သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေအတွက် လုံလောက်အောင် Covid ကာကွယ်ဆေး သန်း ၁ဝဝ ကန်အစိုးရ ထပ်ဆောင်းဝယ်ယူမည်


Walgreens Pharmacists prepare Pfizer-BioNTech coronavirus vaccines at Crown Heights Center for Nursing and Rehabilitation, a nursing home facility in Brooklyn, New York, Dec. 22, 2020.
Walgreens Pharmacists prepare Pfizer-BioNTech coronavirus vaccines at Crown Heights Center for Nursing and Rehabilitation, a nursing home facility in Brooklyn, New York, Dec. 22, 2020.

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုထဲ COVID 19 ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာပဲ ကာကွယ်ထိုးဆေး နောက်ထပ် သန်း ၁ဝဝ ထပ်ဆောင်း ရောင်းချမယ်လို့Pfizer-BioNTechဆေးကုမ္ပဏီတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အခု အစိုးရနဲ့ ထပ်ပြီးသဘောတူလိုက်တဲ့ ဒေါ်လာ ၂ ဘီလီယံဖိုး ကာကွယ်ဆေးတွေကို ၂၀၂၁ ခုနှစ်ဇူလိုင်လ အကုန်လောက်မှာ အပြီး ဖြန့်ဖြူးပေးဖို့ ကုမ္ပဏီကခန့်မှန်းထားပါတယ်။

အခုမှာယူတဲ့ ကာကွယ်ဆေးတွေကို နောက်နှစ် ဒုတိယသုံးလပတ်လောက်မှာ ဖြန့်ဖြူးပေးနိုင်ဖို့ သမ္မတ ထရမ့် အစိုးရအဖွဲ့ ကာကွယ်ဆေးထုတ်လုပ်မှု အစီအစဉ် Operation Warp Speed က လုပ်ဆောင်သွားမယ် လို့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဝန်ကြီး Alex Azar က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အခုလိုအစိုးရကဆေးတွေထပ်ဆောင်းဝယ်ယူလိုက်တာကြောင့် ကာကွယ်ဆေးထိုးလိုတဲ့ အမေရိကန်ပြည်သူတိုင်း ၂ဝ၂၁ ခုနှစ် ဇွန်လအရောက် ကာကွယ်ဆေးတွေ အလုံအလောက် ထိုးနှံနိုင်ဖို့ ပိုပြီး သေချာသွားစေတယ်လို့လည်း ဝန်ကြီး Alex Azar ကပြောပါတယ်။

Pfizer/BioNTech ကာကွယ်ဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်နေ့က အရေးပေါ် သုံးစွဲခွင့် ပြုလိုက်တာပါ။ ပထမအသုတ်အနေနဲ့ကုမ္ပဏီက အစိုးရကို ထိုးဆေးသန်း ၁ဝဝ ပေးဖို့ သဘောတူထားပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ သဘောတူညီချက်အရ ကုမ္ပဏီက လာမယ့် ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး နောက်ထပ် အနည်းဆုံး ထိုးဆေးသန်း ၇၀ နဲ့ ဇူလိုင်လ ၃၁ ရက်နေ့ထက်နောက်မကျဘဲ ထိုးဆေးသန်း ၃၀ ကို ပေးအပ်သွားဖို့ သဘောတူလိုက်တာပါ။ အစိုးရအနေနဲ့ နောက်ထပ် ကာကွယ်ထိုးဆေး သန်း ၄ဝဝ အထိလည်း ဝယ်ယူနိုင်ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးတွေရဲ့ ဆေးအာနိသင်အပြည့် အဝရဖို့အတွက် စုစုပေါင်း နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ COVID19 ကူးစက်သူ စုစုပေါင်း ၁၈.၂ သန်းနဲ့ သေဆုံးသူက ၃၂၃,ဝဝဝ နီးပါးရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19ကြောင့် သေဆုံးမှုနှုန်းလည်း အမေရိကန်က အများဆုံးဖြစ်ပါတယ်။

.................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG