သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးအေထာက္အပံ့အစီအစဥ္ ကန္လႊတ္ေတာ္ေခါင္းေဆာင္ေတြ သေဘာတူ


အေမရိကန္ လႊတ္ေတာ္အေဆာက္အဦး။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ုိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာေနရတဲ့ အေမရိကန္မိသားစုေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြကို အေရးေပၚကူညိီဖို႔ ေဒၚလာ ၉၀၀ ဘီလီယံသုံးစြဲမယ့္ ေထာက္ပံ႔ေရးအစီအစဥ္သစ္တရပ္ကို အေမရိကန္ ထိပ္တန္းလႊတ္ေတာ္အမတ္ေတြ တနဂၤေႏြေန႔ကေဆြးေႏြးသေဘာတူညီလိုက္ပါၿပီ။

"ကိုဗစ္ေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးကို က်ားကန္ေပးမယ့္ ေထာက္ပံ့ေရး အစီအစဥ္ေတြကို အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္ေတြ သေဘာတူခဲ့ၾကပါၿပီ။အေမရိကန္မိသားစုေတြအတြက္ ေနာက္ထပ္ အေထာက္အပံ့ေတြ ရ႐ွိေတာ့မွာျဖစ္တယ္။" လို႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Republican အမတ္ Mitch McConnell ကေျပာသြားတာျဖစ္ပါတယ္။

အထက္လြႊတ္ေတာ္လူနည္းစုေခါင္းေဆာင္ Democrat အမတ္ Chuck Schumer ကလည္း

"ဒီေထာက္ပံ့ေရး အစီအစဥ္မူၾကမ္းဟာ Congress လႊတ္ေတာ္က ေပးမယ့္ ေနာက္ဆုံးအကူအညီမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း အသိေပးခ်င္ပါတယ္။ ၂၀၂၁ ခုႏွစ္ထဲ လႊတ္ေတာ္အစည္းအေ၀းေတြျပန္စတဲ့အခါ ဒီကိစၥေတြကို ခ်က္ခ်င္းျပန္ေဆြးေႏြးမွာျဖစ္ပါတယ္လို႔ ေျပာဆိုသြားတာပါ။ ရက္ေတြနဲ႔ခ်ိီ ညွိႏႈိင္းၿပီး တနဂၤေႏြေန႔က သေဘာတူညီလိုက္တဲ့ဒီမူၾကမ္းကို အထက္နဲ႔ေအာက္လႊတ္ေတာ္ႏွစ္ရပ္စလုံးမွာ ဒီေန႔ တနလၤာေန႔မွာမဲခြဲ အတည္ျပဳမယ္လို႔လည္း ခန္႔မွန္းရပါတယ္။ အစိုးရဘက္က အကူအညီေပးမယ့္ပမာဏ၊ အလုပ္လက္မဲ့ခံစားခြင့္ ဒါမွမဟုတ္ စီးပြါးေရးလုပ္ငန္းေတြ ဆက္လည္ပတ္ႏုိင္ေအာင္ ကူညီဖို႔ဆိုတဲ့ကိစၥေတြကို အဓိက အာ႐ုံစိုက္သင့္သလားဆိုတဲ့ကိစၥမွာ ဒီမိုကရက္နဲ႔ ရီပတ္ဘလစ္ကန္အမတ္ေတြၾကား သေဘာတူညီမႈ မရၾကတဲ့အတြက္ ဒီမူၾကမ္းအတည္ျပဳေရး သီတင္းပတ္နဲ႔ခ်ိီေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ အေမရိကန္ John Hoplins တကၠသိုလ္က ေကာက္ယူေနတဲ့စစ္တမ္းအရ ပိုးကူးခံရသူ ၁၈ သန္းနီးပါးရွိတဲ့ အေမရိကန္မွာ ကိုဗစ္ကူစက္သူေန႔စဥ္ ၂၀၀,၀၀၀ ၀န္းက်င္နဲ႔ ေသဆုံးသူ ၃၁၀,၀၀၀ ေက်ာ္ရွိလာခ်ိန္မွာ ေထာက္ပ႔ံေရးအစီအစဥ္သစ္ကို သေဘာတူညီလိုက္ၾကတာျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ

အလုပ္လက္မဲ့ျဖစ္ေနသူေတြအတြက္ ျပည္ေထာင္စု အစိုးရက တပတ္ ေဒၚလာ ၃၀၀ အက်ိဳးခံစားခြင့္ ယာယီ ေထာက္ပံ့ေပးႏိုင္မွာျဖစ္သလို၊ အေမရိကန္အမ်ားစု လက္ထဲေငြသား ေဒၚလာ ၆၀၀ တိုက္႐ိုက္ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အထက္နဲ႔ ေအာက္လႊတ္ေတာ္ႏွစ္ရပ္စလံုးက အတည္ျပဳျပီးရင္ေတာ့ သမၼတ Dobald Trump က လက္မွတ္ထိုးၿပီး ဥပေဒအျဖစ္ ျပဌာန္းရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စီးပွားရေးအထောက်အပံ့အစီအစဉ် ကန်လွှတ်တော်ခေါင်းဆောင်တွေ သဘောတူ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေရတဲ့ အမေရိကန်မိသားစုတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို အရေးပေါ်ကူညီဖို့ ဒေါ်လာ ၉၀၀ ဘီလီယံသုံးစွဲမယ့် ထောက်ပံ့ရေးအစီအစဉ်သစ်တရပ်ကို အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တွေ တနင်္ဂနွေနေ့ကဆွေးနွေးသဘောတူညီလိုက်ပါပြီ။

"ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ပေးမယ့် ထောက်ပံ့ရေး အစီအစဉ်တွေကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါပြီ။အမေရိကန်မိသားစုတွေအတွက် နောက်ထပ် အထောက်အပံ့တွေ ရရှိတော့မှာဖြစ်တယ်။" လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Republican အမတ် Mitch McConnell ကပြောသွားတာဖြစ်ပါတယ်။

အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Democrat အမတ် Chuck Schumer ကလည်း

"ဒီထောက်ပံ့ရေး အစီအစဉ်မူကြမ်းဟာ Congress လွှတ်တော်က ပေးမယ့် နောက်ဆုံးအကူအညီမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးချင်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲ လွှတ်တော်အစည်းအဝေးတွေပြန်စတဲ့အခါ ဒီကိစ္စတွေကို ချက်ချင်းပြန်ဆွေးနွေးမှာဖြစ်ပါတယ်လို့ ပြောဆိုသွားတာပါ။ ရက်တွေနဲ့ချီ ညှိနှိုင်းပြီး တနင်္ဂနွေနေ့က သဘောတူညီလိုက်တဲ့ဒီမူကြမ်းကို အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်စလုံးမှာ ဒီနေ့ တနင်္လာနေ့မှာမဲခွဲ အတည်ပြုမယ်လို့လည်း ခန့်မှန်းရပါတယ်။ အစိုးရဘက်က အကူအညီပေးမယ့်ပမာဏ၊ အလုပ်လက်မဲ့ခံစားခွင့် ဒါမှမဟုတ် စီးပွါးရေးလုပ်ငန်းတွေ ဆက်လည်ပတ်နိုင်အောင် ကူညီဖို့ဆိုတဲ့ကိစ္စတွေကို အဓိက အာရုံစိုက်သင့်သလားဆိုတဲ့ကိစ္စမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေကြား သဘောတူညီမှု မရကြတဲ့အတွက် ဒီမူကြမ်းအတည်ပြုရေး သီတင်းပတ်နဲ့ချီဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန် John Hoplins တက္ကသိုလ်က ကောက်ယူနေတဲ့စစ်တမ်းအရ ပိုးကူးခံရသူ ၁၈ သန်းနီးပါးရှိတဲ့ အမေရိကန်မှာ ကိုဗစ်ကူစက်သူနေ့စဉ် ၂၀၀,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူ ၃၁၀,၀၀၀ ကျော်ရှိလာချိန်မှာ ထောက်ပံ့ရေးအစီအစဉ်သစ်ကို သဘောတူညီလိုက်ကြတာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ

အလုပ်လက်မဲ့ဖြစ်နေသူတွေအတွက် ပြည်ထောင်စု အစိုးရက တပတ် ဒေါ်လာ ၃၀၀ အကျိုးခံစားခွင့် ယာယီ ထောက်ပံ့ပေးနိုင်မှာဖြစ်သလို၊ အမေရိကန်အများစု လက်ထဲငွေသား ဒေါ်လာ ၆၀၀ တိုက်ရိုက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးရင်တော့ သမ္မတ Dobald Trump က လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဌာန်းရမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG