သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ခရီးသည္ေတြ အေမရိကားကိုမလာခင္ ၃ ရက္ႀကိဳ Covid စမ္းသပ္ရမည္


COVID-19 ေရာဂါ အႀကီးအက်ယ္ကူးစက္ေနတဲ့ လန္ဒန္ၿမိဳ႕မွာရွိေနတဲ့ St Thomas' ေဆးရံုမွာ အေရးေပၚလူနာ တင္ယာဥ္က လူနာ တဦးကို သယ္ယူေနတဲ့ ကာကြယ္ေရး၀တ္စံု ၀တ္ဆင္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ား

{{Zawgyi/Unicode}}

ကူးစက္ျမန္တဲ့ ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္တမ်ိဳးေတြ႔ေနတဲ့ ၿဗိတိန္ႏိုင္ငံကေန အေမရိကန္ျပည္ေထာင္စုကို ေလေၾကာင္းနဲ႔လာမယ့္ ခရီးသည္တိုင္း Covid 19 ပိုးမရွိေၾကာင္း စမ္းသပ္ထားတာကို ျပသဖို႔ လိုအပ္ေၾကာင္း အေမရိကန္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC က ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

ၿဗိတိန္နဲ႔ တျခားေနရာေတြမွာ ဒီဗိုင္းရပ္စ္ ပိုးသစ္ကူးစက္ ျပန္႔ႏွံ႔ေနတာေၾကာင့္ ႏိုင္ငံအမ်ားအျပားက ခရီးသြား ကန္႔သတ္မႈေတြ ထုတ္ျပန္ေနတာ ျဖစ္ၿပီး အေမရိကန္က ခုေနာက္ဆံုးမွ ေၾကညာခဲ့တာပါ။

ခရီးသည္ေတြ အေနနဲ႔ ေလယာဥ္မစီးခင္ ၃ ရက္အတြင္း ဒီေရာဂါပိုးရွိမရွိ စမ္းသပ္ထားဖို႔လိုပါတယ္။ CDC က ေသာၾကာေန႔မွာ လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္တဲ့ ဒီကန္႔သတ္မႈအမိန္႔ဟာ တနလၤာေန႔မွာ စတင္သက္ေရာက္မွာ ျဖစ္ပါတယ္။ ခရီးသြားကန္႔သတ္မႈေတြ ခ်မွတ္ခဲ့တဲ့ မတ္လကတည္းက စၿပီး ၿဗိတိန္ကေန အေမရိကန္ႏိုင္ငံကို ေလေၾကာင္းကလာေရာက္သူက ရာခိုင္ႏႈန္း ၉ ၀ ေလာက္ က်သြားခဲ့တာ ျဖစ္ပါတယ္။

ဒီပိုးသစ္ဟာ နဂိုရွိၿပီးသားပိုးထက္ ပိုၿပီးကူးစက္လြယ္ပံုရသလို ႏိုင္ငံတြင္းမွာ လ ွ်င္လ ွ်င္ျမန္ျမန္ ျပန္႔ႏွံ႔ေနေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ ဒီပိုးေၾကာင့္ ေသဆံုးမႈပိုလာတာ ဒါမွမဟုတ္ ေရာဂါျပင္းျပင္းထန္ထန္ ခံစားရတယ္ ဆိုတဲ့ အေထာက္ထားေတာ့ မေတြ႔ေသးဘူးလို႔ ေျပာပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တမျိုးတွေ့နေတဲ့ ဗြိတိန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လေကြောင်းနဲ့လာမယ့် ခရီးသည်တိုင်း Covid 19 ပိုးမရှိကြောင်း စမ်းသပ်ထားတာကို ပြသဖို့ လိုအပ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDC က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဗြိတိန်နဲ့ တခြားနေရာတွေမှာ ဒီဗိုင်းရပ်စ် ပိုးသစ်ကူးစက် ပြန့်နှံ့နေတာကြောင့် နိုင်ငံအများအပြားက ခရီးသွား ကန့်သတ်မှုတွေ ထုတ်ပြန်နေတာ ဖြစ်ပြီး အမေရိကန်က ခုနောက်ဆုံးမှ ကြေညာခဲ့တာပါ။

ခရီးသည်တွေ အနေနဲ့ လေယာဉ်မစီးခင် ၃ ရက်အတွင်း ဒီရောဂါပိုးရှိမရှိ စမ်းသပ်ထားဖို့လိုပါတယ်။ CDC က သောကြာနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ဒီကန့်သတ်မှုအမိန့်ဟာ တနင်္လာနေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ခရီးသွားကန့်သတ်မှုတွေ ချမှတ်ခဲ့တဲ့ မတ်လကတည်းက စပြီး ဗြိတိန်ကနေ အမေရိကန်နိုင်ငံကို လေကြောင်းကလာရောက်သူက ရာခိုင်နှုန်း ၉ ၀ လောက် ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပိုးသစ်ဟာ နဂိုရှိပြီးသားပိုးထက် ပိုပြီးကူးစက်လွယ်ပုံရသလို နိုင်ငံတွင်းမှာ လ ျှင်လ ျှင်မြန်မြန် ပြန့်နှံ့နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကပြောကြားခဲ့တာပါ။ ဒါပေမယ့် ဒီပိုးကြောင့် သေဆုံးမှုပိုလာတာ ဒါမှမဟုတ် ရောဂါပြင်းပြင်းထန်ထန် ခံစားရတယ် ဆိုတဲ့ အထောက်ထားတော့ မတွေ့သေးဘူးလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG