သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid ကူးစက္မႈ ဟန္႔တားေရးစည္းမ်ဥ္းသစ္ ဂ်ာမနီမွာ စတင္ၿပီ


ဂ်ာမဏီအမ်ိဳးသား ျပည္သူ႔က်န္းမာေရးဌာန Robert Koch အင္စတီက်ဳ႕ အႀကီးအကဲ Lothar Wieler (ဒီဇင္ဘာလ၊၂၂၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ဂ်ာမနီနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းနဲ႔ အေသအေပ်ာက္ႏႈန္းျမင့္တက္လာကို ဟန္႔တားဖို႔ အသစ္ခ်မွတ္လိုက္တဲ့ တင္းၾကပ္တဲ့စည္းမ်ဥ္း ကန္႔သတ္ခ်က္ေတြ မေန႔ ဗုဒၶဟူးေန႔ကစလို႔ အသက္ဝင္ၿပီျဖစ္ပါတယ္။

ၿဗိတိန္မွာလတ္တေလ ာ ျဖစ္ပြါးေနတဲ့ ပုံမွန္ထက္ကူးစက္လြယ္တဲ့ ဗီဇဖြဲ႕စည္းပုံ ဆင့္ကဲေျပာင္း ကိုရိုနာဗိုင္းရပ္စ္ပိုးအသစ္က ဂ်ာမနီနိုင္ငံမွာလည္း ရွိေကာင္းရွိေနနိုင္တယ္လို႔ အမ်ိဳးသား ျပည္သူ႔က်န္းမာေရး ဌာန Robert Koch အင္စတီက်ဳ႕ အႀကီးအကဲ Lothar Wieler က ေျပာပါတယ္။

ဒါေပမဲ့ ဒီ ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္တဲ့ သူရွိတယ္လို႔ေတာ့ မၾကားမိေသးဘူးလို႔ သူကအဂၤါေန႔တုန္းကသတင္းေထာက္ေတြကို ေျပာပါတယ္။

"ဗီဇဖြဲ႕စည္းပုံဆင့္ကဲေျပာင္း ဒီ ဗိုင္းရပ္နဲ႔ ပတ္သက္လို႔ ထူးထူးျခားျခား ဘာေတြ ရွိသလဲဆိုတာကို အခုအထိ ေလ့လာသုံးသပ္ အကဲျဖတ္တာေတြ မလုပ္ရေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ သတိထား ေစာင့္ၾကည့္ေနပါတယ္" ။ လို႔လည္း သူကေျပာပါတယ္။

ဒီ ဗီဇေျပာင္းေရာဂါပိုးကို စက္တင္ဘာလတုန္းက ၿဗိတိန္မွာ ပတမေတြ႕တာကိုသိရၿပီး ေနာက္ပိုင္း နယ္သာလန္နဲ႔ ဒိန္းမတ္နိုင္ငံေတြမွာလည္း ေတြ႕ရတယ္လို႔ သူကေျပာပါတယ္။ ဒါေၾကာင့္ ဂ်ာမနီမွာလည္း မေတြ႕ေသးေပမဲ့ ရွိေနနိုင္ေျခသိပ္ကိုျမင့္မားေနတယ္လို႔ Lothar Wieler က ေျပာပါတယ္။

ၿဗိတိန္မွာ အခုလို ဗီဇေျပာင္းကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေနတာေၾကာင့္ နိုင္ငံအေတာ္မ်ားမ်ားက ၿဗိတိန္က ေလေၾကာင္းခရီးစဥ္ေတြကို တားျမစ္လိုက္ပါတယ္။ ဒီ ေရာဂါပိုးမ်ိဳးကြဲက ကူးစက္တာပိုျမန္ေပမဲ့ ပိုျပင္းထန္ၿပီး ပိုအႏၲရာယ္မ်ားတယ္လို႔ေတာ့ သက္ေသျပနိုင္စရာ အေၾကာင္းအခ်က္မရွိေသးဘူးလို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ WHO တာဝန္ရွိသူေတြက တနလၤာေန႔ကေျပာပါတယ္။

ဗိုင္းရပ္စ္ပိုး ဗီဇေျပာင္းတာက ျဖစ္ေလ့ရွိတာမို႔ အေကာင္းဆုံးနည္းလမ္းက ဆက္ၿပီး မကူးစက္ေအာင္တားဆီးရမယ့္နည္းပဲျဖစ္တယ္လို႔လည္း သူတို႔ကေျပာပါတယ္။

Pfizer နဲ႔ BioNTech ရဲ့ COVID 19 ကာကြယ္ေဆးကိုဥေရာပမွာ သုံးစြဲဖို႔ ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ဥေရာပ ေဆးပညာ ေအဂ်င္စီအဖြဲ႕ (EMA) က ကနဦး ခြင့္ျပဳခ်က္ေပးထားၿပီး လာမယ့္ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ ေဆးစတင္ထိုးႏွံေပးနိုင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနဲ့ အသေအပျောက်နှုန်းမြင့်တက်လာကို ဟန့်တားဖို့ အသစ်ချမှတ်လိုက်တဲ့ တင်းကြပ်တဲ့စည်းမျဉ်း ကန့်သတ်ချက်တွေ မနေ့ ဗုဒ္ဓဟူးနေ့ကစလို့ အသက်ဝင်ပြီဖြစ်ပါတယ်။

ဗြိတိန်မှာလတ်တလေ ာ ဖြစ်ပွါးနေတဲ့ ပုံမှန်ထက်ကူးစက်လွယ်တဲ့ ဗီဇဖွဲ့စည်းပုံ ဆင့်ကဲပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်က ဂျာမနီနိုင်ငံမှာလည်း ရှိကောင်းရှိနေနိုင်တယ်လို့ အမျိုးသား ပြည်သူ့ကျန်းမာရေး ဌာန Robert Koch အင်စတီကျု့ အကြီးအကဲ Lothar Wieler က ပြောပါတယ်။

ဒါပေမဲ့ ဒီ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ သူရှိတယ်လို့တော့ မကြားမိသေးဘူးလို့ သူကအင်္ဂါနေ့တုန်းကသတင်းထောက်တွေကို ပြောပါတယ်။

"ဗီဇဖွဲ့စည်းပုံဆင့်ကဲပြောင်း ဒီ ဗိုင်းရပ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား ဘာတွေ ရှိသလဲဆိုတာကို အခုအထိ လေ့လာသုံးသပ် အကဲဖြတ်တာတွေ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သတိထား စောင့်ကြည့်နေပါတယ်" ။ လို့လည်း သူကပြောပါတယ်။

ဒီ ဗီဇပြောင်းရောဂါပိုးကို စက်တင်ဘာလတုန်းက ဗြိတိန်မှာ ပတမတွေ့တာကိုသိရပြီး နောက်ပိုင်း နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာလည်း တွေ့ရတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် ဂျာမနီမှာလည်း မတွေ့သေးပေမဲ့ ရှိနေနိုင်ခြေသိပ်ကိုမြင့်မားနေတယ်လို့ Lothar Wieler က ပြောပါတယ်။

ဗြိတိန်မှာ အခုလို ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကြောင့် နိုင်ငံအတော်များများက ဗြိတိန်က လေကြောင်းခရီးစဉ်တွေကို တားမြစ်လိုက်ပါတယ်။ ဒီ ရောဂါပိုးမျိုးကွဲက ကူးစက်တာပိုမြန်ပေမဲ့ ပိုပြင်းထန်ပြီး ပိုအန္တရာယ်များတယ်လို့တော့ သက်သေပြနိုင်စရာ အကြောင်းအချက်မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တာဝန်ရှိသူတွေက တနင်္လာနေ့ကပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ဗီဇပြောင်းတာက ဖြစ်လေ့ရှိတာမို့ အကောင်းဆုံးနည်းလမ်းက ဆက်ပြီး မကူးစက်အောင်တားဆီးရမယ့်နည်းပဲဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

Pfizer နဲ့ BioNTech ရဲ့ COVID 19 ကာကွယ်ဆေးကိုဥရောပမှာ သုံးစွဲဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဥရောပ ဆေးပညာ အေဂျင်စီအဖွဲ့ (EMA) က ကနဦး ခွင့်ပြုချက်ပေးထားပြီး လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆေးစတင်ထိုးနှံပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG