သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna နဲ႔ Pfizer ကာကြယ္ေဆး ဘယ္ေလာက္ စိတ္ခ်ရသလဲ


FILE - A woman holds a small bottle labeled with a "Coronavirus COVID-19 Vaccine" sticker and a medical syringe in front of displayed Pfizer logo in this illustration taken, Oct. 30, 2020.

Moderna နဲ႔ Pfizer ကာကြယ္ေဆးေတြအတြက္ စိတ္ခ်ရမႈအတိုင္းအတာ ဘယ္ေလာက္ရွိတယ္ ဆိုတာကို သိရဖို႔ ကာကြယ္ေဆးစမ္းသပ္မႈေတြလုပ္တဲ့ အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္ကို ေမးျမန္းၿပီး တင္ျပ ပေးထားပါတယ္။

Moderna နဲ႔ Pfizer ကာကြယ္ေဆး ဘယ္ေလာက္ စိတ္ခ်ရသလဲ
please wait

No media source currently available

0:00 0:07:08 0:00
တိုက္႐ိုက္ လင့္ခ္


(Zawgyi/ Unicode)

Zawgyi

Covid -19 အကူးစက္ခံရသူ သန္း ၇၀ နဲ႔ ေသဆံုးရသူ တသန္းခြဲေက်ာ္လာခ်ိန္မွာ ထိေရာက္မႈရွိတဲ့ ကာကြယ္ေဆးေတြ ရလာပါၿပီ။ ဒီေဆးေတြအတြက္ စိတ္ခ်ရမႈ အတိုင္းအတာ ဘယ္ေလာက္ရွိပါသလဲ။ အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္ရဲ့ အျမင္ကို ၾကည့္ရေအာင္ပါ။

မခင္ဇာဝင္းျပည့္။. ။“အေမရိကားက FDA ဆီမွာ ခြင့္ျပဳမိန္႔ ေတာင္းထားတာက Moderna နဲ႔ Pfizer ကုမၸဏီေတြပါ။ဒီဇင္ဘာထဲမွာ အေျခအေန ဘယ္လိုလဲဆိုတာကို သိရမယ္။ ဒါေပမဲ့ သူတုိ႔ဆီက ပြင့္လင္းျမင္သာမႈ ရိွစြာနဲ႔ ဖြင့္ျပထားတဲ့ဟာမွာ သူတုိ႔ရဲ ႔ အခ်က္အလက္ Data မွာဆုိရင္ တခုကေတာ့ (၉၅%) Efficacy ေဆးအာနိသင္ ျပတယ္ဆိုေတာ့ ေရာဂါကူးစက္မႈ မခံရေတာ့ဘူးေပါ့။ ေနာက္ကုမၸဏီတစ္ခုကေတာ့ (၉၄.၁%) ကာကြယ္မႈႏႈန္း ေပးႏုိင္တယ္ဆိုေတာ့ ဒါက ကာကြယ္ေဆး standard တစ္ခုအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ရခဲ့တဲ့ ကာကြယ္ေဆးေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီိကာကြယ္ေဆးေတြရဲ ႔ အာနိသင္က ေတာ္ေတာ္ေလးကို အက်ဳိးသက္ေရာက္မႈ ရိွတယ္။ ေဘးထြက္ဆိုးက်ဳိးလည္း မျပဘဲနဲ႔ အက်ဳိးသက္ေရာက္မႈ ရိွတဲ့အတြက္ စိတ္ခ်ရတဲ့ ကာကြယ္ေဆးဆုိၿပီး ေျပာႏုိင္ပါတယ္။”

ေမး။. ။“ကာကြယ္ေဆးတခု ရဖို႔ အဆင့္ေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ရတာေၾကာင့္ အခ်ိန္ေပးရပါတယ္။ ဒါေပမယ့္ ဒီ Covid-19 ကာကြယ္ေဆးကေတာ့ တိုးတက္လာတဲ့ နည္းပညာေတြေၾကာင့္ တႏွစ္မျပည့္ခင္မွာရခဲ့တာ ျဖစ္ပါတယ္။ ကာကြယ္ေဆး တခုရဖို႔ အတြက္ ဘယ္လို အဆင့္ေတြကို ေက်ာ္ျဖတ္ရပါသလဲ။”

မခင္ဇာဝင္းျပည့္။. ။“သမရိုးက် ကာကြယ္ေဆးေတြမွာ ဆိုရင္ ဒီကာကြယ္ေဆးျဖစ္လာဖို႔ အတြက္ အဆင့္ေပါင္းမ်ားစြာ လုပ္ရတယ္။ သတၱဝါမဲ့ အဆင့္မွာ စမ္းရတယ္။ သတၱဝါရွိအဆင့္မွာ စမ္းရတယ္။ ၿပီးေတာ့မွ လူဆီကို ေရာက္တယ္။ ဆိုေတာ့ သူ႔ရဲ့ ကာကြယ္ေဆးတခု ျဖစ္လာဖို႔ အဆင့့္ဆင့္ စမ္းသပ္ရတာက ႏွစ္ကို ၅ ႏွစ္ - ရ ႏွစ္ကေန ၁၀ ႏွစ္။ အဲ့ေလာက္ သြားတယ္။

အရင္ Philadelphia ျပည္နယ္မွာတုန္းက လုပ္ခဲ့တဲ့ အေတြ႔အႀကံဳအရဆုိရင္ သူက သတၱဝါမဲ့၊ သတၱဝါရိွ အဆင့္ေတြမွာ စမ္းသပ္မယ္ဆိုရင္ အရင္ဆံုး ဘာလုပ္ရသလဲဆိုရင္ ဗုိင္းရပ္စ္ကို isolate လုပ္ရတယ္ဆိုတာ ဗိုင္းရပ္စ္ကို ခြဲထုတ္ေပးရတယ္။ သူ႔ရဲ ႔ ဗုိင္းရပ္စ္ပံုစံေလး မပ်က္ရေအာင္ ခြဲထုတ္ေပးရတယ္။ ဒီလိုခြဲထုတ္ဖို႔ဆိုရင္ ဒီဗိုင္းရပ္တစ္ခုလံုး အလံုးေလးတစ္လံုး မပ်က္သြားေအာင္ Cell ထဲကို အရင္သြင္းရတယ္။ Cell ထဲမွာ အပြားခံရတယ္။ အပြားခံၿပီးေတာ့မွ ျပန္ၿပီးေတာ့ Cell ထဲက ျပန္ေဖာက္ထြက္လာတဲ့ဟာကို က်မတို႔က Filter ေတြနဲ႔ အဆင့္ဆင့္ယူၿပီးေတာ့ ခြဲထုတ္ေပးရတယ္။ ခြဲထုတ္ၿပီးေတာ့မွ Minus 80 ေရခဲေသတၱာထဲမွာ သိမ္းထားၿပီးမွ သတၱဝါမဲ့စနစ္မွာ ျပန္စမ္းရတယ္။”

ေမး။. ။“အခု ကာကြယ္ေဆးမွာ သံုးတဲ့နည္းက ဒီလို အဆင့္ေပါင္းမ်ားစြာ ကို ျဖတ္စရာမလိုေတာ့ပါဘူး။”

မခင္ဇာဝင္းျပည့္။. ။“ဒီကာကြယ္ေဆးက တျခားကာကြယ္ေဆးေတြနဲ႔ မတူတာက ေတာ္ေတာ္မ်ားမ်ားလည္း ျမန္မာႏုိင္ငံမွာ သိၾကမွာက mRNA ကို အေျခခံၿပီး ထုတ္ၾကတဲ့ ကာကြယ္ေဆးပါ။ Pfizer နဲ႔ Moderna ထုတ္တဲ့ ကာကြယ္ေဆးႏွစ္ခုစလံုးဟာ mRNA ကို အေျခခံၿပီးေတာ့ ထုတ္တဲ့ ကာကြယ္ေဆး။ mRNA အရွည္က messenger RNA - သူ႔ရဲ ႔ မ်ဳိးဗီဇအပြား - ဗိုင္းရပ္စ္က ရိွေနတဲ့ မ်ဳိးဗီဇ RNA – genomic RNA ကေန ပြားၿပီးထုတ္ထားတဲ့ messenger RNA ပြားၿပီး ထုတ္ထားတာ။ ဒီမ်ဳိးဗီဇအပြားကို အေျခခံတဲ့ နည္းပညာက အရမ္းအဖိုးတန္တယ္။ ဘာလို႔လည္း ဆိုေတာ့ သူက အဲဒီစနစ္ အဲဒီအေျခခံအဆင့္ဆင့္တစ္ခုလံုးကို အခုက မလိုေတာ့ဘူး ျဖစ္သြားတယ္။

ဒီ mNRA တစ္ခုကို သံုးလိုက္တဲ့အခ်ိန္မွာ ဒီ mNRA အပိုင္းေလးတစ္ခု ရသြားၿပီဆိုတဲ့အခါမွာ ဒီကေန သတၱဝါမဲ့စနစ္ Cell နဲ႔ စမ္းတဲ့စနစ္ကို တန္းၿပီးေတာ့ သြားလို႔ရတယ္။ ဗိုင္းရပ္စ္ကို ျပန္ၿပီးေတာ့ Isolated လုပ္ေပးရတယ္။ အဲဒီအဆင့္ေတြမွာ Isolated လုပ္ခဲ့တဲ့ ဗိုင္းရပ္စ္က လိုခ်င္တဲ့ ဗိုင္းရပ္စ္ ဟုတ္လားမဟုတ္လား ျပန္ၿပီးေတာ့ Confirm လုပ္ရတယ္။ ဒီစနစ္ေတြ အကုန္လံုး အဆင့္ေတြအကုန္လံုးက မလိုေတာ့ဘူး ျဖစ္သြားတယ္။ မလိုေတာ့ဘူးဆိုေတာ့ ဒီစနစ္ေတြကို အရင္ဆံုး Perfect ျဖစ္ေအာင္ လုပ္ရတဲ့ဟာက ႏွစ္နဲ႔ခ်ီၾကာတယ္။ အခု ဒီအပိုင္းကို ဖယ္ထုတ္လိုက္တယ္။ mNRA တစ္ခုကို ယူလိုက္တယ္။ သတၱဝါမဲ့စနစ္မွာ တန္းၿပီးေတာ့ စမ္းလိုက္တယ္။

ေမး။ ။“ ဘယ္ေလာက္အထိ အခ်ိန္ သက္သာသြားပါသလဲ”

မခင္ဇာဝင္းျပည့္။. ။“အခ်ိန္က ဘယ္ေလာက္တို သြားသလဲဆိုရင္ ဇန္နဝါရီလ (၉) ရက္ေန႔မွာ တရုတ္ျပည္ကေန ဒီမ်ဳိးဗီဇကို အင္တာနက္ေပၚ တင္လိုက္တယ္။ အဲဒီမ်ဳိးဗီဇ data – genetic sequence ဗိုင္းရပ္စ္ရဲ ႔ မ်ဳိးဗီဇ data ကို အင္တာနက္ေပၚ တင္လိုက္တယ္။ ဇန္နဝါရီလ (၁၀) ရက္ေန႔မွာ US က Dr. Fauci ရဲ ႔ အႀကံေပးအဖြဲ႔နဲ႔ Moderna ကုမၸဏီနဲ႔ ေတြ႔ဆံုတယ္။ ေဆြးေႏြးၾကတယ္။ ဘယ္လိုလုပ္မလဲဆိုတာကို Experiment ေတြ ဒီဇိုင္းဆြဲၾကတယ္။ အစီအစဥ္ဆြဲၿပီးတဲ့အခါၾကေတာ့ ရက္ပိုင္းအတြင္းမွာ Phase 1 အဆင့္တစ္ စဖုိ႔အတြက္ကို လံုေလာက္တဲ့ Data ရသြားတယ္။ Phase-1 ဆိုတာ လူနဲ႔စမ္းသပ္ဖို႔ အဆင့္ဆင့္စမ္းသပ္ဖို႔ ဆယ္ဂဏန္းနဲ႔ စမ္းသပ္ဖို႔အတြက္ လံုေလာက္တဲ့ အခ်က္အလက္ data ေတြ ရသြားခဲ့တယ္။

အဲဒီကေန လပိုင္းအတြင္းမွာ သူတုိ႔က Phase-3 လူအေျမာက္အျမားနဲ႔ စမ္းသပ္ဖုိ႔အတြက္ လံုေလာက္တဲ့ data ရရိွသြားခဲ့တယ္။ Phase-3 ကို Moderna က စခဲ့တာက ဇူလိုင္ (၂၇) ရက္ေန႔မွာ စခဲ့တယ္။ ဇူလိုင္ (၂၇) ရက္ေန႔မွာ Phase-3 စခဲ့ၿပီးေတာ့ ၾသဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာလေလာက္မွာ သူတုိ႔က စၿပီးေတာ့ ၿပီးေနၿပီ။ ဒါက ဘယ္လိုအေျခအေန ရိွေနၿပီဆိုတာကို ေျပာႏုိင္ၿပီ။ ႏိုဝင္ဘာမွာ သူတုိ႔ ေသခ်ာတိက်တဲ့အေျခအေန ဘယ္ေလာက္ရာခိုင္ႏႈန္း ဆိုတာေတြကို သူတုိ႔ စၿပီးေတာ့ ထုတ္လာတယ္။ ႏိုဝင္ဘာလ တတိယပတ္မွာ Moderna ဆိုရင္ (၉၄.၁)% ကာကြယ္ေပးတယ္။ (၁၀၀)% ကာကြယ္ေဆး လက္ခံရရိွေသာလူေတြသည္ ေရာဂါျပင္းထန္တဲ့အဆင့္ကို မေရာက္သြားေတာ့ဘူး။ သူတုိ႔ ေနာက္ဆံုးေျပာလိုက္တဲ့ ေၾကညာႏုိင္တဲ့အဆင့္ကို ေရာက္သြားၿပီဆိုေတာ့ သူတုိ႔က FDA ကို ခြင့္ျပဳမိန္႔ ေတာင္းထားတာ ျဖစ္လာပါတယ္။”

ေမး။. ။“လူေပါင္း ေသာင္းနဲ႔ခ်ီစမ္းသပ္ထားၿပီး အတိုင္းအတာတခုအထိ စိတ္ခ်ရတဲ့ အေနထားေရာက္ေနတဲ့ ဒီေဆးေတြကို ျဖန္႔ျဖဴးရာမွာ ေတြ႔ရတဲ့ အခက္အခဲက ေဆးအာနိသင္ကို မထိခိုက္ေစဖုိ႔ ေအးတဲ့ေနရာမွာ ထားရတာ ျဖစ္ပါတယ္။”

မခင္ဇာဝင္းျပည့္။. ။“ က်မတိုိ႔ Lab ထဲမွာ စမ္းသပ္မႈအရဆိုိရင္ေတာ့ mRNA ပဲျဖစ္ျဖစ္၊ ဘယ္လို RNA ပဲ ျဖစ္ျဖစ္၊ RNA ကို ထားသိုတဲ့ အပူခ်ိန္က minus twenty or minus eighty (-20 or -80) မွာ ထားရတယ္။ သူက ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ RNA မ်ဳိးဗီဇအပြားေလးက အပူခ်ိန္ (၄) ဒီဂရီအထက္ဆိုရင္ သူက ပ်က္ဆီးသြားတယ္။ အခု ဒီနည္းပညာကလည္း RNA ကို အေျခခံၿပီး လုပ္တဲ့နည္းပညာျဖစ္ေတာ့ သူကို စမ္းေနတဲ့အခ်ိန္မွာ က်မတို႔က protocol အတိုင္းပဲ (၄) ဒီဂရီေအာက္မွာ ထားရတယ္။ ဒါေပမဲ့ ဥပမာ တျခားကုမၸဏီ Johnson & Johnson ကုမၸဏီဆိုရင္ (၄) ဒီဂရီမွာ ထားတဲ့အတြက္ေၾကာင့္မို႔ (၄) ဒီဂရီမွာ ထားလို႔ရတယ္လုိ႔ ေျပာတယ္။ Moderna ဆိုရင္ေတာ့ စလုပ္ကတည္းက Minus 20 Celsius မွာ ထားတဲ့အတြက္ေၾကာင့္မို႔ Minus twenty (-20) မွာ ထားရမယ္။ Pfizer ဆိုရင္ေတာ့ လုပ္ေဆာင္ေနတဲ့ ကာလတေလွ်ာက္လံုးမွာ Minus eighty (-80) Celsius ထားသိုခဲ့တဲ့အတြက္ သူတုိိ႔ေတြရဲ ႔ ထားသိုရမယ့္ အေျခအေနက Minus eighty ျဖစ္တယ္။

တျခားပူတဲ့အခ်ိန္၊ အေျခအေနမွာ ထားလို႔မရဘူးလားဆိုတာကေတာ့ ရလား၊ မရလား ဆိုတာကို က်မတို႔က လံုေလာက္တဲ့ စမ္းသပ္မႈေတြ မရိွေသးဘူး။ Set Protocol က ရိွေနၿပီတဲ့အခါၾကေတာ့ အပူခ်ိန္ကို တိုးၿပီးေတာ့ မစမ္းရေသးဘူး။ မစမ္းရေသးတဲ့အတြက္ ဒါက (၄) ဒီဂရီမွာထားလို႔ ရႏိုင္တယ္ဆိုရင္ (၄) ဒီဂရီမွာ ထားလို႔ရတယ္ဆိုရင္ သာမန္ေရခဲေသတၱာ၊ ေရမခဲတဲ့အပိုင္း ေအာက္ဘက္ျခမ္းအကန္႔က (၄) ဒီဂရီ စင္တီဂရိတ္ ရိွတယ္။ အေပၚပိုင္းအကန္႔သည္ အေအးဆံုးအခ်ိန္ကို ေရာက္မယ္ဆိုရင္ Minus twenty (-20) စင္တီဂရိတ္အထိ ထားႏိုင္တယ္။ က်မတို႔ ဓါတ္ခြဲခန္းထဲမွာ သံုးတဲ့အရာရဆုိရင္ Minus twenty ကို ေနရာမေလာက္ရင္ ေရခဲေသတၱာအေပၚပိုင္းအကန္႔မွာ အေအးဆံုးကို ေရႊ ႔ၿပီးေတာ့ ထားတယ္။ အဲဒီလိုမ်ဳိးအေနနဲ႔ ပို႔ေဆာင္ၿပီး သံုးလို႔ရပါတယ္။”

ဒီေဆးဟာ အပူခ်ိန္ ျမင့္တက္မႈဒဏ္ ဘယ္ေလာက္အထိ ခံႏိုင္တယ္၊ ဒီေဆးကို ထိုးထားရင္ ဘယ္ေလာက္တာရွည္ ခံမယ္ဆိုတာအပါအဝင္ ဒီေဆးအတြက္ စမ္းသပ္မႈေတြဆက္လုပ္ေနဆဲပဲ ဆိုတာကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

Covid -19 အကူးစက်ခံရသူ သန်း ၇၀ နဲ့ သေဆုံးရသူ တသန်းခွဲကျော်လာချိန်မှာ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ ရလာပါပြီ။ ဒီဆေးတွေအတွက် စိတ်ချရမှု အတိုင်းအတာ ဘယ်လောက်ရှိပါသလဲ။ အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

မခင်ဇာဝင်းပြည့်။. ။“အမေရိကားက FDA ဆီမှာ ခွင့်ပြုမိန့် တောင်းထားတာက Moderna နဲ့ Pfizer ကုမ္ပဏီတွေပါ။ဒီဇင်ဘာထဲမှာ အခြေအနေ ဘယ်လိုလဲဆိုတာကို သိရမယ်။ ဒါပေမဲ့ သူတို့ဆီက ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ ဖွင့်ပြထားတဲ့ဟာမှာ သူတို့ရဲ့ အချက်အလက် Data မှာဆိုရင် တခုကတော့ (၉၅%) Efficacy ဆေးအာနိသင် ပြတယ်ဆိုတော့ ရောဂါကူးစက်မှု မခံရတော့ဘူးပေါ့။ နောက်ကုမ္ပဏီတစ်ခုကတော့ (၉၄.၁%) ကာကွယ်မှုနှုန်း ပေးနိုင်တယ်ဆိုတော့ ဒါက ကာကွယ်ဆေး standard တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရခဲ့တဲ့ ကာကွယ်ဆေးတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီကာကွယ်ဆေးတွေရဲ့ အာနိသင်က တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိတယ်။ ဘေးထွက်ဆိုးကျိုးလည်း မပြဘဲနဲ့ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် စိတ်ချရတဲ့ ကာကွယ်ဆေးဆိုပြီး ပြောနိုင်ပါတယ်။”

မေး။. ။“ကာကွယ်ဆေးတခု ရဖို့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရတာကြောင့် အချိန်ပေးရပါတယ်။ ဒါပေမယ့် ဒီ Covid-19 ကာကွယ်ဆေးကတော့ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် တနှစ်မပြည့်ခင်မှာရခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေး တခုရဖို့ အတွက် ဘယ်လို အဆင့်တွေကို ကျော်ဖြတ်ရပါသလဲ။”

မခင်ဇာဝင်းပြည့်။. ။“သမရိုးကျ ကာကွယ်ဆေးတွေမှာ ဆိုရင် ဒီကာကွယ်ဆေးဖြစ်လာဖို့ အတွက် အဆင့်ပေါင်းများစွာ လုပ်ရတယ်။ သတ္တဝါမဲ့ အဆင့်မှာ စမ်းရတယ်။ သတ္တဝါရှိအဆင့်မှာ စမ်းရတယ်။ ပြီးတော့မှ လူဆီကို ရောက်တယ်။ ဆိုတော့ သူ့ရဲ့ ကာကွယ်ဆေးတခု ဖြစ်လာဖို့ အဆင့်ဆင့် စမ်းသပ်ရတာက နှစ်ကို ၅ နှစ် - ရ နှစ်ကနေ ၁၀ နှစ်။ အဲ့လောက် သွားတယ်။

အရင် Philadelphia ပြည်နယ်မှာတုန်းက လုပ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် သူက သတ္တဝါမဲ့၊ သတ္တဝါရှိ အဆင့်တွေမှာ စမ်းသပ်မယ်ဆိုရင် အရင်ဆုံး ဘာလုပ်ရသလဲဆိုရင် ဗိုင်းရပ်စ်ကို isolate လုပ်ရတယ်ဆိုတာ ဗိုင်းရပ်စ်ကို ခွဲထုတ်ပေးရတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်ပုံစံလေး မပျက်ရအောင် ခွဲထုတ်ပေးရတယ်။ ဒီလိုခွဲထုတ်ဖို့ဆိုရင် ဒီဗိုင်းရပ်တစ်ခုလုံး အလုံးလေးတစ်လုံး မပျက်သွားအောင် Cell ထဲကို အရင်သွင်းရတယ်။ Cell ထဲမှာ အပွားခံရတယ်။ အပွားခံပြီးတော့မှ ပြန်ပြီးတော့ Cell ထဲက ပြန်ဖောက်ထွက်လာတဲ့ဟာကို ကျမတို့က Filter တွေနဲ့ အဆင့်ဆင့်ယူပြီးတော့ ခွဲထုတ်ပေးရတယ်။ ခွဲထုတ်ပြီးတော့မှ Minus 80 ရေခဲသေတ္တာထဲမှာ သိမ်းထားပြီးမှ သတ္တဝါမဲ့စနစ်မှာ ပြန်စမ်းရတယ်။”

မေး။. ။“အခု ကာကွယ်ဆေးမှာ သုံးတဲ့နည်းက ဒီလို အဆင့်ပေါင်းများစွာ ကို ဖြတ်စရာမလိုတော့ပါဘူး။”

မခင်ဇာဝင်းပြည့်။. ။“ဒီကာကွယ်ဆေးက တခြားကာကွယ်ဆေးတွေနဲ့ မတူတာက တော်တော်များများလည်း မြန်မာနိုင်ငံမှာ သိကြမှာက mRNA ကို အခြေခံပြီး ထုတ်ကြတဲ့ ကာကွယ်ဆေးပါ။ Pfizer နဲ့ Moderna ထုတ်တဲ့ ကာကွယ်ဆေးနှစ်ခုစလုံးဟာ mRNA ကို အခြေခံပြီးတော့ ထုတ်တဲ့ ကာကွယ်ဆေး။ mRNA အရှည်က messenger RNA - သူ့ရဲ့ မျိုးဗီဇအပွား - ဗိုင်းရပ်စ်က ရှိနေတဲ့ မျိုးဗီဇ RNA – genomic RNA ကနေ ပွားပြီးထုတ်ထားတဲ့ messenger RNA ပွားပြီး ထုတ်ထားတာ။ ဒီမျိုးဗီဇအပွားကို အခြေခံတဲ့ နည်းပညာက အရမ်းအဖိုးတန်တယ်။ ဘာလို့လည်း ဆိုတော့ သူက အဲဒီစနစ် အဲဒီအခြေခံအဆင့်ဆင့်တစ်ခုလုံးကို အခုက မလိုတော့ဘူး ဖြစ်သွားတယ်။

ဒီ mNRA တစ်ခုကို သုံးလိုက်တဲ့အချိန်မှာ ဒီ mNRA အပိုင်းလေးတစ်ခု ရသွားပြီဆိုတဲ့အခါမှာ ဒီကနေ သတ္တဝါမဲ့စနစ် Cell နဲ့ စမ်းတဲ့စနစ်ကို တန်းပြီးတော့ သွားလို့ရတယ်။ ဗိုင်းရပ်စ်ကို ပြန်ပြီးတော့ Isolated လုပ်ပေးရတယ်။ အဲဒီအဆင့်တွေမှာ Isolated လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်က လိုချင်တဲ့ ဗိုင်းရပ်စ် ဟုတ်လားမဟုတ်လား ပြန်ပြီးတော့ Confirm လုပ်ရတယ်။ ဒီစနစ်တွေ အကုန်လုံး အဆင့်တွေအကုန်လုံးက မလိုတော့ဘူး ဖြစ်သွားတယ်။ မလိုတော့ဘူးဆိုတော့ ဒီစနစ်တွေကို အရင်ဆုံး Perfect ဖြစ်အောင် လုပ်ရတဲ့ဟာက နှစ်နဲ့ချီကြာတယ်။ အခု ဒီအပိုင်းကို ဖယ်ထုတ်လိုက်တယ်။ mNRA တစ်ခုကို ယူလိုက်တယ်။ သတ္တဝါမဲ့စနစ်မှာ တန်းပြီးတော့ စမ်းလိုက်တယ်။

မေး။ ။“ ဘယ်လောက်အထိ အချိန် သက်သာသွားပါသလဲ”

မခင်ဇာဝင်းပြည့်။. ။“အချိန်က ဘယ်လောက်တို သွားသလဲဆိုရင် ဇန်နဝါရီလ (၉) ရက်နေ့မှာ တရုတ်ပြည်ကနေ ဒီမျိုးဗီဇကို အင်တာနက်ပေါ် တင်လိုက်တယ်။ အဲဒီမျိုးဗီဇ data – genetic sequence ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ data ကို အင်တာနက်ပေါ် တင်လိုက်တယ်။ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ US က Dr. Fauci ရဲ့ အကြံပေးအဖွဲ့နဲ့ Moderna ကုမ္ပဏီနဲ့ တွေ့ဆုံတယ်။ ဆွေးနွေးကြတယ်။ ဘယ်လိုလုပ်မလဲဆိုတာကို Experiment တွေ ဒီဇိုင်းဆွဲကြတယ်။ အစီအစဉ်ဆွဲပြီးတဲ့အခါကြတော့ ရက်ပိုင်းအတွင်းမှာ Phase 1 အဆင့်တစ် စဖို့အတွက်ကို လုံလောက်တဲ့ Data ရသွားတယ်။ Phase-1 ဆိုတာ လူနဲ့စမ်းသပ်ဖို့ အဆင့်ဆင့်စမ်းသပ်ဖို့ ဆယ်ဂဏန်းနဲ့ စမ်းသပ်ဖို့အတွက် လုံလောက်တဲ့ အချက်အလက် data တွေ ရသွားခဲ့တယ်။

အဲဒီကနေ လပိုင်းအတွင်းမှာ သူတို့က Phase-3 လူအမြောက်အမြားနဲ့ စမ်းသပ်ဖို့အတွက် လုံလောက်တဲ့ data ရရှိသွားခဲ့တယ်။ Phase-3 ကို Moderna က စခဲ့တာက ဇူလိုင် (၂၇) ရက်နေ့မှာ စခဲ့တယ်။ ဇူလိုင် (၂၇) ရက်နေ့မှာ Phase-3 စခဲ့ပြီးတော့ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ သူတို့က စပြီးတော့ ပြီးနေပြီ။ ဒါက ဘယ်လိုအခြေအနေ ရှိနေပြီဆိုတာကို ပြောနိုင်ပြီ။ နိုဝင်ဘာမှာ သူတို့ သေချာတိကျတဲ့အခြေအနေ ဘယ်လောက်ရာခိုင်နှုန်း ဆိုတာတွေကို သူတို့ စပြီးတော့ ထုတ်လာတယ်။ နိုဝင်ဘာလ တတိယပတ်မှာ Moderna ဆိုရင် (၉၄.၁)% ကာကွယ်ပေးတယ်။ (၁၀၀)% ကာကွယ်ဆေး လက်ခံရရှိသောလူတွေသည် ရောဂါပြင်းထန်တဲ့အဆင့်ကို မရောက်သွားတော့ဘူး။ သူတို့ နောက်ဆုံးပြောလိုက်တဲ့ ကြေညာနိုင်တဲ့အဆင့်ကို ရောက်သွားပြီဆိုတော့ သူတို့က FDA ကို ခွင့်ပြုမိန့် တောင်းထားတာ ဖြစ်လာပါတယ်။”

မေး။. ။“လူပေါင်း သောင်းနဲ့ချီစမ်းသပ်ထားပြီး အတိုင်းအတာတခုအထိ စိတ်ချရတဲ့ အနေထားရောက်နေတဲ့ ဒီဆေးတွေကို ဖြန့်ဖြူးရာမှာ တွေ့ရတဲ့ အခက်အခဲက ဆေးအာနိသင်ကို မထိခိုက်စေဖို့ အေးတဲ့နေရာမှာ ထားရတာ ဖြစ်ပါတယ်။”

မခင်ဇာဝင်းပြည့်။. ။“ ကျမတို့ Lab ထဲမှာ စမ်းသပ်မှုအရဆိုရင်တော့ mRNA ပဲဖြစ်ဖြစ်၊ ဘယ်လို RNA ပဲ ဖြစ်ဖြစ်၊ RNA ကို ထားသိုတဲ့ အပူချိန်က minus twenty or minus eighty (-20 or -80) မှာ ထားရတယ်။ သူက ဘာဖြစ်လို့လဲဆိုတော့ သူ့ RNA မျိုးဗီဇအပွားလေးက အပူချိန် (၄) ဒီဂရီအထက်ဆိုရင် သူက ပျက်ဆီးသွားတယ်။ အခု ဒီနည်းပညာကလည်း RNA ကို အခြေခံပြီး လုပ်တဲ့နည်းပညာဖြစ်တော့ သူကို စမ်းနေတဲ့အချိန်မှာ ကျမတို့က protocol အတိုင်းပဲ (၄) ဒီဂရီအောက်မှာ ထားရတယ်။ ဒါပေမဲ့ ဥပမာ တခြားကုမ္ပဏီ Johnson & Johnson ကုမ္ပဏီဆိုရင် (၄) ဒီဂရီမှာ ထားတဲ့အတွက်ကြောင့်မို့ (၄) ဒီဂရီမှာ ထားလို့ရတယ်လို့ ပြောတယ်။ Moderna ဆိုရင်တော့ စလုပ်ကတည်းက Minus 20 Celsius မှာ ထားတဲ့အတွက်ကြောင့်မို့ Minus twenty (-20) မှာ ထားရမယ်။ Pfizer ဆိုရင်တော့ လုပ်ဆောင်နေတဲ့ ကာလတလျှောက်လုံးမှာ Minus eighty (-80) Celsius ထားသိုခဲ့တဲ့အတွက် သူတို့တွေရဲ့ ထားသိုရမယ့် အခြေအနေက Minus eighty ဖြစ်တယ်။

တခြားပူတဲ့အချိန်၊ အခြေအနေမှာ ထားလို့မရဘူးလားဆိုတာကတော့ ရလား၊ မရလား ဆိုတာကို ကျမတို့က လုံလောက်တဲ့ စမ်းသပ်မှုတွေ မရှိသေးဘူး။ Set Protocol က ရှိနေပြီတဲ့အခါကြတော့ အပူချိန်ကို တိုးပြီးတော့ မစမ်းရသေးဘူး။ မစမ်းရသေးတဲ့အတွက် ဒါက (၄) ဒီဂရီမှာထားလို့ ရနိုင်တယ်ဆိုရင် (၄) ဒီဂရီမှာ ထားလို့ရတယ်ဆိုရင် သာမန်ရေခဲသေတ္တာ၊ ရေမခဲတဲ့အပိုင်း အောက်ဘက်ခြမ်းအကန့်က (၄) ဒီဂရီ စင်တီဂရိတ် ရှိတယ်။ အပေါ်ပိုင်းအကန့်သည် အအေးဆုံးအချိန်ကို ရောက်မယ်ဆိုရင် Minus twenty (-20) စင်တီဂရိတ်အထိ ထားနိုင်တယ်။ ကျမတို့ ဓါတ်ခွဲခန်းထဲမှာ သုံးတဲ့အရာရဆိုရင် Minus twenty ကို နေရာမလောက်ရင် ရေခဲသေတ္တာအပေါ်ပိုင်းအကန့်မှာ အအေးဆုံးကို ရွှေ့ပြီးတော့ ထားတယ်။ အဲဒီလိုမျိုးအနေနဲ့ ပို့ဆောင်ပြီး သုံးလို့ရပါတယ်။”

ဒီဆေးဟာ အပူချိန် မြင့်တက်မှုဒဏ် ဘယ်လောက်အထိ ခံနိုင်တယ်၊ ဒီဆေးကို ထိုးထားရင် ဘယ်လောက်တာရှည် ခံမယ်ဆိုတာအပါအဝင် ဒီဆေးအတွက် စမ်းသပ်မှုတွေဆက်လုပ်နေဆဲပဲ ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG