သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား ကုိဗစ္ကူးစက္ခံရသူ သန္း ၈၀ ေက်ာ္ၿပီ


အေမရိကန္ ေဆး႐ုံတခုမွာ ကုိဗစ္လူနာကုိ ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတလႊား COVID-19 ကူးစက္ခံရသူဟာ စေနေန႔မွာ သန္း ၈၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆံုးရသူက ၁၇၅,၀၀၀ ေက်ာ္ရွိတယ္လိုို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖာ္ျပပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ ကူးစက္သူ ၁၉ သန္းနီးပါးနဲ႔ ေသဆံုးရသူ ၃၀၀,၀၀၀ ေက်ာ္ရွိၿပီး ကမာၻမွာ အမ်ားဆံုး ျဖစ္ပါတယ္။

ဥေရာပတလႊား ဒီေရာဂါကူးစက္သူ ၂၅ သန္းနီးပါးနဲ႔ အာရွေဒသမွာေတာ့ ၁၂ သန္းနီးပါးေလာက္ ရွိေနတယ္လို႔ WHO က ေသာၾကာေန႔မွာ ေျပာပါတယ္။

ကမာၻမွာ ကူးစက္သူ ဒုတိယအမ်ားဆံုးျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာ စေနေန႔က တရက္အတြင္း ေနာက္ထပ္ကူးစက္သူ ၂၀,၀၀၀ ေက်ာ္ရွိၿပီး အခုဆို စုစုေပါင္း ၁၀ သန္းေက်ာ္ရွိေနၿပီး ေသဆံုးရသူစုစုေပါင္း ၁၅၀,၀၀၀ ေလာက္ရွိတယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဘရာဇီးလ္မွာေတာ့ ေသာၾကာေန႔က ေနာက္ထပ္ ၅၀၀ ေလာက္ ဒီေရာဂါနဲ႔ ထပ္ၿပီး ေသဆံုးခဲ့တဲ့အတြက္ အခုဆို ေသဆံုးရသူေပါင္း ၂၀၀,၀၀၀ နီးပါး ရွိေနပါၿပီ။ ဘရာဇီးလ္က ျပည္နယ္ ၂၇ ခုထဲက ၁၃ ခုမွာ ကူးစက္မႈႏႈန္း တိုးလာတယ္လုိ႔ ဘရာဇီးလ္ က်န္းမာေရးဌာနက ေျပာပါတယ္။

ဥေရာပမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂,၀၀၀,၀၀၀ နီးပါးနဲ႔ ေသဆံုးရသူ ၅၀,၀၀၀ နီးပါးရွိေနတဲ့ စပိန္ႏိုင္ငံမွာ COVID-19 ကာကြယ္ေဆးကို တနဂၤေႏြေန႔မွာ စတင္ထိုးႏွံေပးေတာ့မယ္လို႔ စပိန္က်န္းမာေရးဝန္ႀကီး Salvador Illa က ေျပာပါတယ္။ Pfizer-BioNTech ကထုတ္တဲ့ ကာကြယ္ေဆးကို ထိုးႏံွေပးမွာျဖစ္ၿပီး ပထမထိုးရမယ့္ ေဆးေတြ ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ စပိန္ကို ေရာက္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဂ်ာမနီမွာေတာ့ ၿဗိတိန္မွာ ကူးစက္ပ်ံ႕ႏံွ႔ေနတဲ့ ဗီဇေျပာင္း COVID-19 ပိုးသစ္ကို ပထမဆံုး ကူးစက္သူအျဖစ္ ၿဗိတိန္ကေန ေလယာဥ္နဲ႔ျပန္လာသူ အမ်ိဳးသမီးတဦးမွာ ၾကာသပေတးေန႔က စေတြ႔ခဲ့ရပါတယ္။

ကမၻာတလႊား ကုိဗစ္ကူးစက္ခံရသူ သန္း ၈၀ ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကမ္ဘာတလွှား ကိုဗစ်ကူးစက်ခံရသူ သန်း ၈၀ ကျော်ပြီ

ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူဟာ စနေနေ့မှာ သန်း ၈၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးရသူက ၁၇၅,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ကူးစက်သူ ၁၉ သန်းနီးပါးနဲ့ သေဆုံးရသူ ၃၀၀,၀၀၀ ကျော်ရှိပြီး ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။

ဥရောပတလွှား ဒီရောဂါကူးစက်သူ ၂၅ သန်းနီးပါးနဲ့ အာရှဒေသမှာတော့ ၁၂ သန်းနီးပါးလောက် ရှိနေတယ်လို့ WHO က သောကြာနေ့မှာ ပြောပါတယ်။

ကမ္ဘာမှာ ကူးစက်သူ ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ စနေနေ့က တရက်အတွင်း နောက်ထပ်ကူးစက်သူ ၂၀,၀၀၀ ကျော်ရှိပြီး အခုဆို စုစုပေါင်း ၁၀ သန်းကျော်ရှိနေပြီး သေဆုံးရသူစုစုပေါင်း ၁၅၀,၀၀၀ လောက်ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘရာဇီးလ်မှာတော့ သောကြာနေ့က နောက်ထပ် ၅၀၀ လောက် ဒီရောဂါနဲ့ ထပ်ပြီး သေဆုံးခဲ့တဲ့အတွက် အခုဆို သေဆုံးရသူပေါင်း ၂၀၀,၀၀၀ နီးပါး ရှိနေပါပြီ။ ဘရာဇီးလ်က ပြည်နယ် ၂၇ ခုထဲက ၁၃ ခုမှာ ကူးစက်မှုနှုန်း တိုးလာတယ်လို့ ဘရာဇီးလ် ကျန်းမာရေးဌာနက ပြောပါတယ်။

ဥရောပမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၀၀၀,၀၀၀ နီးပါးနဲ့ သေဆုံးရသူ ၅၀,၀၀၀ နီးပါးရှိနေတဲ့ စပိန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးကို တနင်္ဂနွေနေ့မှာ စတင်ထိုးနှံပေးတော့မယ်လို့ စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က ပြောပါတယ်။ Pfizer-BioNTech ကထုတ်တဲ့ ကာကွယ်ဆေးကို ထိုးနံှပေးမှာဖြစ်ပြီး ပထမထိုးရမယ့် ဆေးတွေ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စပိန်ကို ရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

ဂျာမနီမှာတော့ ဗြိတိန်မှာ ကူးစက်ပျံ့နံှ့နေတဲ့ ဗီဇပြောင်း COVID-19 ပိုးသစ်ကို ပထမဆုံး ကူးစက်သူအဖြစ် ဗြိတိန်ကနေ လေယာဉ်နဲ့ပြန်လာသူ အမျိုးသမီးတဦးမှာ ကြာသပတေးနေ့က စတွေ့ခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG