သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Pfizer ကိုဗစ္ကာကြယ္ေဆး စကၤာပူကိုေရာက္ၿပီ


Pfizer ကိုဗစ္ကာကြယ္ေဆး ပုလင္း။ (ေအာက္တိုဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

Pfizer ကုမၸဏီက ထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆး ပထမအသုတ္ စကၤာပူႏိုင္ငံကို တနလၤာေန႔ညက ေရာက္႐ွိလာပါတယ္။ Belgium ႏိုင္ငံ Brussels ၿမိဳ႕ကေန ပို႔လိုက္တဲ့ Pfizer ကိုဗစ္ကာကြယ္ေဆးေတြကို အာ႐ွႏိုင္ငံေတြထဲ စကၤာပူက ပထမဆံုး ရ႐ွိတာလည္း ျဖစ္ပါတယ္။

ဒီသတင္းဟာ Christmas နဲ႔ ႏွစ္သစ္ကူးပဲြေတာ္ကာလ စကၤာပူျပည္သူေတြအတြက္ေပ်ာ္ရႊင္စိတ္ခ်မ္းေျမ့စရာျဖစ္ေစမယ္လို႔စင္ကာပူဝန္ၾကီးခ်ဳပ္ Lee Hsien သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားေဖာ္ျပပါတယ္။

စင္ကာပူႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး Pfizer အသံုးျပဳခြင့္ကို ဒီဇင္ဘာ ၁၄ ရက္ေန႔က ခြင့္ျပဳခဲ့တာပါ။

ကိုဗစ္ကာကြယ္ေဆးအတြက္ အေမရိကန္ေဒၚလာ သန္း ၇၅၀ နဲ႔ ညီမွ်တဲ့ စင္ကာပူေဒၚလာ တစ္ဘီလီယံ ဘ႑ာေငြသံုးဖို႔ စကၤာပူအစိုးရက သတ္မွတ္ထားၿပီး Pfizer နဲ႔ BioNTech ကုမၸဏီတို႔အျပင္၊ တျခားကိုဗစ္ကာကြယ္ေဆးေတြထုတ္ေနတဲ့ Moderna ကုမၸဏီ၊ တ႐ုတ္က Sinovac (ဆိုင္ႏိုဗက္) ကုမၸဏီတို႔နဲ႔လည္း ေဆးဝယ္ယူဖုိ႔ ႀကိဳတင္ စာခ်ဳပ္ေတြ ခ်ဳပ္ထားပါတယ္။

ကိုဗစ္ကာကြယ္ေဆးကို စင္ကာပူႏုိင္ငံသားေတြနဲ႔ စင္ကာပူမွာ ကာလၾကာရွည္ေနထိုင္သူေတြကို အခမဲ့ ထိုးေပးမွာျဖစ္ၿပီး၊ ေဆးထိုး-မထိုး မိမိသေဘာနဲ႔ လြတ္လပ္စြာဆံုးျဖတ္ခြင့္ရွိတယ္လို႔ စင္ကာပူအာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။

ဒီကိုဗစ္ကာကြယ္ေဆး Pfizer ကိုေဘးကင္းေၾကာင္း သက္ေသျပတဲ့အေနနဲ႔ စင္ကာပူဝန္ၾကီးခ်ဳပ္နဲ႔ သူ႔ရဲ႕အစိုးရအဖြဲ႔ထဲက အသက္ၾကီးပိုင္းဝန္ၾကီးတခ်ိဳ႕ လူသိ႐ွင္ၾကား ထိုးႏွံျပမယ္လို႔ ဝန္ၾကီးခ်ဳပ္က ေျပာၾကားထားပါတယ္။

ကိုဗစ္ ၁၉ ကာကြယ္ ထိန္းခ်ဳပ္ေရးေရွ႕တန္းကေန ေဆာင္ရြက္ေနတဲ့ က်န္းမာေရးလုပ္သားေတြ၊ အသက္ၾကီးပိုင္းေတြနဲ႔ ေရာဂါကူးစက္ႏုိင္ေျခမ်ားသူေတြကို ပထမဦးစားေပး ကိုဗစ္ကာကြယ္ေဆးထိုးေပးၿပီးမွ က်န္တဲ့ ျပည္သူေတြကို ထိုးေပးမွာျဖစ္တယ္လို႔ စင္ကာပူဝန္ၾကီးခ်ဳပ္ကေျပာပါတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ကိုယ္ခံစြမ္းအား မေကာင္းသူေတြ၊ အသက္ ၁၆ ႏွစ္ေအာက္ေတြကိုေတာ့ ေဆးနဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြ ေနာက္ထပ္ မသိရေသးခင္ ထိုးေပးမွာ မဟုတ္ဘူးလို႔ စင္ကာပူႏုိင္ငံရဲ႕ ကိုဗစ္၁၉ ကာကြယ္ေဆးဆိုင္ရာ ပညာရွင္ေကာ္မတီကေျပာဆိုထားပါတယ္။

Pfizer ကိုဗစ္ကာကြယ္ေဆး စကၤာပူကိုေရာက္ၿပီ
please wait

No media source currently available

0:00 0:01:47 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Pfizer ကိုဗစ်ကာကွယ်ဆေး စင်္ကာပူကိုရောက်ပြီ

Pfizer ကုမ္ပဏီက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် စင်္ကာပူနိုင်ငံကို တနင်္လာနေ့ညက ရောက်ရှိလာပါတယ်။ Belgium နိုင်ငံ Brussels မြို့ကနေ ပို့လိုက်တဲ့ Pfizer ကိုဗစ်ကာကွယ်ဆေးတွေကို အာရှနိုင်ငံတွေထဲ စင်္ကာပူက ပထမဆုံး ရရှိတာလည်း ဖြစ်ပါတယ်။

ဒီသတင်းဟာ Christmas နဲ့ နှစ်သစ်ကူးပွဲတော်ကာလ စင်္ကာပူပြည်သူတွေအတွက်ပျော်ရွှင်စိတ်ချမ်းမြေ့စရာဖြစ်စေမယ်လို့စင်ကာပူဝန်ကြီးချုပ် Lee Hsien သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြပါတယ်။

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Pfizer အသုံးပြုခွင့်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က ခွင့်ပြုခဲ့တာပါ။

ကိုဗစ်ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နဲ့ ညီမျှတဲ့ စင်ကာပူဒေါ်လာ တစ်ဘီလီယံ ဘဏ္ဍာငွေသုံးဖို့ စင်္ကာပူအစိုးရက သတ်မှတ်ထားပြီး Pfizer နဲ့ BioNTech ကုမ္ပဏီတို့အပြင်၊ တခြားကိုဗစ်ကာကွယ်ဆေးတွေထုတ်နေတဲ့ Moderna ကုမ္ပဏီ၊ တရုတ်က Sinovac (ဆိုင်နိုဗက်) ကုမ္ပဏီတို့နဲ့လည်း ဆေးဝယ်ယူဖို့ ကြိုတင် စာချုပ်တွေ ချုပ်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို စင်ကာပူနိုင်ငံသားတွေနဲ့ စင်ကာပူမှာ ကာလကြာရှည်နေထိုင်သူတွေကို အခမဲ့ ထိုးပေးမှာဖြစ်ပြီး၊ ဆေးထိုး-မထိုး မိမိသဘောနဲ့ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဒီကိုဗစ်ကာကွယ်ဆေး Pfizer ကိုဘေးကင်းကြောင်း သက်သေပြတဲ့အနေနဲ့ စင်ကာပူဝန်ကြီးချုပ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ထဲက အသက်ကြီးပိုင်းဝန်ကြီးတချို့ လူသိရှင်ကြား ထိုးနှံပြမယ်လို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေးရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ကျန်းမာရေးလုပ်သားတွေ၊ အသက်ကြီးပိုင်းတွေနဲ့ ရောဂါကူးစက်နိုင်ခြေများသူတွေကို ပထမဦးစားပေး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးမှ ကျန်တဲ့ ပြည်သူတွေကို ထိုးပေးမှာဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်ကပြောပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံစွမ်းအား မကောင်းသူတွေ၊ အသက် ၁၆ နှစ်အောက်တွေကိုတော့ ဆေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေ နောက်ထပ် မသိရသေးခင် ထိုးပေးမှာ မဟုတ်ဘူးလို့ စင်ကာပူနိုင်ငံရဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးဆိုင်ရာ ပညာရှင်ကော်မတီကပြောဆိုထားပါတယ်။

XS
SM
MD
LG