သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဗိုင်းရပ်စ်မျိုးကွဲ တောင်အာဖရိကမှာ ကူးစက်


တောင်အာဖရိကနိုင်ငံ Johannesburg မြို့မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးဖို့ တန်းစီနေတဲ့ လူတချို့။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၀)
တောင်အာဖရိကနိုင်ငံ Johannesburg မြို့မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးဖို့ တန်းစီနေတဲ့ လူတချို့။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

တောင်အာဖရိကနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဗိုင်းရပ်စ် ပိုးသစ်ကြောင့် အတည်ပြုလူနာတွေ၊ ဆေးရုံတက် ကုသသူတွေ၊ သေဆုံးမှုတွေပါ ပိုများလာတယ်လို့ တောင်အာဖရိကကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

တောင်အာဖရိကမှာ အခုဖြစ်ပွားနေတဲ့ 501.V2 လို့ခေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုး မူကွဲအသစ်ဟာ မူလ ကိုရိုနာဗိုင်းရပ်စ်ပိုးထက်ကို ပိုပြီး ကူးစက်နိုင်တဲ့နှုန်း ပိုမြန်တယ်လို့ ကျန်းမာရေးအရာရှိတွေက တနင်္လာနေ့ကပြောဆို လိုက်တာပါ။

ဗြိတိန်မှာ တွေ့ထားတဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးနဲ့ မျိုးဗီဇမတူတဲ့ အခုအာဖရိကမှာတွေ့ရှိတဲ့ ကိုဗစ်၁၉ ပိုးသစ်ကို အတည်ပြုထားတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေးတွေနဲ့ ကာကွယ်နိုင်ပါ့မလားဆိုတာကိုလည်း တောင်အာဖရိက ဆေးသိပ္ပံပညာရှင်တွေ စဉ်းစားဆောင်ရွက်နေကြပါတယ်။ တောင်အာဖရိက အာဏာပိုင်တွေဘက်ကတော့ အခုတွေ့ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်ဗီဇပိုးသစ် ထိန်းချုပ်နိုင်ရေး ကမ်းခြေတွေ ပိတ်ပစ်လိုက်တာမျိုး ယမကာရောင်းချခွင့်ရက်နဲ့ နာရီတွေ ကန့်သတ်လိုက်တာမျိုးလို Lockdown စည်းမျဉ်းသစ်တွေနဲ့ ကန့်သတ်တားမြစ်ချက်တွေ ပိုတိုးမြှင့်လုပ်ဆောင်နေပါတယ်။

တနင်္လာနေ့အထိ နောက်ဆုံးတွေ့ရှိချက်အရဆိုရင် တောင်အာဖရိကမှာ ကိုဗစ်၁၉ ကူးစက်မှုပေါင်း ၉၂၀,၀၀၀ ကျော်နေပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူပေါင်းကတော့ ၂၄,၆၀၀ ကျော်အထိရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာဆေးသုတေသနစင်တာက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 ဗိုင်းရပ်စ်မျိုးကွဲ တောင်အာဖရိကမှာ ကူးစက်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG