္းမာေရးဝန္ထမ္းေတြနဲ႔ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာေတြမွာ ေနထိုင္ေနၾကရသူေတြကို ပထမဦးစားေပး ထိုးႏွံေပးဖို႔ အာဏာပိုင္တို႔က အတည္ျပဳထားတာပါ။
အသက္ ၇၅ ႏွစ္နဲ႔အထက္ သက္ႀကီးပိုင္း၊ ေနာက္ လူေတြနဲ႔ မျဖစ္မေန ထိေတြ႔ အလုပ္လုပ္ကိုင္ေနၾကရတဲ့ မရွိမျဖစ္ဝန္ထမ္းေတြ၊ လုပ္သားေတြကိုလည္း ကာကြယ္ေဆး ဦးစားေပး ထိုးႏွံေပးဖို႔အတြက္ အေမရိကန္စံေတာ္ခ်ိန္ တနဂၤေႏြေန႔မွာ ကာကြယ္ေဆးထိုးႏွံေရး ေကာ္မတီက ေထာက္ခံမဲ ၁၃ မဲ ကန္႔ကြက္မဲ ၁ မဲနဲ႔ အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။
-----------------------
(Unicode)
အမေရိကန်က သက်ကြီးပိုင်းပုဂ္ဂိုလ်တွေနဲ့ မရှိမဖြစ် လုပ်သားတွေကို ကိုဗစ်ကနေ ကာကွယ်မယ်
အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့ကစလို့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးကို ဆေးရုံတွေထံ စတင်ဖြန့်ဝေနေတာနဲ့ အတူပဲ အသက် ၇၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လက်လီအရောင်းဆိုင် ဝန်ထမ်းတွေလို မရှိမဖြစ် လုပ်သားတွေကို ဒုတိယဦးစားပေးအဖြစ် ကျွမ်းကျင်သူများပါတဲ့ ကော်မတီက သတ်မှတ်လိုက်ပါတယ်။
Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို တနင်္ဂနွေနေ့မှာ ဖြန့်ဝေနေပြီး တနင်္လာနေ့မှာ စတင်ထိုးနှံပေးနိုင်ဖို့ မျှော်မှန်းထားတာပါ။
ပထမဆုံးအနေနဲ့ Pfizer နဲ့ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့သီတင်းပတ် တနင်္လာနေ့ကစလို့ ထိုးနှံပေးနေတာမှာ အခုအချိန်ထိ အမေရိကန် ၅၅၆,၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC က ပြောဆိုထားပါတယ်။
Pfizer နဲ့ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးနဲ့ အခု ဒုတိယမြောက် ကာကွယ်ဆေးဖြစ်တဲ့ Moderna ရဲ့ COVID-19 ကာကွယ်ဆေးတွေကိုတော့ ကာကွယ်ဆေးထိုးနှံရေး အကြံပေးကော်မတီရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြရသူတွေကို ပထမဦးစားပေး ထိုးနှံပေးဖို့ အာဏာပိုင်တို့က အတည်ပြုထားတာပါ။
အသက် ၇၅ နှစ်နဲ့အထက် သက်ကြီးပိုင်း၊ နောက် လူတွေနဲ့ မဖြစ်မနေ ထိတွေ့ အလုပ်လုပ်ကိုင်နေကြရတဲ့ မရှိမဖြစ်ဝန်ထမ်းတွေ၊ လုပ်သားတွေကိုလည်း ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးဖို့အတွက် အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့မှာ ကာကွယ်ဆေးထိုးနှံရေး ကော်မတီက ထောက်ခံမဲ ၁၃ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။