သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာကြယ္ေဆး လူတိုင္းထိုးသင္႔ေၾကာင္း ေဆးထိုးမႈခံယူၿပီး ျမန္မာဆရာဝန္တိုက္တြန္း


က်န္းမာေရးဝန္ထမ္းတဦး ကိုရိုနာဗိုင္းရပ္စ္ Moderna ကာကြယ္ေဆးထိုးခံယူေနသည့္ျမင္ကြင္း (ကယ္လီဖုိးနီးယား၊ ဒီဇင္ဘာ၊၂၂၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုမွာ က်န္းမာေရး၀န္ထမ္းေတြကို COVID-19 ကာကြယ္ေဆး အရင္ဆံုး စတင္ထိုးေပးေနတဲ့ အထဲမွာ ျမန္မာႏြယ္ဖြားဆရာဝန္ေတြလည္း ပါ၀င္ပါတယ္။ အခုလို Covid-19 ကာကြယ္ေဆးထိုးတာနဲ ့ပတ္သက္ျပီး ကိုယ္တိုင္အထိုးခံခဲ့တဲ့ အေထြေထြအထူးကုဆရာဝန္ ေဒါက္တာစိုးပိုင္ကို ကာကြယ္ေဆးထိုးသင့္မထိုးသင့္နဲ ့ပတ္သက္လို႔ ကိုအာင္ျမတ္သူက ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

ဖေလာ္ရီဒါျပည္နယ္ Jackson Memorial ေဆး႐ုံ အေထြေထြအထူးကု ေဒါက္တာစိုးပိုင္ ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ Pfizer ကထုတ္တဲ့ ကာကြယ္ေဆးကို ပထမအၾကိမ္ ကုိယ္တိုင္အထိုးခံခဲ့တာပါ။ COVID-19 ကာကြယ္ေဆး ကိုယ္တိုင္အထိုးခံထားသူ တဦးအေနနဲ႔ ကာကြယ္ေဆး ထိုးသင့္မထိုးသင့္နဲ ့ပက္သက္လို႔ သူကအခုလို အႀကံေပးပါတယ္။

”COVID-19 ကာကြယ္ေဆးက လူအားလံုးထိုးသင့္တယ္လို ့က်ေနာ္ထင္ပါတယ္။ ခေလးေတြနဲ ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြကို သူတို ့စမ္းထားတဲ့ Data မရွိေသးလို ့သူတို ့ကေတာ့ exception ေပါ့။ က်န္တဲ့လူအားလံုးေတာ့ ထိုးသင့္တယ္လို ့က်ေနာ္ထင္ပါတယ္။”

ေမး။။ ေဆးထိုးျပီးေနာက္ပိုင္း ခႏၵာကိုယ္က ဘယ္လိုတံု ့ျပန္ခ်က္ေတြျဖစ္လာပါလဲ။

ေျဖ။ ။ က်ေနာ္ကေတာ့ ဘာမွ သိပ္ၿပီး ထူးထူးေထြေထြမရွိပါဘူး။ Flu Shot ထိုးသလိုပဲ နည္းနည္းေလး ထိုးတဲ့ေနရာက နာတာနဲ ့နည္းနည္းႏံုးတာ ဒီေလာက္ပါပဲ။ ႀကီးႀကီးမားမား ဘာျပႆနာမွ မရွိပါဘူး။ ေနလို ့ေကာင္းပါတယ္။

ေမး။ ။ ဒီကာကြယ္ေဆးကို ၂ ၾကိမ္ ထိုးရတာ ဘာေၾကာင့္ပါလဲခင္ဗ်။

ေျဖ။ ။ ဒါကေတာ့ ပထမတလံုးထိုးျပီးေတာ့ body က ကိုယ္ခံအား Antibody ထုတ္တဲ့ဟာမွာ ပထမ one dose ကေတာ့ initial dose။ ေနာက္တခုက booster dose ပုိျပီးေတာ့ body reaction ကို ပိုျပီး အားျဖည့္တဲ့သေဘာေပါ့။ ေတာ္ေတာ္မ်ားမ်ား vaccine ေတြက ဒီလိုပါပဲ။ တလံုးထဲနဲ ့ျပီးတဲ့ ေဆးမဟုတ္ေတာ့ မ်ားေသာအားျဖင့္ ထပ္ထပ္ထိုးၾကတယ္။ အဲဒီေတာ့ ဒီကိုဗစ္ေဆးကေတာ့ ၂ လံုး ထိုးရတယ္ေျပာတယ္။

ေမး။ ။ အခုဆို ကာကြယ္ေဆးအမ်ိဳးမ်ိဳးရွိေနတဲ့ အေပၚမွာ ဘယ္ကာကြယ္ေဆးက ပိုျပီးေကာင္းမယ္ထင္ပါလဲ။

ေျဖ။ ။ ကိုဗစ္နဲ ့ပတ္သက္လို ့ကေတာ့ အခု က်ေနာ္တို ့သိတာ ၂ ခု ရွိတယ္။ Pfizer ဆိုတာနဲ ့Moderna နွစ္မ်ိဴးရွိတယ္။ ဒီနွစ္ခုပဲ က်ေနာ္တို ့ဒီ အေမရိကားမွာ သံုးေသးတယ္။ ေဆးက ထိေရာက္မွုကေတာ့ အတူတူပဲလို ့ေျပာတယ္။ သူတို ့လုပ္ထားတဲ့ Data ေတြအရ ဘာမွ သိပ္ျပီးေတာ့ မေျပာင္းဘူး။ ဒါေပမဲ့ ေဆးသိုေလွာင္ရတဲ့ ေနရာမွာ Pfizer က နည္းနည္းပိုခက္တယ္။ Temperature အရမ္းေအးေအး -90 ဖာရင္ဟိုက္ေလာက္ကိုထားမွ ။ ဆက္တိုက္ေပါ့ စထုတ္တဲ့အခ်ိန္ကေန ထိုးတဲ့ အခ်ိန္အထိ Temperature ကို Maintain လုပ္နိုင္မွ ေဆးက အာနိသင္ရွိတာ။ Moderna ကေတာ့ ပိုျပီး ထိန္းသိမ္းရလြယ္တယ္။ ရိုးရိုးတန္းတန္း ပံုမွန္ Freeze ထဲမွာ ထားလုိ ့လည္းရတယ္။ အဲတာတခုရွိတယ္။ Pfizer က်ေတာ့ ဒုတိယေဆးကို ၂၁ ရက္ေျမာက္မွာထိုးတယ္။ Moderna က ၂၈ ရက္ေျမာက္မွာထိုးတယ္။ တပတ္ျခားျပီးထိုးတာေပါ့။ က်န္တာေတြ effect ေတြကေတာ့ အတူတူပါပဲ။ side effect ေတြ ဘာေတြ အကုန္လံုး ဘာမွထူးထူးေထြေထြမရွိပါဘူး။ အေမရိကမွာ ၂ မ်ိဳးစလံုးသံုးပါတယ္။ ေနတဲ့ ေနရာအေပၚမူတည္တယ္၊ insititution ေတြအေပၚမွာမူတည္တယ္။ ဘယ္ဟာက ဘယ္ဟာထက္ ပိုျပီးေကာင္းတယ္ဆိုတာ မရွိပါဘူး။

ေမး။ ။ ကာကြယ္ေဆးထုိးသူေတြအတြက္ ကန္႔သတ္ခ်က္တခ်ိဳ ့ရွိေနတာမို ့ ဒီကန္႔သတ္ခ်က္ေတြကို ဘယ္လိုသတ္မွတ္ထားသလဲ။ ဥပမာ- အသက္ (၁၈)ႏွစ္ေအာက္အရြယ္ေတြ၊ ကိုယ္၀န္ေဆာင္ အမ်ဳိးသမီးေတြ ထိုးလို႔ မရဘူးဆိုတာမ်ဳိးေပါ့။

ေျဖ။ ။ အဲဒါေတာ့ special population သေဘာမ်ိဳးေပါ့။ အခုဟာက emergency ထိုးရတဲ့ သေဘာေပါ့။ FDA က emergency approve ျဖစ္တာ။ ဆိုေတာ့ သတိထားရတာေပါ့။ ကေလးတို၊့ ကိုယ္၀န္ေဆာင္တို ့ကို။ ကိုယ္၀န္ေဆာင္ေတြက်ေတာ့ သာမန္လူေတြစမ္းတဲ့ research ထက္ အမ်ားၾကီးပိုစမ္းရတယ္။ အခ်ိန္ပိုယူရတယ္။ Data ေတြပို လိုတာေပါ့။ ပို စိတ္ခ်ရေအာင္။ အခုေလာေလာဆယ္က emergency သံုးေနရတယ္ဆိုေတာ့ သူတို ့အတြက္ လံုေလာက္တဲ့ Data မရွိေသးလို ့safety အေနနဲ ့ဟာ သိပ္ျပီးေျပာလို ့မရဘူး။ Data မလံုေလာက္ေသးလို ့မထိုးပါနဲ ့ဦးလို ့ေျပာတဲ့ သေဘာပါပဲ။ အႏၱရာယ္ရွိလို ့ဘာရယ္လို ့မဟုတ္ပါဘူး။

အခုဆိုရင္ COVID-19 ကာကြယ္ေဆးေတြ ထြက္ေပၚလာေနခ်ိန္မွာပဲ ဗိုင္းရပ္စ္က ဗီဇဖြဲ ့စည္းပံုေတြ ဆင့္ကဲေျပာင္းလဲျပီး ကူးစပ္မွုေတြ ပိုပိုျပီး တိုးလာေနတာကို ေတြ ့ေနရပါတယ္။ ဒီအေပၚမွာ လက္ရွိထိုးေနၾကတဲ့ COVID-19 ကာကြယ္ေဆးရဲ႕ထိေရာက္မႈ ရွိ၊ မရွိနဲ႔ပတ္သက္ျပီး ေဒါက္တာစိုးပိုင္က သူ ့ရဲ့ အျမင္ကို အခုလို ေျပာပါတယ္။

”Mutation မ်ိိဴးရိုးဗီဇဖြဲ ့စည္းမႈ ဆင့္ကဲေျပာင္းလဲတာေတြ ဥေရာပမွာ ျဖစ္တဲ့ဟာက သိပ္မၾကာေသးဘူး။ တပတ္၊ ႏွစ္ပတ္ေလာက္ပဲရွိပါေသးတယ္။ ဒီေဆးနဲ ့ဗီဇေျပာင္းတဲ့ ပိုးနဲ ့က ကိုက္မကိုက္ သူတို ့အခုမွ စမ္းတုန္းရွိေသးတယ္။ ေျပာလို ့မရေသးဘူး။ က်ေနာ္တို ့အခုသံုးေနတာကေတာ့ Regular ကိုဗစ္။ ဟိုး မတ္၊ ဧျပီေလာက္ထဲျဖစ္ေနတဲ့ဟာကိုပဲ စမ္းထားတယ္ဆိုေတာ့ အဲဒါအတြက္ေတာ့ ေျပာလို ့ရတယ္။ အခုျဖစ္တဲ့ variant type ေတြက်ေတာ့ သူတို ့မသိေသးဘူး။ သူတို ့စမ္းတုန္းပဲရွိေသးတယ္။”

လက္ရွိ ထုတ္ျပီးသား ကာကြယ္ေဆးေတြဟာ အေမရိကန္ တနိုင္ငံလံုးကိုထိုးဖို ့မလံုေလာက္တာေၾကာင့္ သတ္မွတ္ထားတဲ့ ဦးစားေပး လူအုပ္စုေတြကိုပဲ တျဖည္းျဖည္း ထိုးေပးေနရတာျဖစ္ျပီး ၂၀၂၁ ခုနွစ္မွာေတာ့ လူအမ်ား က်ယ္က်ယ္ျပန္ ့ျပန္ ့ အသံုးျပဳႏိုင္မယ္လို႔ ခန္႔မွန္းထားေၾကာင့္ ေဒါက္တာစိုးပိုင္က ဗီြအိုေအကို ေျပာပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

COVID ကာကွယ်ဆေး လူတိုင်းထိုးသင့်ကြောင်း ဆေးထိုးမှုခံယူပြီး မြန်မာဆရာဝန်တိုက်တွန်း

အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးဝန်ထမ်းတွေကို COVID-19 ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေးနေတဲ့ အထဲမှာ မြန်မာနွယ်ဖွားဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အခုလို Covid-19 ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်အထိုးခံခဲ့တဲ့ အထွေထွေအထူးကုဆရာဝန် ဒေါက်တာစိုးပိုင်ကို ကာကွယ်ဆေးထိုးသင့်မထိုးသင့်နဲ့ပတ်သက်လို့ ကိုအာင်မြတ်သူက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဖလော်ရီဒါပြည်နယ် Jackson Memorial ဆေးရုံ အထွေထွေအထူးကု ဒေါက်တာစိုးပိုင် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Pfizer ကထုတ်တဲ့ ကာကွယ်ဆေးကို ပထမအကြိမ် ကိုယ်တိုင်အထိုးခံခဲ့တာပါ။ COVID-19 ကာကွယ်ဆေး ကိုယ်တိုင်အထိုးခံထားသူ တဦးအနေနဲ့ ကာကွယ်ဆေး ထိုးသင့်မထိုးသင့်နဲ့ပက်သက်လို့ သူကအခုလို အကြံပေးပါတယ်။

”COVID-19 ကာကွယ်ဆေးက လူအားလုံးထိုးသင့်တယ်လို့ကျနော်ထင်ပါတယ်။ ခလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သူတို့စမ်းထားတဲ့ Data မရှိသေးလို့သူတို့ကတော့ exception ပေါ့။ ကျန်တဲ့လူအားလုံးတော့ ထိုးသင့်တယ်လို့ကျနော်ထင်ပါတယ်။”

မေး။။ ဆေးထိုးပြီးနောက်ပိုင်း ခန္ဒာကိုယ်က ဘယ်လိုတုံ့ပြန်ချက်တွေဖြစ်လာပါလဲ။

ဖြေ။ ။ ကျနော်ကတော့ ဘာမှ သိပ်ပြီး ထူးထူးထွေထွေမရှိပါဘူး။ Flu Shot ထိုးသလိုပဲ နည်းနည်းလေး ထိုးတဲ့နေရာက နာတာနဲ့နည်းနည်းနုံးတာ ဒီလောက်ပါပဲ။ ကြီးကြီးမားမား ဘာပြဿနာမှ မရှိပါဘူး။ နေလို့ကောင်းပါတယ်။

မေး။ ။ ဒီကာကွယ်ဆေးကို ၂ ကြိမ် ထိုးရတာ ဘာကြောင့်ပါလဲခင်ဗျ။

ဖြေ။ ။ ဒါကတော့ ပထမတလုံးထိုးပြီးတော့ body က ကိုယ်ခံအား Antibody ထုတ်တဲ့ဟာမှာ ပထမ one dose ကတော့ initial dose။ နောက်တခုက booster dose ပိုပြီးတော့ body reaction ကို ပိုပြီး အားဖြည့်တဲ့သဘောပေါ့။ တော်တော်များများ vaccine တွေက ဒီလိုပါပဲ။ တလုံးထဲနဲ့ပြီးတဲ့ ဆေးမဟုတ်တော့ များသောအားဖြင့် ထပ်ထပ်ထိုးကြတယ်။ အဲဒီတော့ ဒီကိုဗစ်ဆေးကတော့ ၂ လုံး ထိုးရတယ်ပြောတယ်။

မေး။ ။ အခုဆို ကာကွယ်ဆေးအမျိုးမျိုးရှိနေတဲ့ အပေါ်မှာ ဘယ်ကာကွယ်ဆေးက ပိုပြီးကောင်းမယ်ထင်ပါလဲ။

ဖြေ။ ။ ကိုဗစ်နဲ့ပတ်သက်လို့ကတော့ အခု ကျနော်တို့သိတာ ၂ ခု ရှိတယ်။ Pfizer ဆိုတာနဲ့Moderna နှစ်မျိူးရှိတယ်။ ဒီနှစ်ခုပဲ ကျနော်တို့ဒီ အမေရိကားမှာ သုံးသေးတယ်။ ဆေးက ထိရောက်မှုကတော့ အတူတူပဲလို့ပြောတယ်။ သူတို့လုပ်ထားတဲ့ Data တွေအရ ဘာမှ သိပ်ပြီးတော့ မပြောင်းဘူး။ ဒါပေမဲ့ ဆေးသိုလှောင်ရတဲ့ နေရာမှာ Pfizer က နည်းနည်းပိုခက်တယ်။ Temperature အရမ်းအေးအေး -90 ဖာရင်ဟိုက်လောက်ကိုထားမှ ။ ဆက်တိုက်ပေါ့ စထုတ်တဲ့အချိန်ကနေ ထိုးတဲ့ အချိန်အထိ Temperature ကို Maintain လုပ်နိုင်မှ ဆေးက အာနိသင်ရှိတာ။ Moderna ကတော့ ပိုပြီး ထိန်းသိမ်းရလွယ်တယ်။ ရိုးရိုးတန်းတန်း ပုံမှန် Freeze ထဲမှာ ထားလို့လည်းရတယ်။ အဲတာတခုရှိတယ်။ Pfizer ကျတော့ ဒုတိယဆေးကို ၂၁ ရက်မြောက်မှာထိုးတယ်။ Moderna က ၂၈ ရက်မြောက်မှာထိုးတယ်။ တပတ်ခြားပြီးထိုးတာပေါ့။ ကျန်တာတွေ effect တွေကတော့ အတူတူပါပဲ။ side effect တွေ ဘာတွေ အကုန်လုံး ဘာမှထူးထူးထွေထွေမရှိပါဘူး။ အမေရိကမှာ ၂ မျိုးစလုံးသုံးပါတယ်။ နေတဲ့ နေရာအပေါ်မူတည်တယ်၊ insititution တွေအပေါ်မှာမူတည်တယ်။ ဘယ်ဟာက ဘယ်ဟာထက် ပိုပြီးကောင်းတယ်ဆိုတာ မရှိပါဘူး။

မေး။ ။ ကာကွယ်ဆေးထိုးသူတွေအတွက် ကန့်သတ်ချက်တချို့ရှိနေတာမို့ ဒီကန့်သတ်ချက်တွေကို ဘယ်လိုသတ်မှတ်ထားသလဲ။ ဥပမာ- အသက် (၁၈)နှစ်အောက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ထိုးလို့ မရဘူးဆိုတာမျိုးပေါ့။

ဖြေ။ ။ အဲဒါတော့ special population သဘောမျိုးပေါ့။ အခုဟာက emergency ထိုးရတဲ့ သဘောပေါ့။ FDA က emergency approve ဖြစ်တာ။ ဆိုတော့ သတိထားရတာပေါ့။ ကလေးတို၊့ ကိုယ်ဝန်ဆောင်တို့ကို။ ကိုယ်ဝန်ဆောင်တွေကျတော့ သာမန်လူတွေစမ်းတဲ့ research ထက် အများကြီးပိုစမ်းရတယ်။ အချိန်ပိုယူရတယ်။ Data တွေပို လိုတာပေါ့။ ပို စိတ်ချရအောင်။ အခုလောလောဆယ်က emergency သုံးနေရတယ်ဆိုတော့ သူတို့အတွက် လုံလောက်တဲ့ Data မရှိသေးလို့safety အနေနဲ့ဟာ သိပ်ပြီးပြောလို့မရဘူး။ Data မလုံလောက်သေးလို့မထိုးပါနဲ့ဦးလို့ပြောတဲ့ သဘောပါပဲ။ အန္တရာယ်ရှိလို့ဘာရယ်လို့မဟုတ်ပါဘူး။

အခုဆိုရင် COVID-19 ကာကွယ်ဆေးတွေ ထွက်ပေါ်လာနေချိန်မှာပဲ ဗိုင်းရပ်စ်က ဗီဇဖွဲ့စည်းပုံတွေ ဆင့်ကဲပြောင်းလဲပြီး ကူးစပ်မှုတွေ ပိုပိုပြီး တိုးလာနေတာကို တွေ့နေရပါတယ်။ ဒီအပေါ်မှာ လက်ရှိထိုးနေကြတဲ့ COVID-19 ကာကွယ်ဆေးရဲ့ထိရောက်မှု ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဒေါက်တာစိုးပိုင်က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

”Mutation မျိူးရိုးဗီဇဖွဲ့စည်းမှု ဆင့်ကဲပြောင်းလဲတာတွေ ဥရောပမှာ ဖြစ်တဲ့ဟာက သိပ်မကြာသေးဘူး။ တပတ်၊ နှစ်ပတ်လောက်ပဲရှိပါသေးတယ်။ ဒီဆေးနဲ့ဗီဇပြောင်းတဲ့ ပိုးနဲ့က ကိုက်မကိုက် သူတို့အခုမှ စမ်းတုန်းရှိသေးတယ်။ ပြောလို့မရသေးဘူး။ ကျနော်တို့အခုသုံးနေတာကတော့ Regular ကိုဗစ်။ ဟိုး မတ်၊ ဧပြီလောက်ထဲဖြစ်နေတဲ့ဟာကိုပဲ စမ်းထားတယ်ဆိုတော့ အဲဒါအတွက်တော့ ပြောလို့ရတယ်။ အခုဖြစ်တဲ့ variant type တွေကျတော့ သူတို့မသိသေးဘူး။ သူတို့စမ်းတုန်းပဲရှိသေးတယ်။”

လက်ရှိ ထုတ်ပြီးသား ကာကွယ်ဆေးတွေဟာ အမေရိကန် တနိုင်ငံလုံးကိုထိုးဖို့မလုံလောက်တာကြောင့် သတ်မှတ်ထားတဲ့ ဦးစားပေး လူအုပ်စုတွေကိုပဲ တဖြည်းဖြည်း ထိုးပေးနေရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ လူအများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားကြောင့် ဒေါက်တာစိုးပိုင်က ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG