သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pfizer ရဲ့ COVID 19 ကာကွယ်ဆေး စင်္ကာပူ ရောက်ပြီ


Pfizer ရဲ့ COVID 19 ကာကွယ်ဆေး စင်္ကာပူ ရောက်ပြီ
Pfizer ရဲ့ COVID 19 ကာကွယ်ဆေး စင်္ကာပူ ရောက်ပြီ

{{Zawgyi/Unicode}}

အာရှမှာ ပထမဆုံး နိုင်ငံအဖြစ် စင်္ကာပူနိုင်ငံက Pfizer-BioNTech COVID 19 ကာကွယ်ဆေးကို မနေ့ တနင်္လာနေ့က လက်ခံ ရရှိခဲ့ပါတယ်။

ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေနည်းတူ စင်္ကာပူနိုင်ငံကလည်း COVID 19 ကာကွယ်ဆေးအရေးပေါ် အသုံးပြုခွင့်ကို ပြီးခဲ့တဲ့ အပတ်တုန်းက ခွင့်ပြုခဲ့တာပါ။

လူဦးရေ ၅.၇ သန်းကို ၂၀၂၁ ခုနှစ် တတိယ လေးလပတ်အရောက် ကာကွယ်ဆေး အပြီးထိုးနှံပေးဖို့ စီစဉ်ထားပြီး ဆေးဘက် ဆိုင်ရာ ဝန်ထမ်း တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးအရ ရောဂါကူးစက်နိုင်ခြေပိုများသူတွေကို ဦးစားပေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ပထမအသုတ်ကာကွယ်ဆေးတွေ စင်္ကာပူကို ရောက်လာတာကိုတွေ့ရလို့ ဝမ်းမြောက်မိကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ဖေ့ဘုတ်စ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Belgium နိုင်ငံက ကာကွယ်ဆေးတွေကို စင်္ကာပူလေကြောင်းလိုင်းက သယ်ဆောင်လာပြီးလေဆိပ်ကို ရောက်တဲ့ အချိန်မှာ သူကအခုလို ရေးခဲ့တာပါ။ လူဦးရေ၅.၇သန်းရှိတဲ့စင်္ကာပူနိုင်ငံမှာကနဦးဆေးထိုး ခံမယ့်သူတွေအထဲ သူလည်းပါဝင်မယ်လို့ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Lee က ပြောကြောင်း ရိုက်တာသတင်း တစ်ပုဒ် မှာ ပါရှိပါတယ်။

၂၀၂၀ က ခက်ခဲရှည်လျားတဲ့ နှစ်တနှစ်ဖြစ်ခဲ့ပြီး အခုလို နှစ်သစ်ကူးပြောင်းတော့မယ့်အချိန်အခါမှာ ကာကွယ်ဆေးတွေရတာက သတင်းကောင်းဖြစ်သလို ၂၀၂၁ မှာ အကောင်းမြင်နိုင်ဖို့ အကြောင်းအချက်တခုဖြစ်တယ်လို့သူကပြောပါတယ်။

ကာကွယ်ဆေးထိုးတာကို စင်္ကာပူမှာ မိမိသဘောဆန္ဒအလျောက် ဆုံးဖြတ်ခွင့်ပေးထားပေမဲ့ ဝန်ကြီးချုပ် Lee ကတော့ ဒီအားလုံးကို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာ ပါဝင်ဖို့တိုက်တွန်းထားပါတယ်။

ပြည်တွင်း COVID 19 ကူးစက်မှူ မရှိတာ သီတင်းပတ်နဲ့ ချီရှိလာပြီးတဲ့နောက် စင်္ကာပူနိုင်ငံတွင်း အသွားအလာကန့်သတ် တားမြစ်ထားတာတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့က စပြီး ဖြေလျှော့ပေးမှာ ဖြစ်ကြောင်း AFP သတင်းက ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၅၈,၀၀၀ကျော် နဲ့ သေဆုံးသူက ၂၉ ယောက်ရှိပါတယ်။ နယ်စပ်ဒေသတွေကို ဆက်ပြီး ပိတ်ထားသလို ပြည်ပခရီးသွား အများစုကိုလည်း တားမြစ်ထားဆဲ ဖြစ်ပါတယ်။

....................................................

Pfizer ရဲ့ COVID 19 ကာကွယ်ဆေး စင်္ကာပူ ရောက်ပြီ
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG