သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပတခြင္ ကိုဗစ္ကာကြယ္ေဆးထိုးမႈ တနဂၤေႏြေန႔ စတင္


Wales ၿမိဳ႕ေတာ္ Cadiff က ေဆး႐ုံတခုမွာ Pfizer-BioNTech ကိုဗစ္ကာကြယ္ေဆး ထုိးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျပင္သစ္ႏုိင္ငံမွာ ျပင္သစ္ေဆး႐ံု ေဆးဝါးမ်ားဆိုင္ရာကြန္ရက္ကို ေပးပို႔လာတဲ့ COVID-19 ေရာဂါကာကြယ္ေဆး Pfizer-BioNTech ေဆးဝါးေတြ ဒီကေန႔ စေနေန႔မွာ ပထမဆံုး လက္ခံရရွိပါတယ္။

ဥေရာပတခြင္လံုး ပထမဆံုး ကာကြယ္ေဆးထိုးမယ့္ သတ္မွတ္ရက္ျဖစ္တဲ့ တနဂၤေႏြေန႔မွာ လူအို႐ုံ ၂ ႐ုံမွာ ကာကြယ္ေဆး စထိုးႏွံမွာျဖစ္ပါတယ္။

ျပင္သစ္မွာ လူေပါင္း ၂.၆ သန္းေက်ာ္ COVID-19 ကူးစက္ခံေနရၿပီး ကိုဗစ္ေၾကာင့္ လူေပါင္း ၆၂,၅၀၀ ေက်ာ္ အသက္ဆံုးခဲ့ရပါတယ္။

အခုျဖစ္ပြားလာေနတဲ့ ၿဗိတိန္မွာေတြ႔ရွိတဲ့ ကိုဗစ္ဗိုင္းရပ္စ္ပိုး မ်ိဳးစိတ္သစ္ေၾကာင့္ ၿဗိတိန္မွောနထိုင္သူေတြကို ကမာၻတလႊား ခရီးသြားလာမႈေတြကို ထိန္းခ်ဳပ္ထားေပမယ့္ ျပင္သစ္မွာ ပထမဆံုး ဒီပိုးသစ္ကူးစက္မႈ စမ္းသပ္စစ္ေဆးေတြ႔ရွိတယ္လို႔ ျပင္သစ္အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။

COVID-19 ေရာဂါကာကြယ္ေဆးဝါး Pfizer-BioNTech ႐ုိေမးနီးယားႏုိင္ငံ ၿမိဳ႕ေတာ္ Bucharest ကိုလည္း ဒီကေန႔ စေနေန႔မွာ ဆုိက္ေရာက္လာၿပီး စစ္တပ္ပိုင္အေဆာက္အဦးထဲမွာ သိမ္းဆည္းထားပါတယ္။ ဥေရာပမွာ ကာကြယ္ေဆး စထိုးႏွံၾကမယ့္ တနဂၤေႏြေန႔မွာပဲ ႏုိင္ငံတဝန္းက ေဆး႐ုံ ၉ ႐ုံမွာ ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္ စၾကမွာပါ။

႐ုရွားမွာေတာ့ အသက္ ၆၀ အထက္ေတြအတြက္ COVID-19 ကာကြယ္ေဆး Sputnik V ထုိးေပးမယ့္ အစီအစဥ္ စေနေန႔မွာ အတည္ျပဳခြင့္ျပဳလိုက္ၿပီလို႔ ႐ုရွားက်န္းမာေရးဝန္ႀကီးရဲ႕ ေျပာဆိုခ်က္ကို ေဒသတြင္း သတင္းေတြမွာ ေဖာ္ျပပါတယ္။

႐ုရွားႏိုင္ငံတဝန္းမွာေတာ့ လူေပါင္း ၃ သိန္း ကူးစက္ခံေနရၿပီး ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာကို ကူးစက္မႈအသစ္ ၂၉,၂၀၀ ေက်ာ္ေတြ႔ရွိၿပီး လူေပါင္း ၅၆၀ ကိုဗစ္ေၾကာင့္ အသက္ဆံုးခဲ့ရပါတယ္။

ၿဗိတိန္မွာ အခုျဖစ္ပြားေနတဲ့ ကို႐ုိနာဗိုင္းရပ္စ္ပိုးသစ္ဟာ မူလပိုးထက္ကို ပိုၿပီး ကူးစက္လြယ္ၿပီး ျမန္ျမန္ဆန္ဆန္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့အတြက္ ၿဗိိတိန္ကေန ခရီးသြားမယ့္သူေတြကို တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ထုတ္ထားတယ္လို႔ ၿဗိတိန္အာဏာပိုင္ေတြက ေျပာပါတယ္။

အေမရိကန္မွာေတာ့ ၿဗိတိန္က ဆိုက္ေရာက္လာတဲ့ ခရီးသြားေတြ မထြက္ခြာခင္ ကိုဗစ္ပိုးရွိမရွိ မျဖစ္မေန စမ္းသပ္စစ္ေဆးမႈလုပ္ဖို႔ ညႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ထုတ္ျပန္တဲ့ ဒီညႊန္ၾကားခ်က္ လာမယ့္တနလၤာေန႔မွာ စတင္အသက္ဝင္မွာ ျဖစ္ပါတယ္။

COVID-19 ကာကြယ္ေဆးဟာ လူသားအားလံုးအတြက္ ျဖစ္ေစရမယ္၊ ၿပိဳင္ဆိုင္မႈေတြ မလုပ္ၾကဘဲနဲ႔ ဝိုင္းၿပီး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း ႏိုင္ငံေရးသမားေတြ ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ စီးပြားေရးဦးေဆာင္သူေတြကို ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္း မိန္႔ၾကားလုိက္ပါတယ္။

အစၥေရးလ္မွာေတာ့ တနဂၤေႏြေန႔ကစလို႔ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ ကာကြယ္ေရး တႏိုင္ငံလံုး အတိုင္းအတာနဲ႔ တတိယအႀကိမ္ေျမာက္ Lockdown ခ်လိုက္မွာ ျဖစ္ပါတယ္။ ဒီကန္႔သတ္မႈဟာ အနည္းဆံုး သီတင္း ၂ ပတ္ၾကာျမင့္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဥရောပတခွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု တနင်္ဂနွေနေ့ စတင်

ပြင်သစ်နိုင်ငံမှာ ပြင်သစ်ဆေးရုံ ဆေးဝါးများဆိုင်ရာကွန်ရက်ကို ပေးပို့လာတဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer-BioNTech ဆေးဝါးတွေ ဒီကနေ့ စနေနေ့မှာ ပထမဆုံး လက်ခံရရှိပါတယ်။

ဥရောပတခွင်လုံး ပထမဆုံး ကာကွယ်ဆေးထိုးမယ့် သတ်မှတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လူအိုရုံ ၂ ရုံမှာ ကာကွယ်ဆေး စထိုးနှံမှာဖြစ်ပါတယ်။

ပြင်သစ်မှာ လူပေါင်း ၂.၆ သန်းကျော် COVID-19 ကူးစက်ခံနေရပြီး ကိုဗစ်ကြောင့် လူပေါင်း ၆၂,၅၀၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။

အခုဖြစ်ပွားလာနေတဲ့ ဗြိတိန်မှာတွေ့ရှိတဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကြောင့် ဗြိတိန်မှောနထိုင်သူတွေကို ကမ္ဘာတလွှား ခရီးသွားလာမှုတွေကို ထိန်းချုပ်ထားပေမယ့် ပြင်သစ်မှာ ပထမဆုံး ဒီပိုးသစ်ကူးစက်မှု စမ်းသပ်စစ်ဆေးတွေ့ရှိတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

COVID-19 ရောဂါကာကွယ်ဆေးဝါး Pfizer-BioNTech ရိုမေးနီးယားနိုင်ငံ မြို့တော် Bucharest ကိုလည်း ဒီကနေ့ စနေနေ့မှာ ဆိုက်ရောက်လာပြီး စစ်တပ်ပိုင်အဆောက်အဦးထဲမှာ သိမ်းဆည်းထားပါတယ်။ ဥရောပမှာ ကာကွယ်ဆေး စထိုးနှံကြမယ့် တနင်္ဂနွေနေ့မှာပဲ နိုင်ငံတဝန်းက ဆေးရုံ ၉ ရုံမှာ ကာကွယ်ဆေးထိုးမယ့် အစီအစဉ် စကြမှာပါ။

ရုရှားမှာတော့ အသက် ၆၀ အထက်တွေအတွက် COVID-19 ကာကွယ်ဆေး Sputnik V ထိုးပေးမယ့် အစီအစဉ် စနေနေ့မှာ အတည်ပြုခွင့်ပြုလိုက်ပြီလို့ ရုရှားကျန်းမာရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံတဝန်းမှာတော့ လူပေါင်း ၃ သိန်း ကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာကို ကူးစက်မှုအသစ် ၂၉,၂၀၀ ကျော်တွေ့ရှိပြီး လူပေါင်း ၅၆၀ ကိုဗစ်ကြောင့် အသက်ဆုံးခဲ့ရပါတယ်။

ဗြိတိန်မှာ အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ဟာ မူလပိုးထက်ကို ပိုပြီး ကူးစက်လွယ်ပြီး မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နေတဲ့အတွက် ဗြိတိန်ကနေ ခရီးသွားမယ့်သူတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ထားတယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်မှာတော့ ဗြိတိန်က ဆိုက်ရောက်လာတဲ့ ခရီးသွားတွေ မထွက်ခွာခင် ကိုဗစ်ပိုးရှိမရှိ မဖြစ်မနေ စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်တဲ့ ဒီညွှန်ကြားချက် လာမယ့်တနင်္လာနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးဟာ လူသားအားလုံးအတွက် ဖြစ်စေရမယ်၊ ပြိုင်ဆိုင်မှုတွေ မလုပ်ကြဘဲနဲ့ ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း နိုင်ငံရေးသမားတွေ နိုင်ငံခေါင်းဆောင်တွေနဲ့ စီးပွားရေးဦးဆောင်သူတွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။

အစ္စရေးလ်မှာတော့ တနင်္ဂနွေနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး တနိုင်ငံလုံး အတိုင်းအတာနဲ့ တတိယအကြိမ်မြောက် Lockdown ချလိုက်မှာ ဖြစ်ပါတယ်။ ဒီကန့်သတ်မှုဟာ အနည်းဆုံး သီတင်း ၂ ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG