(Zawgyi / Unicode)
ၿဗိတိန္က ကူးစက္ျမန္ ကို႐ုိနာဗိုင္းရပ္စ္ ပိုးသစ္ေၾကာင့္ စေကာ့တလန္နဲ႔ အိုင္ယာလန္ေျမာက္ပိုင္း အပါအဝင္ ေဒသတြင္းေနထုိင္သူ သန္းေပါင္းမ်ားစြာအတြက္ တင္းက်ပ္တဲ့ အသြားအလာ ကန္႔သတ္မႈေတြ ထုတ္ျပန္ထားပါတယ္။
အိုင္ယာလန္ေျမာက္ပိုင္းမွာ သီတင္း ၆ ပတ္ Lockdown ခ် ကန္႔သတ္လိုက္သလို ခရစၥမတ္ေန႔အတြက္ တင္းက်ပ္မႈ ေလွ်ာ့ခ်ေပးထားတဲ့ Wales မွာလည္း ကန္႔သတ္မႈေတြ ျပန္ခ်လိုက္ပါတယ္။
လန္ဒန္ၿမိဳ႕ေတာ္နဲ႔ ဝန္းက်င္ေဒသ အပါအဝင္ ၿဗိတိန္မွာ စေနေန႔ကစၿပီး ကန္႔သတ္မႈ အဆင့္ ၄ ျဖစ္တဲ့ အတင္းက်ပ္ဆံုးအဆင့္ကို တိုးျမႇင့္ထားတာ ျဖစ္ပါတယ္။
မသြားမျဖစ္ သြားလာရမယ့္ သူေတြအတြက္ ခရီးသြားပါမစ္နဲ႔သာ သြားလာခြင့္ရွိသလို ေနအိမ္ေတြမွာ စုေဝးခြင့္မရွိဘဲ အားကစားေလ့က်င့္႐ုံေတြ၊ ဆံသဆိုင္ေတြနဲ႔ မဖြင့္မျဖစ္ ဖြင့္ရမယ့္ဆိုင္ေတြမွအပ က်န္ေစ်းဆိုင္အားလံုးကိုပါ ပိတ္ခိုင္းထားတာ ျဖစ္ပါတယ္။ စားေသာက္ဆိုင္ေတြမွာလည္း ဆိုင္တြင္းစားေသာက္ခြင့္ မျပဳပါဘူး။
ၿဗိတိန္မွာ ခရစၥမတ္တရက္တည္း ေနာက္ထပ္ကူးစက္ခံရသူ ၃၀,၀၀၀ ေက်ာ္ ရွိခဲ့တာပါ။ ၿဗိတိန္က ကူးစက္ျမန္ဗိုင္းရပ္စ္ပိုးသစ္အတြက္ စိုးရိမ္မႈေတြ တိုးလာတဲ့ေနာက္ပိုင္း ၿဗိတိန္နဲ႔ အသြားအလာရွိတဲ့ နယ္စပ္ေတြကို သက္ဆိုင္ရာ ႏိုင္ငံေတြက ပိတ္ပစ္ခဲ့ၾကသလို ေလေၾကာင္းအဝင္အထြက္ေတြကိုပါ ကန္႔သတ္လာၾကတာ ျဖစ္ပါတယ္။
---------------------------
(Unicode)
ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် ဗြိတိန်အနှံ့ တားဆီးကန့်သတ်မှု အဆင့်မြှင့်
ဗြိတိန်က ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကြောင့် စကော့တလန်နဲ့ အိုင်ယာလန်မြောက်ပိုင်း အပါအဝင် ဒေသတွင်းနေထိုင်သူ သန်းပေါင်းများစွာအတွက် တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ထုတ်ပြန်ထားပါတယ်။
အိုင်ယာလန်မြောက်ပိုင်းမှာ သီတင်း ၆ ပတ် Lockdown ချ ကန့်သတ်လိုက်သလို ခရစ္စမတ်နေ့အတွက် တင်းကျပ်မှု လျှော့ချပေးထားတဲ့ Wales မှာလည်း ကန့်သတ်မှုတွေ ပြန်ချလိုက်ပါတယ်။
လန်ဒန်မြို့တော်နဲ့ ဝန်းကျင်ဒေသ အပါအဝင် ဗြိတိန်မှာ စနေနေ့ကစပြီး ကန့်သတ်မှု အဆင့် ၄ ဖြစ်တဲ့ အတင်းကျပ်ဆုံးအဆင့်ကို တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
မသွားမဖြစ် သွားလာရမယ့် သူတွေအတွက် ခရီးသွားပါမစ်နဲ့သာ သွားလာခွင့်ရှိသလို နေအိမ်တွေမှာ စုဝေးခွင့်မရှိဘဲ အားကစားလေ့ကျင့်ရုံတွေ၊ ဆံသဆိုင်တွေနဲ့ မဖွင့်မဖြစ် ဖွင့်ရမယ့်ဆိုင်တွေမှအပ ကျန်ဈေးဆိုင်အားလုံးကိုပါ ပိတ်ခိုင်းထားတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ဆိုင်တွင်းစားသောက်ခွင့် မပြုပါဘူး။
ဗြိတိန်မှာ ခရစ္စမတ်တရက်တည်း နောက်ထပ်ကူးစက်ခံရသူ ၃၀,၀၀၀ ကျော် ရှိခဲ့တာပါ။ ဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ်ပိုးသစ်အတွက် စိုးရိမ်မှုတွေ တိုးလာတဲ့နောက်ပိုင်း ဗြိတိန်နဲ့ အသွားအလာရှိတဲ့ နယ်စပ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက ပိတ်ပစ်ခဲ့ကြသလို လေကြောင်းအဝင်အထွက်တွေကိုပါ ကန့်သတ်လာကြတာ ဖြစ်ပါတယ်။